Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်အကြမ်းဖက်မှုကြောင့် ဘေးလွတ်ရာတိမ်းရှောင်နေရသူများအတွက်ကူညီကယ်ဆယ်ရေးအဖြစ် ဧပြီအတွင်း ကျပ်သန်း၁၀၀ကျော် NUG ထောက်ပံ့

ပြည်သူလူထုထံသို့ပြီးခဲ့သည့် ဧပြီအတွင်း ထောက်ပံ့ခဲ့သည့်အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယမန်နေ့(မေ ၁၇ရက်) ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

(ဒီး​မော့ဆိုမြို့နယ်မှ စစ်​ဘေး​ရှောင်ပြည်သူများကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - KNDF)

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် အရပ်သားပြည်သူများအား ကူညီကယ်ဆယ်ရေးအတွက် ဧပြီအတွင်း ကျပ်သန်း၁၀၀ကျော် ထောက်ပံ့ပေးခဲ့သည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ထုတ်ပြန်သည်။

ပြည်သူလူထုထံသို့ပြီးခဲ့သည့် ဧပြီအတွင်း ထောက်ပံ့ခဲ့သည့်အခြေအနေကို အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်း စာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာနက ယမန်နေ့(မေ ၁၇ရက်) ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။

စစ်ကောင်စီ၏ အတားအဆီးများကို ပုံစံမျိုးစုံဖြင့် ခက်ခက်ခဲခဲဖြတ်သန်းပြီး စုစုပေါင်းကျပ် ၁၀၀.၃၈ သန်း ထောက်ပံ့ခဲ့သည်ဟု ဆိုသည်။

“အာဏာသိမ်း အကြမ်းဖက်စစ်တပ်၏ ထိုးစစ်ဆင် တိုက်ခိုက်မှုများကြောင့် ဘေးလွတ်မည့်ဟု ထင်သော နေရာများသို့ ထွက်ပြေးခိုလှုံနေကြရသည့် ပြည်သူများ၊ တော်လှန်ရေး၌ပါဝင်ရင်း ထိခိုက် ဒဏ်ရာရရှိသူများနှင့် အသက်ဆုံးရှုံးရသူများ၏ မိသားစုဝင်များ၊ အကူအညီလိုအပ်နေသော မသန်စွမ်းများအပါအဝင် ထိခိုက်လွယ်အုပ်စုများ၊ အကြောင်းကိစ္စအမျိုးမျိုးကြောင့် လူသားချင်းစာနာမှုအကူအညီလိုအပ်သူများကို မိတ်ဖက်အသီးသီးနှင့် လက်တွဲ ချိတ်ဆက်၍ အတတ်နိုင်ဆုံး မြေပြင်အထိရောက်အောင် ကြိုးစား ပံ့ပိုးကူညီပေးလျက်ရှိပါသည်” ဟု လူသားချင်း စာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနက လူထုအားရှင်းပြထားသည်။

ထို့အပြင် ဘေးဒုက္ခခံစားနေကြရသော ပြည်သူများထံသို့ စစ်ကောင်စီ၏ အတားအဆီး အမျိုးမျိုးကို ဖြတ်ကျော်၍ ကူညီထောက်ပံ့ပေးခဲ့သည့် မိတ်ဖက်အဖွဲ့များ၊ ကိုယ်စားလှယ်များ၊ စေတနာ့ ဝန်ထမ်းပြည်သူများနှင့် ထောက်ပံ့မှုရန်ပုံငွေအတွက် လှူဒါန်းပေးသောပြည်သူများကိုလည်း ကျေးဇူးတင်စကား ပြောကြားထားသည်။

စစ်ကောင်စီသည် လတ်တလောတွင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းတို့ကို အင်အားတိုး၍ တိုက်ခိုက်နေပြီး အရပ်သားနေအိမ်များကို ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်နေသည်။

အာဏာသိမ်းစစ်ကောင်စီတပ်က စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများမှ ပြည်သူလူထုနေအိမ်များ အပါအဝင် နေရာပေါင်း ၄၀ကျော်၌ မီးရှို့ဖျက်ဆီးမှုများ အရှိန်မြှင့်လုပ်ဆောင်ခဲ့၍ နှစ်ပတ်အတွင်း အိမ်ခြေ ၂၂ ၃၀ လုံးထက်မနည်း မီးလောင်ပျက်စီးခဲ့ရကြောင်း Data for Myanmar က သတင်းထုတ်ပြန်ထားသည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်မှ ၂၀၂၂ ဧပြီ ၃၀ရက်အတွင်း စစ်ကောင်စီတပ်နှင့် လက်အောက်ခံ အဖွဲ့အစည်းများက နေရာပေါင်း ၂၉၆ နေရာမှ လူနေအိမ် ခန့်မှန်းခြေ ၁၁,၄၁၇ လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဖော်ပြထားသည်။ Data for Myanmarက ဧပြီ ၁၃ရက်အထိ ထုတ်ပြန်ခဲ့သည့် စာရင်းမှာ နေရာပေါင်း ၂၅၄ နေရာမှ နေအိမ် ၉,၁၈၇လုံးကို စစ်ကောင်စီတပ်က မီးရှို့ခဲ့သည်ဟု ဖော်ပြခဲ့ရာ ယခုနှစ်ပတ်အတွင်း အိမ်ခြေ ၂ထောင်ကျော်ကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ခြင်းဖြစ်သည်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

ဝါရင့်အထက်လွှတ်တော်အမတ် မစ်ချ်မက်ကောနဲလ်သည် မြန်မာ့အရေးကို နှစ်ပေါင်း ၃၀ ကျော် စိတ်ဝင်တစားအားပေးထောက်ခံသူဖြစ်ပြီး မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း ပုဂ္ဂိုလ်ရေးရင်းနှီးသူဖြစ်သည်။

သတင်း

အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)နှင့်တရာဝင် ထိ့​တွေ့ဆက်ဆံလာပြီး မြန်မာပြည်သူများကိုစာနာ​ကြောင်း​ပြောကြားထားသည့် မလေးရှားနိုင်ငံခြားရေးဝန်ကြီး ဆိုင်ဖူဒင်အဗ္ဗဒူလာကို နီပွန်ဖောင်ဒေးရှင်းဥက္ကဌ ဆာဆာကာဝါကယနေ့လာရောက်တွေ့ဆုံပြီး မြန်မာ့အရေးဆွေးနွေးခဲ့သည်။

သတင်း

မစ္စတာ ဆာဆာကာဝါဟာ နီပွန်ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဖြစ်သလို မြန်မာနိုင်ငံ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ဂျပန် အစိုးရ အထူးသံတမန် အဖြစ် ၂၀၁၃ ကနေစပြီး တာဝန်ပေးအပ်ခြင်းခံရသူလည်းဖြစ်ပါတယ်။

သတင်း

ဒီလိုထောင်ဒဏ် ၁၅နှစ်ချထားပေမယ့် မပိုပည့်သူကို ဆက်လက်တရားစွဲထားတဲ့ပုဒ်မရှိသေးတယ်လို့ နိုင်ငံရေးအကျဉ်းသားအမှုတွေကိုလိုက်ပါဆောင်ရွက်ပေးနေတဲ့ မန္တလေးရှေ့နေအသိုင်းအဝိုင်းဆီက သိရပါတယ်။