အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

မြ၀တီ-ဝေါ်လေ လမ်းမကို ပြန်ထိန်းချုပ်ဖို့ စစ်ကြောင်း ၃ခုနဲ့ စစ်တပ်ထိုးစစ်ဆင်နေ

ထိုင်း-မြန်မာနယ်စပ်က ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းကို အာဏာသိမ်းစစ်တပ်က ပြန်ထိန်းချုပ်ဖို့ စစ်ကြောင်း ၃ခုနဲ့  မြေပြင်ကနေ အပြင်းအထန် ထိုးစစ်ဆင်နေတယ်လို့ မြေပြင် စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။ 

ခန့်မှန်း အင်အား ၃၀၀ လောက်ရှိတဲ့ စစ်ကြောင်း ၃ခုဟာ မြ၀တီမြို့တောင်ဘက် 

မေတ္တာလင်းမြိုင်၊ လေးကေကော်မြို့သစ်အနီး ကျောက်ဂူနဲ့ ပဟိကလော ကျေးရွာအနီးတဝိုက်တွေမှာ ထိုးစစ်ဆင်နေတာပါ။ 

လက်ရှိမှာတော့ အာဏာသိမ်းစစ်တပ်ရဲ့ တပ်ဖွဲ့ဝင်တွေဟာ လေးကေကော်မြို့သစ်ထဲကို ရောက်ရှိနေပြီး တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေပါတယ်။ 

ကိုလှိုင်း/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button