အမေရိကန် ထောက်လှမ်းရေး အစီရင်ခံစာတွေအရ အီရန်ဟာ ဒရုန်းထုတ်လုပ်မှုတွေ ပြန်စနေပြီး ပျက်စီးသွားခဲ့တဲ့ စစ်ရေးစွမ်းရည်တွေကို မြန်မြန်ဆန်ဆန် ပြန်လည်တည်ဆောက်နေတယ်လို့ သိရပါတယ်။
နောက် ၆ လအတွင်းမှာပဲ ဒရုန်းနဲ့ တိုက်ခိုက်နိုင်စွမ်းကို အပြည့်အဝနီးပါး ပြန်ရနိုင်တယ်လို့ ခန့်မှန်းထားတာကြောင့် အစ္စရေးအပါအဝင် အရှေ့အလယ်ပိုင်းဒေသက မဟာမိတ်နိုင်ငံတွေ စိုးရိမ်နေကြပါတယ်။
တရုတ်နိုင်ငံက အီရန်ကို ဒုံးကျည်ထုတ်လုပ်ရေးဆိုင်ရာ အစိတ်အပိုင်းတွေ ဆက်လက်ထောက်ပံ့နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ထွက်ပေါ်နေပြီး တရုတ်ဘက်ကတော့ ငြင်းဆိုထားပါတယ်။
အီရန် ပြန်အားကောင်းပြီး တင်းမာမှုတွေ ပြန်မြင့်လာနိုင်မလားဆိုတာ ဒီရုပ်သံမှာ ကြည့်ရှုနိုင်ပါတယ်။
Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် /qurium/myanmar-now.org/mm-members.html တွင် ကူညီနိုင်ပါသည်။



