Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပူတင် ကင်ဆာရောဂါ ဖြစ်နေတယ်ဆိုတဲ့ ကောလာဟလတွေ ပျံ့နှံ့လာ

ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပူတင်ရဲ့ ကျန်းမာရေး အခြေအနေက ပိုမို ဆိုးရွားလာတယ်လို့ ယုံကြည်ရကြောင်းလည်း မဂ္ဂဇင်းက ဆိုပါတယ်။ ပူတင်ဟာ ဘယ်လို သွေးကင်ဆာ အမျိုးအစားကို ခံစားနေရသလဲ ဆိုတာကိုတော့ မဂ္ဂဇင်းက ဖော်ပြမထားပါဘူး။

ရုရှား သမ္မတ ဗလာဒီမာ ပူတင်ဟာ ကင်ဆာရောဂါ ခံစားနေရပြီး အပြင်းအထန် နာမကျန်း ဖြစ်နေကြောင်း ကောလာဟလတွေ ပျံ့နှံ့လာပါတယ်။

လူမှု ကွန်ရက် မီဒီယာတွေပေါ်မှာ အရင်ကတည်းက ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်လို့ သို့လောသို့လော ဆွေးနွေး ပြောဆိုမှုတွေ ရှိခဲ့ပါတယ်။ အခုအခါမှာတော့ အင်တာနက်ပေါ် ပေါက်ကြား ရောက်ရှိလာတဲ့ အသံဖိုင် တစ်ခုနဲ့ ပတ်သက်ပြီး ဒီသတင်းတွေ ပိုမို အားကောင်းလာပါတယ်။

အဲဒီ အသံဖိုင်ကို New Lines မဂ္ဂဇင်းက စတင် ဖော်ပြခဲ့တာ ဖြစ်ပြီး ရုရှား အစိုးရနဲ့ အထူးနီးစပ်တဲ့ သူဌေးကြီး တစ်ဦးရဲ့ အသံပါ။ ပူတင်နဲ့ ရင်းနှီးသူ တစ်ဦးဖြစ်တဲ့ သူဌေးကြီး ဘောရစ္စ ကာပစ်ချော့ဗ်က ပူတင်ဟာ သွေးကင်းဆာ ရောဂါ ခံစားနေရပြီး အရမ်း နေမကောင်း ဖြစ်နေတယ်လို့ အဲဒီ အသံဖိုင်ထဲမှာ ပြောဆိုထားပါတယ်။ ကာပစ်ချော့ဗ်ဟာလည်း ပူတင်လိုပဲ ဆိုဗီယက် KGB ထောက်လှမ်းရေး အရာရှိဟောင်း တစ်ဦးဖြစ်ပြီး ပူတင်ရဲ့ အတွင်းစည်း ပုဂ္ဂိုလ်တစ်ဦးလို့ သတ်မှတ် ခံထားရပါတယ်။

ယူကရိန်းနဲ့ ရုရှားတို့ စစ်ပွဲ ဖြစ်ပွားနေတဲ့ ကာလအတွင်းမှာ ပူတင်ရဲ့ ကျန်းမာရေး အခြေအနေက ပိုမို ဆိုးရွားလာတယ်လို့ ယုံကြည်ရကြောင်းလည်း မဂ္ဂဇင်းက ဆိုပါတယ်။ ပူတင်ဟာ ဘယ်လို သွေးကင်ဆာ အမျိုးအစားကို ခံစားနေရသလဲ ဆိုတာကိုတော့ မဂ္ဂဇင်းက ဖော်ပြမထားပါဘူး။

အသက် ၆၉ နှစ်အရွယ် ပူတင်ဟာ သူ့ရဲ့ နိုင်ငံရေးသမားဘဝ သက်တမ်းတလျှောက် ဒဏ်ရာဒဏ်ချက်တွေလည်း ရခဲ့ဖူးပါတယ်။ တစ်ခါတုန်းကဆိုရင် ဟော်ကီပွဲ တစ်ခုမှာ ယှဉ်ပြိုင်ရင်း မြင်းပေါ်က ပြုတ်ကျခဲ့ဖူးပါတယ်။

မကြာသေးခင်က ထွက်ပေါ်လာတဲ့ ဗီဒီယို တစ်ခုမှာတော့ ပူတင်ဟာ ကာကွယ်ရေးဝန်ကြီး ဆာဂျီ ရွှိုင်ဂူနဲ့ အစည်းအဝေး ပြုလုပ်နေရာမှာ စားပွဲကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသလို ဂဏှာမငြိမ်သလို ဖြစ်နေတာ တွေ့ရပါတယ်။ ဒါဟာ ပါကင်ဆန် ရောဂါ အစပြုတဲ့ လက္ခဏာတွေ ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ထွက်ပေါ်ခဲ့ပါသေးတယ်။

ရုရှား အစိုးရရဲ့ ကရင်မလင် နန်းတော်ကတော့ ပူတင်ရဲ့ ကျန်းမာရေးနဲ့ ပတ်သက်တဲ့ ကောလာဟလတွေက အရင်တုန်းက အကြိမ်ကြိမ် ငြင်းပယ်ခဲ့ဖူးပါတယ်။ ဒီအတောအတွင်း ယူကရိန်း စစ်ပွဲကို အကြောင်းပြုပြီး အနောက်အုပ်စု နိုင်ငံတွေရဲ့ စီးပွားရေး ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်လာရတာကြောင့် ပူတင်အပေါ် ရုရှား သူဌေးကြီးတွေရဲ့ အမြင်မကြည်မှုက ပိုမို ဆိုးရွားလာတယ်ဆိုတဲ့ သတင်းတွေလည်း ပျံ့နှံ့လာခဲ့ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

ဗီဒီယို

ပူတင်ဟာ အင်တာဗျူး တစ်ခုမှာ ဆာဂျီ လက်ဗ်ရော့ဗ် ပြောဆိုသွားတဲ့ အငြင်းပွားစရာ မှတ်ချက်အတွက် အစ္စရေး ဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်းနက်ဆီ ဖုန်းဆက်ပြီး ပြန်တောင်းပန်ခဲ့ကြောင်း အစ္စရေး အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

ဗီဒီယို

NATO မဟာမိတ်တွေကတော့ Sarmatကို Satan IIလို့ နာမည်ပြောင် ပေးထားပြီး ဆိုဗီယက်ခေတ်က အသုံးပြုခဲ့တဲ့ Voyevoda ဒုံးကျည်စနစ် နေရာမှာ အစားထိုးမယ့် နည်းပညာအဖြစ် ယူဆထားပါတယ်။ ဒီဒုံးကျည်တွေ စတင် တီထွင်နေပြီ ဆိုတာကို ပူတင်က ၂၀၁၈ ခုနှစ်မှာ ကြေညာခဲ့ပါတယ်။

ဗီဒီယို

ပူတင်က ရုရှားအနေနဲ့ လက်ရှိ အခြေအနေတွေမှာ ယူကရိန်းကို စစ်တိုက်ဖို့ကလွဲလို့ ရွေးချယ်စရာ မရှိခဲ့ကြောင်း၊ ဒါဟာ မှန်ကန်တဲ့ ဆုံးဖြတ်ချက် တစ်ခုဖြစ်ပြီး ရုရှားစစ်တပ်ဟာ ရှေ့ဆက် စစ်ဆင်ရေးတွေဟာ စည်းချက်ညီညီနဲ့ တည်တည်ငြိမ်ငြိမ် ဆက်လက် အကောင်အထည် ဖော်သွားမှာဖြစ်ကြောင်း ပြောကြားသွားပါတယ်။

နိုင်ငံတကာ

အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာတော့ ပူတင်ရဲ့ အကြံပေးတွေဟာ အနောက်အုပ်စုရဲ့ စီးပွားရေး ပိတ်ဆို့ အရေးယူမှုတွေကြောင့် ရုရှားအပေါ် ဘယ်လောက် ထိချက်ပြင်းပြင်း ရိုက်ခတ်နေသလဲ ဆိုတာကိုပါ ပူတင့်ဆီ အမှန်အတိုင်း အစီရင် မခံရဲကြဘူးလို့ ဖော်ပြထားပါတယ်။