အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့်ကိစ္စဟာ တရုတ်နဲ့ ဆွေးနွေးမှုတွေမှာ ‘ကိုင်ဖဲ’ တစ်ချပ်လို့ ထရမ့် ပြော

တရုတ်နိုင်ငံနဲ့ ဆွေးနွေး ညှိနှိုင်းမှုတွေ လုပ်ရာမှာ   ထိုင်ဝမ်ကို လက်နက်ရောင်းချမယ့် အစီအစဉ်ဟာ ‘အပေးအယူလုပ်စရာ ဖဲချပ်တစ်ခု’ ဖြစ်လာနိုင်တယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်က  တရုတ်နိုင်ငံကို  သွားရောက်ခဲ့တဲ့ ခရီးစဉ်အတွင်း အမေရိကန်အနေနဲ့ ထိုင်ဝမ်ကို မထောက်ပံ့ဖို့ ထရမ့်ကို ဖိအားပေးခဲ့တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့အပြီး ထရမ့်က  Fox News နဲ့ အင်တာဗျူးမှာ အခုလိုပြောခဲ့သလို    Air Force One လေယာဉ်ပေါ်မှာလည်း အလားတူ ပြောခဲ့ပါတယ်။ ထရမ့်ရဲ့ အခုလို ပြောဆိုမှုအ‌ပေါ် ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်က  “ထိုင်ဝမ်ရဲ့ အနာဂတ်ကို ပြင်ပအင်အားစုတွေက ဆုံးဖြတ်လို့ မရသလို၊ ကြောက်ရွံ့မှု၊ သွေးခွဲမှု ဒါမှမဟုတ် ရေတိုအကျိုးစီးပွားတွေရဲ့ ဓားစာခံအဖြစ်လည်း အသုံးချလို့ ရမှာ မဟုတ်ကြောင်း မေလ ၂၀ ရက်က သူ့ရဲ့ သမ္မတသက်တမ်း ဒုတိယမြောက်နှစ်   အထိမ်းအမှတ် မိန့်ခွန်းမှာ တုံ့ပြန် ပြောဆိုခဲ့ပါတယ်။

သမ္မတဒေါ်နယ်ထရမ့်ကလည်း  ထိုင်ဝမ်သမ္မတ လိုင်ချင်းတယ်နဲ့ စကားပြောဖို့ရှိကြောင်း မေလ ၂၀ ရက်နေ့မှာ သတင်းထောက်တွေရဲ့ မေးမြန်းမှုအပေါ် ပြန်လည် ဖြေကြားခဲ့ပါတယ်။

 ထရမ့်ရဲ့ အခုပြောဆိုချက် ထွက်ပေါ်လာပြီးတဲ့နောက်မှာတော့ ထိုင်ဝမ်သမ္မတက  သူ့အနေနဲ့ အမေရိကန်သမ္မတနဲ့ စကားပြောဖြစ်ရင် ‘ထိုင်ဝမ်ရေလက်ကြားရဲ့ ငြိမ်းချမ်းရေးကို ဖျက်ဆီးနေတာဟာ  တရုတ်နိုင်ငံပဲ ဖြစ်တယ်’ လို့ ပြောဆိုသွားမှာ ဖြစ်တဲ့အကြောင်း ပြောလိုက်ပါတယ်။

အခုအခါ တရုတ်ဘက်က အရှေ့တရုတ်ပင်လယ်နဲ့ တောင်တရုတ်ပင်လယ်တွေမှာ စစ်ရေးအရ လှုပ်ရှားမှုတွေ တိုးချဲ့လာသလို၊ ပစိဖိတ်သမုဒ္ဒရာ အနောက်ဘက်ပိုင်းအထိပါ စစ်ရေးလေ့ကျင့်မှုတွေ လုပ်လာတာကြောင့် ဒီဒေသတွင်းမှာ တင်းမာမှုတွေ မြင့်တက်လာရတာလို့လည်း သမ္မတလိုင်က ပြောပါတယ်။

ဒါပေမယ့် ထရမ့်အနေနဲ့ ထိုင်ဝမ်သမ္မတနဲ့ စကားပြောတဲ့အခါ ဘယ်လိုညှိနှိုင်းမှုတွေ လုပ်သွားမလဲ၊ ရုရှားနဲ့ ယူကရိန်းအရေးမှာလိုပဲ ပြတ်သားရှင်းလင်းမှု မရှိတဲ့ မူဝါဒတွေနဲ့ပဲ ဆက်သွားမလားဆိုတာ စိတ်ဝင်တစား စောင့်ကြည့်ရမယ့် အကြောင်းအရာတစ်ခု ဖြစ်နေပါတယ်။

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button