Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆောမြို့မရဲစခန်းမှ ရဲနှစ်ဦး လက်နက်ခဲယမ်းအပြည့်အစုံဖြင့် ပြည်သူ့ရင်ခွင်ခိုလှုံ

အာဏာလုစစ်​ကောင်စီအမိန့်ဆန်ကျင်ပြီး ပြည်သူနှင့်ပူး​ပေါင်းလာ​သောစစ်သားနှင့်ရဲ တစ်​သောင်းခွဲမှ နှစ်​သောင်းအတွင်းရှိ​လာပြီဖြစ်ပြီး အများစုမှရဲတပ်ဖွဲ့ဝင်များဖြစ်​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရကထုတ်ပြန်ထားသည်။

(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောရဲနှစ်ဦး။ ဓါတ်ပုံ-​ဆော ပအဖ)

ဆောမြို့နယ်၊ ဆောမြို့မရဲစခန်းမှရဲတပ်သားနှစ်ဦးလက်နက်ခဲယမ်းအပြည့်အစုံဖြင့် ဆောတိုက်နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နှင့် ဆောမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ)ထံ CDM ပြုလုပ်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာ​ကြောင်း​ဆောမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကထုတ်ပြန်သည်။

(လက်နက်ခဲယမ်းအပြည့်အစုံဖြင့်ပြည်သူ့ရင်ခွင်ခိုလှုံလာ​သောရဲနှစ်ဦး။ ဓါတ်ပုံ-​ဆော ပအဖ)

ပြည်သူ့ရင်ခွင်ခိုလှုံ့လာ​သောရဲနှစ်ဦးသည် ​သေနတ် ၂ လက် ဗုံးသီး နှစ်လုံး ၊ကျည်​တောင့်​ပေါင်းရာနှင့်ချီ၍ ယူ​ဆောင်လာသည်ကို သတင်းထုတ်ပြန်ချက်ဓါတ်ပုံတွင်​တွေ့ရသည်။

“လောလောဆယ် လုံခြုံတဲ့နေရာမှာထားထားပါတယ်ဗျ။ကျွန်တော်တို့နဲ့ပူးပေါင်းပြီး ပြန်တိုက်ဖို့တော့လောလောဆယ်မရှိသေးပါဘူးဗျ” ဟု​ဆော ပအဖ မှတာန်ရှိသူက​ပြောသည်။

အဆိုပါရဲတပ်သားနှစ်ဦးအား လှုံခြုံစိတ်ချရသည့်နယ်မြေတွင်ထားရှိပြီးထိုက်သင့်သည့်ဆုကြေးငွေများလည်း ချီးမြှင့်ရန်စီစဥ်လျှက်ရှိ​ကြောင်းလည်းအသိ့​ပေးသည်။

ထို့ကြောင့် မိဘပြည်သူများအနေနှင့် ၅၀၀၊ ၁၀၀၀ မှအစ တတ်အားသမျှဂုဏ်ပြုငွေထည့်ဝင်ပေးကြပါရန် ဆောပအဖမေတ္တာရပ်ခံထားသည်။

အာဏာလုစစ်​ကောင်စီအမိန့်ဆန်ကျင်ပြီး ပြည်သူနှင့်ပူး​ပေါင်းလာ​သောစစ်သားနှင့်ရဲ တစ်​သောင်းခွဲမှ နှစ်​သောင်းအတွင်းရှိ​လာပြီဖြစ်ပြီး အများစုမှရဲတပ်ဖွဲ့ဝင်များဖြစ်​ကြောင်း အမျိုးသားညီညွတ်​ရေးအစိုးရကထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ပြည်သူများအနေဖြင့် လက်ရှိကာလ၌ ဒုက္ခမျိုးစုံဖြင့် ဖြတ်သန်းနေရသည့်တိုင် တော်လှန်ရေး အနှေးနှင့်အမြန် အောင်မြင်မှု ဆွတ်ခူးပေးမည့် ရဲဘော်များအတွက် အားဖြည့်ပါဝင်ပေးကြရန် အလေးအနက် အကူအညီတောင်းခံကြောင်း ပလက်၀ CDFက ထုတ်ပြန်သည်။

သတင်း

တပ်ကြပ်ကြီး သန်းနိုင်စိုးနှင့်အတူ MA 1 သေနတ် တစ်လက်၊ ကျည်အိမ် ၄ ခု၊ ကျည်တောင့် ၂၂၈ တောင့်နှင့်အတူ အကြမ်းဖက် စစ်ကောင်စီ၏ ယုတ်မာမှုများအပေါ် ဆက်လက် ပါဝင် ပူးပေါင်းနိုင်ခြင်း မရှိတော့ခြင်းကြောင့် ပြည်သူထံ အလင်းဝင်လာခဲ့ခြင်း ဖြစ်သည်ဟု​ဖော်ပြထားသည်။

သတင်း

တိုက်ပွဲ ဖြစ်စဥ်မှာ ယမန်နေ့ နေ့လည် ၁၂ နာရီခန့် ကစတင်ခဲ့ပြီး စစ်ကောင်စီတပ်သားအများစုမှာ အပြင်မထွက်ရဲဘဲ စခန်းအတွင်း၌သာ နေရာယူပြန်လည်ခုခံခဲ့ပြီး စခန်းအပြင်ထွက်လာသူနှစ်ဦးကိုမူရှင်းလင်းနိုင်ခဲ့သည်ဟု ​ဖော်ပြထားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်ကို စွန့်ခွာသူနှစ်ဦးသည် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန(MOD)နှင့် ကချင်နိုင်ငံရေးဆိုင်ရာကြားကာလညှိနှိုင်း​ရေးအဖွဲ့(KPICT)တို့၏ ထပ်မံကူညီဆောင်ရွက်ပေးမှုဖြင့် အောင်မြင်စွာစွန့်ခွာနိုင်ခဲ့သည်ဟု ဆိုသည်။