Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

အမေရိကန်မှာ ဖိနပ်နဲ့ ပစ်ပေါက်ခံရတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်

ဝယ်လက်ဒ် အင်တာနေရှင်နယ် ဟိုတယ်နားမှာ ဟွန်ဆန်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အုခ်တော့ချ်က ဒီလို လုပ်လိုက်ရလို့ အရမ်း စိတ်ကျေနပ်သွားကြောင်း၊ ဒါမျိုး လုပ်ချင်နေတာ အရမ်းကြာခဲ့ပြီ ဖြစ်ကြောင်း RFA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ဟာ ဖိနပ်နဲ့ ပစ်ပေါက်တာ ခံခဲ့ရပါတယ်။

ကမ္ဘောဒီးယားမှာ ၃၆ နှစ်ကြာ အုပ်စိုးနေခဲ့ပြီး အာဏာရှင် တစ်ဦးအဖြစ် သတ်မှတ် ခံရတဲ့ ဟွန်ဆန်းဟာ အမေရိကန်-အာဆီယံ ထိပ်သီး ညီလာခံ တက်ရောက်ဖို့အတွက် ဝါရှင်တန် မြို့တော်ကို ရောက်ရှိနေခဲ့တာပါ။ မေ ၁၁ ရက်မှာတော့ ဟွန်ဆန်ဟာ သူ့ကို ထောက်ခံသူတွေနဲ့ တွေ့ဆုံနေတုန်း ဖိနပ်နဲ့ လှမ်းပေါက်တာ ခံခဲ့ရတာ ဖြစ်ပါတယ်။

ကမ္ဘောဒီးယား စစ်မှုထမ်းဟောင်း တစ်ဦးက ဟွန်ဆန်ကို ဖိနပ်နဲ့ လှမ်းပစ်ခဲ့တာ ဖြစ်ပေမယ့် မထိခဲ့ပါဘူး။ ဒီဖြစ်ရပ်ဟာ ကမ္ဘောဒီးယားက လူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ မြန်မြန်ဆန်ဆန် ပျံ့နှံ့သွားခဲ့ပါတယ်။

ဝယ်လက်ဒ် အင်တာနေရှင်နယ် ဟိုတယ်နားမှာ ဟွန်ဆန်ကို ဖိနပ်နဲ့ ပေါက်ခဲ့တဲ့ အုခ်တော့ချ်က ဒီလို လုပ်လိုက်ရလို့ အရမ်း စိတ်ကျေနပ်သွားကြောင်း၊ ဒါမျိုး လုပ်ချင်နေတာ အရမ်းကြာခဲ့ပြီ ဖြစ်ကြောင်း RFA သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

ဟွန်ဆန်ရဲ့ ကိုယ်ရံတော်တွေက သူ့ကို ရန်ပြု ရိုက်နှက်ဖို့ ကြိုးစားပေမယ့် အမေရိကန် လုံခြုံရေး အရာရှိတွေက ကြားဝင် တားဆီးခဲ့ပြီး သူ့ကို အဲဒီနေရာကနေ ထွက်ခွာစေခဲ့တယ်လို့လည်း အသက် ၇၂ နှစ်အရွယ် အုခ်တော့ချ်က ဆိုပါတယ်။ သူက ဟွန်ဆန်ကို ဆိုးယုတ်တဲ့ အာဏာရှင် တစ်ဦးလို့ စွပ်စွဲခဲ့ပြီး ဟွန်ဆန် လက်ချက်ကြောင့် သူ့ရဲ့ ဆွေမျိုးသားချင်းတွေ အပါအဝင် ကမ္ဘောဒီးယား ပြည်သူ အမြောက်အမြား သေဆုံးခဲ့ရတယ်လို့လည်း အုခ်တော့ချ်က ပြောပါတယ်။ သူဟာ ကမ္ဘောဒီးယား စစ်တပ်မှာ ၁၉၇၀ ပြည့်လွန်နှစ် အစောပိုင်း ကာလတွေတုန်းက အမှုထမ်းခဲ့ဖူးပါတယ်။

ကမ္ဘောဒီးယားမှာတော့ ဖိနပ်နဲ့ ပေါက်တယ် ဆိုတာဟာ အကြီးအကျယ် စော်ကားမှုတစ်ခု ဖြစ်ပါတယ်။ ဖေဖော်ဝါရီလမှာ ဟွန်ဆန်းပုံ ပိုစတာကို ဖိနပ်နဲ့ ပေါက်တဲ့ လုပ်ရပ်ကို လူမှုကွန်ရက်ပေါ် ဝေမျှမိခဲ့တဲ့ အတိုက်အခံ နိုင်ငံရေးသမား ဆမ် ဆော့ခါဟာ ထောင်ဒဏ် ၄ နှစ် ချမှတ် ခံခဲ့ရပါတယ်။

ဟွန်ဆန်ဟာ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ ဖိတ်ကြားမှုအရ တခြား အာဆီယံ အဖွဲ့ဝင် နိုင်ငံ ခေါင်းဆောင်တွေနဲ့အတူ အမေရိကန်ကို ရောက်ရှိနေတာပါ။ အမေရိကန်-အာဆီယံ ထိပ်သီး ဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုတော့ အသိအမှတ်ပြု ဖိတ်ကြားခြင်း မရှိဘဲ ချန်လှပ်ထားခဲ့ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မေလကုန်ပိုင်း အာဆီယံအထူးကိုယ်အထူးကိုယ်စားလှယ်ရဲ့ ဒုတိယအကြိမ်မြောက်ခရီးစဉ်လာရောက်နိုင်ရေးစီစဉ်ဖို့ ၊ ခရီးစဉ်အတွင်းမှာ သမ္မတ ဦးဝင်းမြင့် ၊ဒေါ်အောင်ဆန်းစုကြည်တို့နဲ့တွေ့ဆုံခွင့်ပေးဖို့ ဟွန်ဆန်က စစ်ခေါင်းဆောင်ကို ဆွေးနွေးပါတယ်။

သတင်း

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများအဆင့်အစည်းအဝေးကို ဖေဖော်ဝါရီလ ၁၆ ရက်နဲ့ ၁၇ ရက်တွေမှာ ဖနွမ်းပင်မှာကျင်းပမှာဖြစ်ပါတယ်။

သတင်း

အာဏာလုစစ်ခေါင်းဆောင်ကို ဟွန်ဆန်ဟာ ဒီနေ့မှာ အွန်လိုင်းကနေ တွေ့ဆုံကာ မြန်မာ့အရေးဖြေရှင်းဖို့ သဘောတူညီချက်ထားတဲ့ ဘုံသဘောတူညီချက်တွေကို အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်တာပါ။

သတင်း

အာဆီယံအစည်းအဝေးကို စစ်ကောင်စီကိုဖိတ်တဲ့အတွက် သဘောထားတင်းမာနေတဲ့ မလေးရှားဝန်ကြီးချုပ် နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးမှုမှာ ဟွန်ဆန်က သူဖိတ်ကြားတဲ့အခြေအနေကို ရှင်းပြခဲ့တာဖြစ်ပါတယ်။