Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထားဝယ်မြို့အ​ရှေ့ဘက်တွင် စစ်​ကောင်စီတပ်ကို PDFကတိုက်ရာ ၂၀ ခန့်​သေဆုံးဟု​ပြော

ဧပြီ ၂၄ ရက် ထားဝယ်မြို့နှင့် ဆယ်မိုင်ခန့်သာ ဝေးသည့် ပကာရီရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထားဝယ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းကာ စစ်ရေးတင်းမာလျက်ရှိသည်။

ထားဝယ်မြို့ အရှေ့ဘက် ပကာရီရွာနှင့် ဆီပင်ကောက်ရွာကြားတွင် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ကြားဖြတ်တိုက်ခိုက်ရာတွင် စစ်ကောင်စီတပ်သား ၂၀ ခန့်သေဆုံးကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်မ​​တော်(ထားဝယ်ခရိုင်)က သတင်းထုတ်ပြန်သည်။

ပကာရီ-ဆီပင်ကောက်ချိတ်လမ်းအတိုင်း စစ်ကြောင်းထိုးလာသည် စစ်ကောင်စီတပ်ကို မေ ၁၄ ရက်က ကြားဖြတ်မိုင်းတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်အရ မိုင်းဆွဲတိုက်ခိုက်ရာတွင် ၁၅ ဦးကျော်သေဆုံးပြီး ၁၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟုပါရှိသည်။ မိုင်းဆွဲပြီး​နောက် နှစ်ဖက် အပြန်အလှန်ပစ်ခတ်ရာတွင်လည်း စစ်ကောင်စီတပ်သား ၅ ဦးထပ်မံသေဆုံးခဲ့သည်ဟု ပြည်သူ့ကာကွယ်​ရေးတပ်မ​တော်(ထားဝယ်ခရိုင်)က ဆိုထားသည်။

စစ်​ကောင်စီတပ်သေဆုံးမှုနှင့် ထိခိုက် ဒဏ်ရာရရှိမှု အရေအတွက်ကို People’s Spring က သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပေ။ ထိုပွဲတွင် ပြည်သူ့ကာကွယ်ရေးတပ်များမှ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ဟုလည်း​ဖော်ပြထားသည်။

“စခ(စစ်​ကောင်စီတပ်) လာ​နေတာ သိလို့ ပ​ဒေသာမိုင်း​ထောင်ပြီး ​ဖောက်ခွဲလိုက်တာ။” ဟု ​ဒေသခံကာကွယ်​ရေးတပ်နှင့်နီးစပ်သူတစ်ဦး​ပြောသည်။

“အဲ့ဘက်အခြမ်းမှာ သတ္တုမိုင်းတွင်းရှိတော့ မိုင်းဖောက်ခွဲမှုတွေကိုကျွမ်းကျင်ကြတယ်။ သုံးတဲ့ မိုင်းတွေကလည်း ပြင်းအားကောင်းတဲ့ မိုင်းတွေ သုံးနိုင်တယ်။ ဒါကြောင့် ဒီလောက်အသေအပျောက်များတာဖြစ်နိုင်တယ်”ဟု ဒေသခံတစ်ဦးက မှတ်ချက်ပေးသည်။

ဧပြီ ၂၄ ရက် ထားဝယ်မြို့နှင့် ဆယ်မိုင်ခန့်သာ ဝေးသည့် ပကာရီရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်များ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် ထားဝယ်အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီတပ်က စစ်အင်အားဖြည့်တင်းကာ စစ်ရေးတင်းမာလျက်ရှိသည်။

မေ ၈ရက်ကစတင်ပြီး ထားဝယ်မြို့အရှေ့ဘက်ခြမ်းကို သရက်ချောင်းမြို့နယ်ဘက်ရှိ ဇလွန်းရွာနှင့် ညောင်ဇင်ရွာတို့မှ တဆင့် တလိုင်းတောင်၊ဆီပင်ကောက်၊ ကသန်း၊ တောင်ပို့ရွာများကို စစ်ကောင်စီတပ်များ အင်အားအလုံးအရင်းဖြင့် ဖြည့်တင်းခဲ့သည်။

မေ ၉ ရက်တွင်လည်း ထားဝယ်မြို့နယ်၊ သဗျာရွာတွင် စစ်ကောင်စီတပ်နှင့် ဒေသခံကာကွယ်ရေးတပ်တို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။

မေလ ၁၀ ရက်နေ့ညနေ ၃ နာရီခန့်တွင် ကျောက်မဲတောင်ကျေးရွာအုပ်စု၊ ကင်ပွန်းချုံရွာအနီးရှိ စစ်ကောင်စီတပ်စခန်းကို ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုဖြစ်သည့် Eastern Defense Forceက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ မေ ၁၄ ရက်တွင်လည်း ကျောက်မဲတောင်ရွာရှိ ရဲစခန်းတွင် စခန်းချထားသည့် စစ်ကောင်စီတပ်ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်​ကောင်စီတပ်မှ နှစ်ဦး​သေဆုံးခဲ့ပြီး ပြည်သူ့ကာကွယ်​​ရေးတပ်မှလည်း နှစ်ဦး ကျဆုံးခဲ့သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်သားများကို သင်တန်းပေးရန် အစီအစဉ်သည် ရှေ့ရေးကို ရှေးရှုပြု လုပ်ခြင်းဖြစ်ပြီး ယခင်အစိုးရများ၏ အစီအစဉ်များဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန တာဝန်ခံဒါရိုက်တာ ပြောသည်။

သတင်း

ကနဦးမိုင်းဆွဲတိုက်ခိုက်မှု ဖြစ်စဥ်တွင် ယနေ့(မေ ၁၈ရက်)နံနက် ၆ နာရီခွဲခန့်က ကနီမြို့နယ် မြသိန်းတန် ဘုရားကုန်းပေါ်မှဆင်းလာသော စစ်ကောင်စီတပ်ကို KLG PDF၊M&K the Boy၊People Defence Army Yinmarbin (PDA)နှင့် ဒေသခံပကဖအဖွဲ့များပူးပေါင်း၍ တိုက်မိုင်း ၊ လက်နက်ကြီး၊ လက်နက်ငယ်များနှင့် တိုက်ခိုက်ခဲ့သည်ဟု...

သတင်း

မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဗီဒီယိုဖိုင်မှတ်တမ်း ရှိသော်လည်း စစ်ကောင်စီ၏ အင်တာနက်လိုင်းဖြတ် တောက်ခံရမှုကြောင့် မကြာမီထုတ်ပြန်နိုင်ရန် ကြိုးပမ်းနေကြောင်းလည်း အသိ ပေးသည်။

သတင်း

စွန်ရဲအဖွဲ့အမည်ခံ ပျူစောထီး ၈ယောက်ခန့်ပါဝင်သည့် VIGOကားကို ယနေ့ (မေ ၁၇ ရက်) နေ့လယ် ၁နာရီခွဲခန့်က လောင်းလုံမြို့နယ် လမ်းပိုင်းတနေရာတွင်( ပကဖ-လောင်းလုံး) နှင့် Dowei Defense Team - DDT တပ်ခွဲ (၃) ( ပ.ကဖ-ထား ဝယ်...