Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အမေရိကန်မှာ လူမျိုးရေး မုန်းတီးမှု အခြေခံတဲ့ ပစ်ခတ်မှုကြောင့် လူ ၁၀ ဦးသေဆုံး

လူသတ်မှုအတွက် စွပ်စွဲခံရတဲ့ လူငယ်ဟာ မေလ ၁၄ ရက် ညနေပိုင်းက လူစည်ကား ရှုပ်ထွေးနေတဲ့ စူပါမားကက်ထဲ လမ်းလျှောက် ဝင်လာပြီး စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သူက ဖြစ်ရပ်တိုင်းကို ကင်မရာ တစ်လုံးနဲ့ မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါသေးတယ်။

အမေရိကန် နိုင်ငံက စူပါမားကက် တစ်ခုမှာ လူမျိုးရေး မုန်းတီးမှုကို အခြေခံတယ်လို့ ယူဆရတဲ့ ပစ်ခတ်မှု ဖြစ်ပွားပြီး လူ ၁၀ ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။

နယူးယောက် ပြည်နယ်၊ ဘတ်ဖဲလိုမြို့က ဖြစ်စဉ်မှာ စူပါမားကက် တဝိုက်ကို အချိန် အတော်ကြာ ဝန်းရံ ပိတ်ဆို့ထားခဲ့ပြီးတဲ့နောက် အသက် ၁၈ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း ရဲတွေက ပြောပါတယ်။ ဒါပေမဲ့ အဲဒီ လူငယ်ရဲ့ နာမည်ကိုတော့ မထုတ်ပြန်ပါဘူး။

လူသတ်မှုအတွက် စွပ်စွဲခံရတဲ့ လူငယ်ဟာ မေလ ၁၄ ရက် ညနေပိုင်းက လူစည်ကား ရှုပ်ထွေးနေတဲ့ စူပါမားကက်ထဲ လမ်းလျှောက် ဝင်လာပြီး စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သူက ဖြစ်ရပ်တိုင်းကို ကင်မရာ တစ်လုံးနဲ့ မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါသေးတယ်။

FBI ထောက်လှမ်းရေး ဌာနက ဒီပစ်ခတ်မှုဟာ အစွန်းရောက် အကြမ်းဖက်မှု ပုံစံတစ်ခုလို့ သတ်မှတ်ပြီး စုံစမ်း စစ်ဆေးနေပါတယ်။ FBIရဲ့ ဘတ်ဖဲလို ရုံးခွဲ အကြီးအကဲ စတီဖန် ဘီလွန်ဂီယာက ဒီမှုခင်းရဲ့ နောက်ကွယ်မှာ လူမျိုးရေးနဲ့ ပတ်သက်တဲ့ လှုံ့ဆော်မှုတွေ ဆက်စပ် ပါဝင်မယ်လို့ ယူဆထားကြောင်း ပြောပါတယ်။

လူငယ်ဟာ ဘတ်ဖဲလို မြို့ထဲက လူမည်းအများစု နေထိုင်ရာ ဧရိယာဆီ ရောက်လာအောင် နာရီပေါင်း အတော်ကြာ ကားမောင်းလာခဲ့တယ်လို့ သိရပါတယ်။ သူ့လက်ချက်ကြောင့် ကျည်ထိမှန်သူ ၁၃ ဦးထိ ရှိခဲ့ပြီး ၁၀ ဦး သေဆုံးခဲ့တာပါ။ သူ့ရဲ့ သားကောင်း ဖြစ်သွားသူ အားလုံးလိုလိုက လူမည်းတွေလို့ ဘတ်ဖဲလို ရဲတပ်ဖွဲ့ ကော်မရှင်နာ ဂျိုးဆက် ဂရာမက်လီယာက ပြောပါတယ်။ ဒဏ်ရာရသူ ၃ ဦးကတော့ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ မရှိတော့ပါဘူး။

စူပါမားကက်ထဲမှာ လုံခြုံရေး ဝန်ထမ်းအဖြစ် အလုပ်လုပ်နေတဲ့ အငြိမ်းစား ရဲအရာရှိဟောင်း တစ်ဦးက တုံ့ပြန် ပစ်ခတ်ဖို့ ကြိုးစားခဲ့ပေမယ့် သေနတ်သမား လက်ချက်နဲ့ သေဆုံးသွားရှာပါတယ်။ သေနတ်သမားဟာ ကျည်ကာအင်္ကျီ၊ ကျည်ကာ ခေါင်းဆောင်းတွေ ဝတ်ဆင်ထားပြီး ပစ်အားပြင်းတဲ့ ရိုင်ဖယ် တစ်လက်ကို သယ်ဆောင်လာပါတယ်။

သူဟာ ရဲတပ်ဖွဲ့ရဲ့ ဝန်းရံ ပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး အခြေအနေတွေ တင်းမာခဲ့တဲ့ နောက်မှာတော့ သေနတ်ကို အပ်နှံပြီး အဖမ်းခံခဲ့ပါတယ်။ သူ့ကို လူသတ်မှုနဲ့ ဖမ်းဆီးထားပြီး အမြန်ဆုံး ရုံးတင် စစ်ဆေးဖို့ စီစဉ်နေပါတယ်။

မျက်မြင်တွေကတော့ ရုံးပိတ်ရက် ဖြစ်တာကြောင့် စူပါမားကက်ထဲမှာ လူတွေ ပြည့်နေခဲ့ကြောင်း၊ ဒီအချိန်မှာ ဝင်ရောက်ပစ်ခတ် တိုက်ခိုက်ခံရတဲ့ မြင်ကွင်းက အိပ်မက်ဆိုး ဆန်လွန်းကြောင်း ပြောပါတယ်။ နယူးယောက် ပြည်နယ် အုပ်ချုပ်ရေးမှူး ကေသီ ဟိုချူလ်ကတော့ သေနတ်သမားဟာ အကြမ်းဖက်မှု ကျူးလွန်တဲ့ လူဖြူ အစွန်းရောက် ဝါဒီ တစ်ယောက်လို့ စွပ်စွဲ သုံးနှုန်းသွားခဲ့ပါတယ်။

အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရော၊ ဇနီးဖြစ်သူပါ ဒီဖြစ်စဉ်ကြောင့် ထိခိုက်ခံစားခဲ့ရတဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့ထပ်တူ ဝမ်းနည်း ကြေကွဲကြောင်း အိမ်ဖြူတော်ကလည်း ထုတ်ပြန် ကြေညာသွားခဲ့ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

တိုက်ခိုက်မှုကိုမြိုင် PDFနှင့်အတူဂဠုန်ပြည့်သူကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ပြီး PDF တပ်ဖွဲ့ဝင်များအထိအခိုက်မရှိဟု ထုတ်ပြန်ချက်၌ ဖော်ပြသည်။

သတင်း

ယနေ့(မေလ ၁၅ရက်) ညနေ ၂နာရီ ၂၀မိနစ်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဝက်ပုတ်ကျေးရွာပျူစောထီးခေါင်းဆောင် ဝင်းငွေအပါအဝင် လေးဦးသေဆုံးသွားသည်ဟု သတင်းထုတ်ပြန်ထားသည်။

သတင်း

ခလရ (၂၇၄)တပ်ရင်းတွင် စစ်ကောင်စီယာဉ်တန်းမှ ယာဉ် ၆၈ စီးနေရာခွဲပြီး ရပ်နားထားကြောင်း၊ အဆိုပါ တပ်ရင်းရှိ ရဟတ်ယာဉ်ကွင်းအနီးတွင် ပီပါပုံးများဖြင့် ကာထားသော လက်နက်ကြီးများမှာ(၁၂၀) မမနှင့် စက်သေနတ်များ ဖြစ်ကြောင်း ဓာတ်ပုံများနှင့်တကွ ဖော်ပြသည်။

နိုင်ငံတကာ

မီးလောင်တဲ့ အဆောက်အအုံဟာ ရုံးခန်းတွေ ဖွင့်လှစ်ထားတဲ့ နေရာတစ်ခုဖြစ်ပြီး အခင်းဖြစ်ချိန်က လူ ၇၀ လောက် ရှိနေခဲ့တယ်လို့ ယုံကြည်ရပါတယ်။ ပြီးတော့ ရုံးဝန်ထမ်း အများစုဟာ အမျိုးသမီးတွေလို့လည်း သိရပါတယ်။