လာအိုနိုင်ငံအလယ်ပိုင်း ဆိုင်စုံဘွန်း (Xaysomboun) ပြည်နယ်ထဲက လိုဏ်ဂူကြီးတစ်ခုအတွင်းမှာ ပိတ်မိနေတဲ့ ရွှေတူးသမား ၇ ဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေကစပြီး ပိတ်မိနေခဲ့ကြပါတယ်။
သူတို့ ဂူထဲကို ဝင်ပြီးသွားတဲ့နောက်မှာ ရေကြီးလို့ မြေပြိုပြီး ပိတ်မိနေခဲ့ကြတာ ဖြစ်ပါတယ်။
သူတို့ကို အခုသွားရောက် ကယ်ဆယ်နေသူတွေထဲမှာ ၂၀၁၈ ခုနှစ်တုန်းက ထိုင်းနိုင်ငံ၊ ချင်းရိုင်ပြည်နယ်က “ထန်လွန်း (Tham Luang)” လိုဏ်ဂူထဲမှာ ရက်အတော်ကြာ ပိတ်မိခဲ့တဲ့ “တောဝက်ဘောလုံးအသင်း” က ကလေးတွေကို ကယ်တင်ခဲ့တဲ့ ကယ်ဆယ်ရေးသမားတွေလည်း ပူးပေါင်း ပါဝင်နေပါတယ်။
သူတို့ဟာ အဲဒီတုန်းက ဂူထဲမှာ ရက်သတ္တပတ် နှစ်ပတ်ကျော်ကြာ ပိတ်မိနေခဲ့တဲ့ လူငယ်ဘောလုံးသမား ၁၂ ယောက်နဲ့ သူတို့ရဲ့ နည်းပြကို ဘေးကင်းစွာနဲ့ ကယ်ထုတ်နိုင်ခဲ့တဲ့သူတွေ ဖြစ်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



