အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်သုံ့ပန်းများကိုခေါ်ထုတ် ထွက်ပြေးသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် သုံ့ပန်းအများစု ပြန်ဖမ်းမိ

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏အကျဉ်းစခန်းတခုမှ စစ်သုံ့ပန်းများကို ခေါ်ထုတ်၍ စစ်တပ်နှင့်ပူးပေါင်းရန်ကြိုးစားသည့်  တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် စစ်သုံ့ပန်းအများစုကို ပြန်လည်ဖမ်းမိပြီဟု ဒေသတွင်း တော်လှန်ရေးတပ်များထံက သိရသည်။

မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏အကျဉ်းစခန်းတခုမှ စစ်သုံ့ပန်းများကို ခေါ်ထုတ်၍ စစ်တပ်နှင့် ပူးပေါင်းရန်ကြိုးစားသည့်  တော်လှန်ရေးတပ်ဖွဲ့ဝင်နှင့် သုံ့ပန်းအများစုကို ပြန်လည်ဖမ်းမိပြီဟု ဒေသတွင်း တော်လှန်ရေးတပ်များထံက သိရသည်။

မကွေးတိုင်းဆေးတပ်ဖွဲ့မှ ရဲဘော်ဖိုးသားသည် ပြီးခဲ့သည့်အောက်တိုဘာလ ၂၁ ရက်က ကင်းတာဝန်ကျစဉ် စစ်သုံ့ပန်း ၁၃ ဦးကို ခေါ်ထုတ်သွားပြီး အခြား PDF သုံးဦးကိုလည်း ဓားစာခံအဖြစ် ဖမ်းဆီးသွားသည်ဟု ဒေသတွင်းတော်လှန်ရေးတပ်များက ဆိုသည်။ 

ရဲနှင့်စစ်သားများပါဝင်သည့် အဆိုပါသုံ့ပန်းများကို ပြီးခဲ့သည့်ဇွန်လအတွင်းက ပခုက္ကူမြို့နယ် ဧရာဝတီမြစ်ကမ်းဘေးရှိ မြစ်ခြေမြို့ ရဲစခန်းတိုက်ပွဲတွင် NUG ၏တပ်များက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

သုံ့ပန်းများကို ခေါ်ထုတ်သွားသည့် မကွေးတိုင်းဆေးတပ်ဖွဲ့မှ ရဲဘော်ဖိုးသားကို အောက်တိုဘာလ ၂၆ ရက်တွင် NUG တပ်များက ပြန်ဖမ်းမိခဲ့ပြီး ၎င်းခေါ်ထုတ်သွားသည့် စစ်သုံ့ပန်း ၁၃ ဦးအနက် ၁၀ ဦးကိုလည်း ပြန်ဖမ်းမိထားသည်ဟုသိရသည်။ 

သတင်းလွတ်လပ်ခွင့်ကို ကူညီပါ အမှန်တရား ကိုထုတ်ဖော်နိုင်ရန်အတွက်သင်၏ ပါဝင်ကူညီမှုသည် အရေး ပါပါသည်။
ပါဝင်လိုက်ပါ လိုသလိုအချိန်မရွေး ဖျက်သိမ်းနိုင်ပါသည်။​

ဓားစာခံအဖြစ် ဖမ်းဆီးခံထားရသည့် PDF သုံးဦးကိုလည်း ပြန်လည်ကယ်ထုတ်နိုင်ပြီး လွတ်မြောက်နေဆဲကျန် စစ်သုံ့ပန်း သုံးဦးကို ဆက်လက်ရှာဖွေနေသည်ဟုလည်း အမည်မဖော်လိုသည့် ဒေသတွင်း စစ်ရေးသတင်းရင်းမြစ်များ က ဆိုသည်။

ထို့အတူဘက်ပြောင်းခိုလှုံရန်ကြိုးစားသည့် ရဲဘော်ဖိုးသား၏ မိခင်တပ်ဖွဲဖြစ်သည့် မကွေးတိုင်းဆေးတပ်ဖွဲ့သည်  မည်သည့်တပ်၏ ကွပ်ကဲမှုအောက်တွင်ရှိသည်ကိုလည်း Myanmar Now က စုံစမ်းနေဆဲဖြစ်သည်။

တော်လှန်ရေးအင်အားစုများ ဖမ်းဆီးထိန်းသိမ်းထားသည့်စစ်သုံ့ပန်းများ အစုလိုက်အပြုံလိုက် ထွက်ပြေးမှုမှာ ပေါက်ဖြစ်စဉ်အပါအဝင် ယခုနှစ်ပိုင်းအတွင်း သုံးကြိမ်ထက်မနည်းရှိလာသည်။ 

ပြီးခဲ့သည့် စက်တင်ဘာလ တတိယပတ်ကလည်း ချင်းပြည်နယ် တီးတိန်မြို့နယ်တွင် PDF Zoland က ဖမ်းဆီးထားသည့် စစ်သုံ့ပန်း ၈၀ ကျော်ထွက်ပြေးလွတ်မြောက်သွားပြီးနောက် အချို့ကို ပြန်လည်ဖမ်းဆီးရမိခဲ့သော်လည်း အချို့မှာမူ အမှတ် (၂၆၉) ခြေလျင်တပ်ရင်းသို့ ထွက်ပြေး လွတ်မြောက်သွားခဲ့သည်။ 

ထို့အပြင် ဇန်နဝါရီလကလည်း ကယား (ကရင်နီ) ပြည်နယ် မယ်စဲ့အကျဉ်းထောင်တွင် ဖမ်းဆီးထားသည့် စစ်သုံ့ပန်းအများစုအပါအဝင် အကျဉ်းသား ၈၀ ကျော်ထောင်ဖောက်ပြေးခဲ့သည်။ ဝန်ထမ်းလိုအပ်ချက်အရ ပြစ်ဒဏ်ကျခံပြီးသည့် ရဲတပ်ဖွဲ့ဝင်ဟောင်းနှစ်ဦးကို ထောင်စောင့်အဖြစ် ပြန်လည်ခန့်အပ်ထားရာ ၎င်းတို့၏အကူအညီဖြင့် ထောင်ဖောက်ပြေးခဲ့ခြင်းဖြစ်ပြီး အချို့ကိုသာ ပြန်လည်ဖမ်းမိခဲ့သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles