Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ဟိုက်ပါဆောနစ် ဒုံးကျည် စမ်းသပ်မှု အောင်မြင်ခဲ့ကြောင်း အမေရိကန်လေတပ် ကြေညာ

အမေရိကန် လေတပ်ရဲ့ လက်နက် နည်းပညာ မြှင့်တင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဟိသ်ကောလင်းစ်က အခု ဒုံးကျည် စမ်းသပ်မှု ရလဒ်ဟာ အမေရိကန် လေတပ်အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

အခက်အခဲပေါင်းစုံ ကြုံတွေ့နေခဲ့တဲ့ ဟိုက်ပါဆောနစ် နည်းပညာသုံး ဒုံးကျည်တစ်စင်းကို ရာနှုန်းပြည့် အောင်အောင်မြင်မြင် ပစ်ခတ် စမ်းသပ်နိုင်ခဲ့ပြီလို့ အမေရိကန် လေတပ်က ကြေညာခဲ့ပါတယ်။

ဟိုက်ပါဆောနစ် ဒုံးကျည် နည်းပညာ တီထွင်မှုတွေမှာ အခက်အခဲတွေ၊ အမှားအယွင်းတွေ ကြုံနေရတယ်လို့ အမေရိကန် စစ်တပ်က ထုတ်ဖော် ဝန်ခံပြီး တစ်လလောက် အကြာမှာ အခုလို အောင်မြင်တဲ့ စမ်းသပ်မှုမျိုး အကောင်အထည် ဖော်လာနိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က လေတပ်ရဲ့ B-52H အမျိုးအစား ဗုံးကြဲ လေယာဉ်ကြီးဟာ မြန်နှုန်းမြင့် တုံ့ပြန်နိုင်တဲ့ မဟာဗျူဟာ ဒုံးကျည် လက်နက်သစ်ကို အမှားအယွင်းမရှိ ပစ်ခတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

တောင်ပိုင်း ကယ်လီဖိုးနီးယားမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်မှုမှာ ဒုံးကျည်ဟာ ဟိုက်ပါဆောနစ် စံသတ်မှတ်ချက်နဲ့အညီ အသံထက် ၅ ဆကျော် မြန်တဲ့နှုန်းနဲ့ ပျံသန်းနိုင်ခဲ့ပါတယ်။ ဟိုက်ပါဆောနစ် နည်းပညာဟာ လက်ရှိ ကမ္ဘာ့ အင်အားကြီး နိုင်ငံတွေကြား အကြိတ်အနယ် ပြိုင်ဆိုင်နေတဲ့ ခေတ်သစ် စစ်ရေး နည်းပညာတစ်ခု ဖြစ်ပါတယ်။ တရုတ်၊ မြောက်ကိုရီးယား၊ ရုရှားတို့လည်း ဟိုက်ပါဆောနစ် ဒုံးကျည်တွေ ပိုင်ဆိုင်ဖို့ သုတေသနပြု တီထွင်နေပြီး ရုရှားဟာ ယူကရိန်း စစ်ပွဲမှာ ဟိုက်ပါဆောနစ် ဒုံးကျည် တစ်စင်းကို ပထမဆုံးအကြိမ် လက်တွေ့ အသုံးပြုခဲ့ပြီး ဖြစ်ပါတယ်။

အမေရိကန် လေတပ်ရဲ့ လက်နက် နည်းပညာ မြှင့်တင်ရေးဌာန အကြီးအကဲ ဗိုလ်ချုပ် ဟိသ်ကောလင်းစ်က အခု ဒုံးကျည် စမ်းသပ်မှု ရလဒ်ဟာ အမေရိကန် လေတပ်အတွက် ကြီးမားတဲ့ အောင်မြင်မှု တစ်ခုအဖြစ် မှတ်ယူနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။

သီအိုရီအရ ဟိုက်ပါဆောနစ် ဒုံးကျည်တွေဟာ ကြားဖြတ် ဟန့်တားဖို့ မဖြစ်နိုင်သလောက် ခက်ခဲတဲ့ မြန်နှုန်းမျိုးနဲ့ ပျံသန်းနိုင်ပါတယ်။ လက်ရှိ ကမ္ဘာအနှံ့မှာ အသုံးပြုနေတဲ့ လေကြောင်း ကာကွယ်ရေးစနစ် အားလုံးလိုလိုဟာ တင်းပြည့်ကျပ်ပြည့် ဟိုက်ပါဆောနစ် စံသတ်မှတ်ချက် ရှိနေတဲ့ ဒုံးကျည်တွေကို တားဆီးနိုင်စွမ်း မရှိကြပါဘူး။

အမေရိကန် လေတပ်ဟာ AGM-183လို့ နာမည်ပေးထားတဲ့ ဝေဟင်က မြေပြင်ပစ် ဟိုက်ပါဆောနစ် ဒုံးကျည်ကို အရင်ကလည်း စမ်းသပ်ဖူးပေမယ့် ရလဒ်တွေက အဆင်မပြေခဲ့ပါဘူး။ မှတ်တမ်းတွေအရ AGM-183ရဲ့ အရင် ၃ ကြိမ် စမ်းသပ်မှုတွေ ကျရှုံးခဲ့တယ်လို့ သိရပါတယ်။

Lockheed Martin ကုမ္ပဏီနဲ့ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနတို့ ပူးပေါင်း ထုတ်လုပ်တဲ့ ဒုံးကျည် စနစ်မှာ စွမ်းအားဖြင့် တွန်းကန် အင်ဂျင်တစ်လုံးက ဒုံးကျည်ကို အသံရဲ့ မြန်နှုန်းထက် ၅ ဆပိုသွားအောင် အရှိန်မြှင့်ပေးလိုက်တာ ဖြစ်ပါတယ်။ ယူကရိန်းမှာ ရန်သူ လက်နက်တိုက် တစ်ခုကို ဟိုက်ပါဆောနစ် ဒုံးကျည်နဲ့ တိုက်ခိုက် ချေမှုန်းခဲ့ကြောင်း ရုရှားက ကြေညာခဲ့ပြီး လပိုင်းလောက် အကြာမှာ အမေရိကန်ကလည်း ဒုံးကျည် စမ်းသပ်မှုအသစ် အောင်မြင်သွားခဲ့တာ ဖြစ်ပါတယ်။

Click to comment

Leave a Reply

Your email address will not be published.

You May Also Like

သတင်း

မလေးရှားနိုင်ငံခြားရေးဝန်ကြီးနဲ့တွေ့ဆုံမှုဟာလည်း NUG ရဲ့ သံတမန်ရေးဆောင်ရွက်ချက်တွေ အရ အသီးအပွင့်ဖြစ်ပြီး မျက်နှာစာသစ် တစ်ခုကိုဖွင့်လှစ်လိုက်နိုင်တာလို့ ဝန်ကြီးဒေါ်ဇင်မာအောင်က ဆိုပါတယ်။

ဗီဒီယို

လူသတ်မှုအတွက် စွပ်စွဲခံရတဲ့ လူငယ်ဟာ မေလ ၁၄ ရက် ညနေပိုင်းက လူစည်ကား ရှုပ်ထွေးနေတဲ့ စူပါမားကက်ထဲ လမ်းလျှောက် ဝင်လာပြီး စတင် ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။ သူက ဖြစ်ရပ်တိုင်းကို ကင်မရာ တစ်လုံးနဲ့ မှတ်တမ်းတင် ဗီဒီယိုရိုက်ပြီး အွန်လိုင်းပေါ်မှာ တိုက်ရိုက် ထုတ်လွှင့်ခဲ့ပါသေးတယ်။

သတင်း

ခေါင်းဆောင်များသည် ဒေသတွင်း တည်ငြိမ်အေးချမ်းရေး ကတိကဝတ်ကို ထပ်လောင်းအတည် ပြုခဲ့ပြီး အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်၊ နိုင်ငံခြားသားများအပါအဝင် နိုင်ငံရေးအကျဉ်း သားအားလုံးကို ပြန်လွှတ်ပေးရန် တို့ကို ဆက်လက်တောင်းဆိုသည်။

နိုင်ငံတကာ

ဒုံးကျည်တွေဟာ အမြင့် ၉၀ ကီလိုမီတာလောက်ထိ ပျံတက်ပြီး ကီလိုမီတာ ၃၆၀ လောက် အကွာအဝေးထိ ရောက်ရှိချိန်မှာ ပင်လယ်ထဲ ကျဆင်းသွားခဲ့ပါတယ်။ အမြင့်ဆုံး မြန်နှုန်းဟာ အသံရဲ့ မြန်နှုန်း ၅ ဆလောက်ထိ ရောက်ရှိခဲ့တယ်လို့လည်း သိရပါတယ်။