Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“NUG တို့ PDF တို့ နွေဦးတော်လှန်ရေးတွေပေါ့။ သူတို့ကို မဖိတ်ဘဲနဲ့လည်း သူတို့နဲ့မဆွေးနွေးဘဲနဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အရေးကိုတော့ ဘယ်နည်းနဲ့မှ မဖြေရှင်းနိုင်ဘူးလို့ ကျွန်တော်တို့က သုံးသပ်တာဖြစ်ပါတယ်”

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးလိုကြောင်း ဧပြီ ၂၂ရက်က ဖိတ်ခေါ်ခဲ့သည့်အပြင် မေလ ၂ရက် ရက်စွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် စာဖြင့် ထပ်ဆင့် အကြောင်းကြားခဲ့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က ဆွေးနွေးပွဲမတက်ဟု ယနေ့ မေ ၅ရက်တွင် အသိပေးခဲ့သည်။

■KIO/KIAသတင်းပြန်ကြား​ရေးမှ ဗိုလ်မှူးကြီး​နော်ဘူနှင့်​မေးမြန်းခန်း

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် သူကိုယ်တိုင်တွေ့ဆုံဆွေးနွေးလိုကြောင်း ဧပြီ ၂၂ရက်က ဖိတ်ခေါ်ခဲ့သည့်အပြင် မေလ ၂ရက် ရက်စွဲဖြင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးရန် စာဖြင့် ထပ်ဆင့် အကြောင်းကြားခဲ့သော်လည်း ကချင်လွတ်လပ်ရေးအဖွဲ့/ကချင်လွတ်လပ်ရေးတပ်မတော်(KIO/KIA)က ဆွေးနွေးပွဲမတက်ဟု ယနေ့ မေ ၅ရက်တွင် အသိပေးခဲ့သည်။ နိုင်ငံရေးပြဿနာများကို နိုင်ငံရေး ဆွေးနွေးခြင်းဖြင့် အဖြေရှာရန် လိုအပ် သော်လည်း စစ်ကောင်စီ ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်တွင် ပါဝင်သင့်သူ အားလုံးကို ဖိတ်ခေါ်မှုမရှိခြင်း၊ နိုင်ငံ၏ အရေးအရာများကို ဆွေးနွေးအဖြေရှာမည်ဟူသော သဘောထားမပါရှိခြင်းတို့ကြောင့် ဖိတ်ခေါ်ချက်ကို လက်မခံရခြင်းဖြစ်သည်ဟု KIO ဗဟိုကော်မတီက ကြေညာချက် ထုတ်ပြန်ပြီး တုံ့ပြန်ခဲ့သည်။ KIO ဗဟို ကော်မတီ၏ ကြေညာချက်နှင့်ပတ်သက်ပြီး KIO သတင်းနှင့် ပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူအား People’s Spring ကဆက်သွယ်မေးမြန်း ဖော်ပြလိုက်ပါသည်။

​မေး-KIO ဗဟိုကော်မတီရဲ့ ထုတ်ပြန်ချက်ကို ဖတ်ရပါတယ်။ ဗိုလ်မှူးကြီးတို့အနေနဲ့ စစ်ကောင်စီရဲ့ ဖိတ်ခေါ်ချက်ကို လက်မခံတဲ့ အခြေအနေအပေါ် ရှင်းပြပေးပါလား

​ဖြေ-ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အရေးတွေကို ဆွေးနွေးမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ အရင်ကလည်း ထုတ်ပြန်ကြေညာချက်လည်း ထုတ်ပြီးသားဖြစ်ပါတယ်။ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေအားလုံး ဖိတ်ရမယ်လို့။ မဖိတ်ဘဲနဲ့တော့ တကယ့် စစ်မှန်တဲ့ နိုင်ငံရဲ့အရေးအရာတွေကို ဆွေးနွေးအဖြေရှာဖို့ ဆိုတာကတော့ အဖြေကောင်းတွေ ထွက်မလာနိုင်ဘူးလို့ ကျွန်တော်တို့က သုံးသပ်ပါတယ်။ဒါကြောင့် နံပါတ်(၄)အပိုဒ်က အဲဒါကို ပြောတာဖြစ်ပါတယ်။ အခုလောလောဆယ် အချိန်အခါမှာလည်းပဲ မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပြီးမှ တော်လှန်နေတာကတော့ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ဖြစ်ပါတယ်။ NUG တို့ PDF တို့ နွေဦးတော်လှန်ရေးတွေပေါ့။ သူတို့ကို မဖိတ်ဘဲနဲ့လည်း သူတို့နဲ့မဆွေးနွေးဘဲနဲ့လည်း ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အရေးကိုတော့ ဘယ်နည်းနဲ့မှ မဖြေရှင်းနိုင်ဘူးလို့ ကျွန်တော်တို့က သုံးသပ်တာဖြစ်ပါတယ်။အခုကတော့ရမ်းပြီးမှတိုင်းရင်းသား
လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်ကိုပဲရွေးပြီးမှ ခေါ်တာပေါ့။ ဆိုတော့ရမ်းသန်းပြီးမှ ခေါ်တဲ့ပုံစံမျိုးဖြစ်ပါတယ်။ တကယ့် စစ်မှန်တဲ့ ဆွေးနွေးမှု အဖြေရှာမှုတွေကိုတကယ့်သဘောထားကောင်းမွန်စွာနဲ့ အဖြေရှာနိုင်မှာလားပေါ့။ အဲဒါတွေလည်း သိပ်ပြီးမှ သဲသဲကွဲကွဲမရှိဘူးပေါ့။ အဲဒါကြောင့် နံပါတ်(၄) ရဲ့ က၊ ခမှာ အဲဒီလိုမျိုးထည့်ထားတာဖြစ်ပါတယ်။

​မေး-တစ်ခုရှိတာက အခု ဖိတ်ခေါ်တဲ့ ပုဂ္ဂိုလ်ကိုယ်တိုင်ကကို အစိုးရ ခေါင်းဆောင်တွေကို ဖမ်းဆီးပြီး အာဏာသိမ်းထားတဲ့ အခြေအနေမျိုးဆိုတော့ စစ်​ကောင်စီမှာ ဗိုလ်မှူးကြီးတို့ ဆွေးနွေးလိုတဲ့ နိုင်ငံရေးကိစ္စတွေ ဆွေးနွေးဖို့ဆိုတဲ့ အခွင့်အာဏာ ရှိပါသလား။ ဘယ်လိုမြင်ပါသလဲ။

​ဖြေ-ကျွန်တော်တို့ဘက်ကနေတော့ အဲဒါက တော့ မရှိဘူးလို့ ကျွန်တော်တို့ မြင်တယ်လေ။ အဲဒါကြောင့် ပြောတာပါ။ တကယ့် စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲလုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ ပုဂ္ဂိုလ်တွေ အားလုံးကိုတော့ ဖိတ်သင့်တယ်လို့ ကျွန်တော်တို့က ယူဆပါတယ်။ အဲဒါမဖိတ်ဘဲနဲ့ ရွေးပြီးမှပဲ ဖိတ်ခေါ်တယ်ဆိုတော့ အဖြေကောင်းတော့မထွက်ဘူးပေါ့။ အဲဒါကြောင့် ကျွန်တော်တို့ မတက်ရခြင်းဖြစ်ပါတယ်။ ဒါကြောင့် နံပါတ် (၅)မှာလည်း ကျွန်တော်တို့ကတော့ ထည့်ထားတာရှိပါတယ်။ တကယ်လို့များ ဒီနိုင်ငံရဲ့ အရေးအရာကို တန်းတူ ဆွေးနွေးနိုင်တဲ့ အချိန်အခါတွေ အခင်းအကျင်းတွေ ရှိလို့ရှိရင် ကျွန်တော်တို့က ပါဝင်မှာ အသင့်ဖြစ်ပါတယ်။ ကျွန်တော်တို့ KIOရဲ့မူက ဆွေးနွေးဖို့ဆိုတာလက်ခံပြီးသားဖြစ်ပါတယ်။ ဒါပေမဲ့လို့ အခင်းအကျင်းတွေ လက်တွေ့မှာ ဘယ်လောက်အထိ ပြည့်စုံမှုရှိသလဲ ဘယ်လောက်အထိ တိကျမှုရှိမလဲဆိုတဲ့ အပိုင်းတွေ စောင့်ကြည့်နေတာဖြစ်ပါတယ်။

​မေး-အခုဆိုရင် စစ်ကောင်စီက နိုင်ငံတော်သမ္မတတို့၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ကို ဖမ်းထားတာပေါ့ ဒါက နာမည်တပ်ပြောတာ တခြား အစိုးရ အဖွဲ့ခေါင်းဆောင်တွေအပါအဝင် အကြောင်းအမျိုးမျိုး ပြပြီး သူတို့ဖမ်းထားတဲ့သူတွေရှိတော့ ဒီအပေါ် ဘယ်လိုမြင်ပါသလဲ။

​ဖြေ-ဖမ်းတာတော့ သူတို့ဘက်က သူတို့အကြပ်အတည်းဖြစ်နေလို့ ဖမ်းတာနေမှာပါ။ ဒါကလည်း ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တကယ့် နိုင်ငံရေးပုဂ္ဂိုလ်တွေ ဝါရင့်ပုဂ္ဂိုလ်တွေကို ဖမ်းပြီးမှ အခုလိုမျိုးလုပ်တာက ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့အရေးတွေကို ဂရုမစိုက်ချင်တဲ့ သဘောဆန္ဒတွေလည်း ဖြစ်ပါတယ်။ သူတို့ စစ်အာဏာရှင် တွေ တည်တံ့ခိုင်မြဲရေးအတွက် သူတို့ ထက်သာတဲ့ သူတို့ထက် အမြင်ကောင်းနေတဲ့ နိုင်ငံရေးပုဂ္ဂိုလ်တွေ၊ နိုင်ငံရေး ဝါရင့်ပုဂ္ဂိုလ်တွေကို ဖမ်းတာ အဲဒါကြောင့်ဖြစ်နိုင်ပါတယ်။ ဒါကတော့ ကျွန်တော်တစ်ဦးတစ်ယောက်ရဲ့ ထင်မြင်ယူဆချက်ပဲဖြစ်ပါတယ်။

​မေး-သူတို့က ဆွေးနွေးဖို့ ဖိတ်ခေါ်တဲ့နောက်ပိုင်း ကချင်ပြည်နယ်အတွင်း သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှု အခြေအနေ တွေရောဘယ်လိုတွေ့ရပါသလဲ။

​ဖြေ-ထူးထူးခြားခြားကတော့မတွေ့ပါဘူး ။ဒါပေမဲ့ ကျွန်တော်တို့ လိုင်ဇာဌာနချုပ်ရဲ့ ပတ်ဝန်းကျင်မှာ သူတို့ အရင်က စစ်အင်အားတွေ တိုးထားတာတော့ ရှိပါတယ်။ ပြန်မရုတ်ပါဘူး။ ဘယ်လိုဆက်လုပ်မယ်ဆိုတာကတော့ ကျွန်တော်တို့ စောင့်ကြည့်နေတဲ့ အနေအထားဖြစ်ပါတယ်။

​မေး-တကယ်လို့ သူတို့က ငြိမ်းချမ်းရေးဆွေးနွေးမှုကို လာမတက်လို့ စစ်ရေးအရ ဖိအားပေးလာတာမျိုးရှိနိုင်ပါသလား

​ဖြေ-သူတို့က တစ်ဖက်က ဖိအားပေးတဲ့ သဘောမျိုးနဲ့လည်း ဒီဘက်မှာ စစ်အင်အားတွေတိုးထား တာလားမသိဘူးပေါ့နော်။ကျွန်တော်တို့လည်း စောင့်ကြည့်တဲ့အနေအထားဖြစ်ပါတယ်။

​မေး-အခြားဘာတွေပြောလိုပါသလဲ။

​ဖြေ-မရှိပါဘူး။

ကျေးဇူးတင်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယမန်နေ့တိုက်ပွဲ၌ စစ်ကောင်စီတပ် ဖမ်းထားသည့် ဒေသခံများကို ကယ်ထုတ်နိုင်သကဲ့သို့ ဓားစားခံအဖြစ် ဖမ်းထားသူများ ဆက်ရှိနေကြောင်းလည်း ကချင်ဒေသခံက ပြောသည်။

သတင်း

အကြမ်းဖက်စစ်တပ်၏ ထိခိုက်သေဆုံးမှုအခြေအနေနှင့်ပတ်သက်၍ People's Springက ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေးပေ။

သတင်း

'ရဲဘော်တို့ လွတ်လပ်ငြိမ်းချမ်းစွာ အနားယူနိုင်ပါပြီ တစ်ပင်လုံးဝေဖို့ တစ်တောလုံးမကြွေစေရ တစ်ပွင့်ကြွေခဲ့သည်ရှိသော် တစ်တောလုံးဝေရမည်'ဟု ကျန်ရစ်သူ People's Guerillas Commando - Myinmu အဖွဲ့သားအားလုံးမှ ကတိသစ္စာ ပြုလိုက်ပါသည်ဟု ရေးသားထားသည်။

သတင်း

SNAသည် လွန်ခဲ့သည့် အပတ်ကလည်း နားယကာကျေးရွာမှ ကဒူးလူမျိုး ကျင်းသားတစ်ဦးအား ရိုက်နှက်ဖမ်းဆီးခေါ်ဆောင်သွားကာ ကျပ်သိန်း ၂၀ ဖြင့် ပြန်ရွေးခဲ့ရသည်ဟု ဒေသခံများက သတင်းပေးပို့ ကြောင်း Banmauk Revolution က ဖော်ပြသည်။