အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သံတွဲနှင့်အမ်း ဗုံးကြဲခံရမှု ၁၆ ဦးသေ၊ ၁၄ ဦးဒဏ်ရာရ 

သံတွဲမြို့နယ်ကို စစ်တပ်က ယခုတစ်လတည်းမှာပင် နှစ်ကြိမ်ဗုံးကြဲခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် သံတွဲမြို့နယ် ငပလီမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်၊ အဆောက်အအုံနှင့် ဘန်ဂလို ၂၀ ခန့်ပျက်စီးခဲ့သည်။

ရခိုင်ပြည်နယ် သံတွဲနှင့် အမ်းမြို့နယ်တို့ကို အာဏာသိမ်းစစ်တပ်က နှစ်ရက်အတွင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၁၆ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရရှိသွားသည်ဟု အာရက္ခတပ်တော် (AA) က ထုတ်ပြန်သည်။

သံတွဲမြို့ တောင်ဘက် မိုင် ၂၀ ခန့်အကွာ ကျောက်ကြီးရွာကို ယမန်နေ့ (ဩဂုတ်လ ၁၀ ရက်) မွန်းလွဲ ၁ နာရီခန့်တွင် စစ်တပ်က ဗုံးကြဲတိုက်ခိုက်ရာ ဘုန်းကြီးကျောင်းအနီးပတ်ဝန်းကျင်ကို ကျရောက်ပေါက်ကွဲပြီး ဒေသခံ ၁၄ ဦး ‌ သေဆုံး၊ ၁၁ ဦးဒဏ်ရာရရှိသွားသည်ဟု AA က ထုတ်ပြန်သည်။ 

သေဆုံးသူများမှာ အသက် ကိုးနှစ်မှ အသက် ၈၈ နှစ်အတွင်းဖြစ်ကြပြီး အမျိုးသမီး ၁၁ ဦးနှင့် အမျိုးသား  သုံးဦးဖြစ်သည်။ ထို့အပြင် အမျိုးသမီးသုံးဦးနှင့် အမျိုးသားရှစ်ဦးလည်း ဒဏ်ရာရရှိသွားပြီး နေအိမ် ၂၁ လုံး ပျက်စီးသွားသည်။

ထိုကျေးရွာကို သုံးကြိမ်ခန့် ဗုံးကြဲချသံကြားလိုက်ရပြီး လူအများထိခိုက်သေဆုံးသွားသည်ဟု သိရကြောင်း၊ ဒေသခံများလည်း စိုးရိမ်ကြောက်လန့်နေကြောင်း သံတွဲမြို့ခံတစ်ဦးက ပြောသည်။

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

“သံတွဲကို နေ့တိုင်းလိုလို ဗုံးကြဲနေတော့ လူတွေစိုးရိမ်နေကြတယ်။ နေလည်းမနေရဲကြတော့ဘူး။ တအားကြောက်နေရတယ်”ဟု ၎င်းက ဆိုသည်။

Myanmar Now အနေဖြင့် ကိုယ်တိုင်ကြုံခဲ့ရသူတို့ကို ဆက်သွယ်မေးမြန်းရာတွင် ဆက်သွယ်ရေး အခက်အခဲများကြောင့် အဆင်မပြေခဲ့ပါ။

လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသည့် ဒေသခံ နေအိမ်နှင့် အဆောက်အဦများ (ပုံ – AA Info Desk)

သံတွဲမြို့နယ်ကို စစ်တပ်က ယခုတစ်လတည်းမှာပင် နှစ်ကြိမ်ဗုံးကြဲခြင်းဖြစ်သည်။ ပြီးခဲ့သည့် သီတင်းပတ်တွင် သံတွဲမြို့နယ် ငပလီမြို့ကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံနှစ်ဦး ဒဏ်ရာရရှိခဲ့ကာ နေအိမ်၊ အဆောက်အအုံနှင့် ဘန်ဂလို ၂၀ ခန့် ပျက်စီးခဲ့သည်ဟု သိရသည်။ 

အမ်းနှင့် ပလက်ဝကိုလည်း တိုက်ခိုက်

ပြီးခဲ့သည့် စနေနေ့ (သြဂုတ်လ ၈ ရက်) ညပိုင်းတွင် အမ်းမြို့နယ် တလိုင်းတောင်ရွာကို ဗုံးကြဲတိုက်ခိုက်ခဲ့‌သဖြင့်  နှစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရသွားသလို AA သိမ်းထားသည့် ချင်းပြည်နယ် ပလက်ဝမြို့ကိုလည်း ယနေ့ (သြဂုတ်လ ၁၁ ရက်) တွင် ဗုံးကြဲတိုက်ခိုက်သောကြောင့် အလယ်တန်းကျောင်းသူနှစ်ဦး ဒဏ်ရာရရှိသွားသည်။ 

စစ်တပ်သည် မြေပြင်စစ်ပွဲများတွင် အထိအခိုက်အကျအဆုံးများပြားနေ‌သဖြင့် လေကြောင်းတိုက်ခိုက်မှုများကို အရှိန်မြှင့်လျက်ရှိသည်ဟု AA တာဝန်ရှိသူများကဆိုသည်။ 

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားကို လက်လွှတ်ထားရသည့် စစ်တပ်သည် ရခိုင်ပြည်နယ်ကို ထိုးဖောက်ဝင် ရောက်နိုင်ရန်အတွက် ဧရာဝတီတိုင်းမှတဆင့် ချဥ်းကပ်နေရာ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည်။ ရခိုင်ပြည်နယ်တောင်ပိုင်းနှင့် ထိစပ်နေသည့် ဧရာဝတီတိုင်း ရေကြည်မြို့နယ်တွင် စစ်တပ်စခန်းသုံးခုထက် မနည်းကို သိမ်းပိုက်ထားကြောင်း AA က ထုတ်ပြန်သည်။ တဖက်တွင်လည်း စစ်တပ်သည် AA ထိန်းချုပ်ထားသည့် ရခိုင်မြို့နယ်များကို နေ့စဥ်နီးပါး ဗုံးကြဲတိုက်ခိုက်လျက်ရှိသည်။

စစ်တပ်၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဇူလိုင်တစ်လတည်းမှာပင် ဒေသခံ ၂၁ ဦးသေဆုံး၊ ၇၆ ဦးဒဏ်ရာရရှိခဲ့ ကြောင်း Myanmar Now က မှတ်တမ်းတင်ထားသည်။ ထို့အပြင် ပြီးခဲ့သည့် ဇန်နဝါရီလမှ ဇွန်လအထိ စစ်တပ် တိုက်ခိုက်မှုကြောင့် ဒေသခံ ၈၃ ဦး‌သေဆုံး၊ ၁၈၇ ဦးဒဏ်ရာရရှိကြောင်း AA ထုတ်ပြန်ချက်အရ သိရသည်။

AA သည် ရခိုင်ပြည်နယ် ၁၇ မြို့နယ်တွင် ၁၄ မြို့နယ်ကိုလည်းကောင်း၊​ ချင်းပြည်နယ် တောင်ပိုင်း ပလက်ဝ မြို့ကိုလည်းကောင်း သိမ်းပိုက်ထားသည်။ ပြည်နယ်တွင်း လက်ကျန်မြို့နယ်သုံးခုအနက် စစ်တွေနှင့် ကျောက်ဖြူတို့တွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိရာ တိုက်ပွဲမရှိသည့်မြို့မှာ မာန်အောင်တစ်မြို့သာ ကျန်ရှိတော့သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button