Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုင်းပြည်အာဏာလူထုထံပြန်အပ်ဖို့ တွန်းအားပေးမယ်လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးပြော၊ အတိုက်အခံနဲ့ဆွေးနွေးဖို့လည်းစစ်ကောင်စီကို တရုတ်တိုက်တွန်း

မနေ့က ဇူလိုင်လ ၃ ရက်မှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးချိန် ထည့်သွင်းပြောခဲ့တာလို့ ရန်ကုန်မြို့ မှာရှိတဲ့တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး
အာဆီယံအထူးကိုယ်စားလှယ်နဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး

ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ပြန်လည်စတင်ပြီးတိုင်းပြည်အာဏာကို ပြည်သူတွေထံ ပြန်အပ်ဖို့ အာဆီယံနဲ့အတူ တွန်းအားပေးမယ်လို့ ပုဂံကိုရောက်နေတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိကပြောလိုက်ပါတယ်။

မနေ့က ဇူလိုင်လ ၃ ရက်မှာ အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံဆွေးနွေးချိန် ထည့်သွင်းပြောခဲ့တာလို့ ရန်ကုန်မြို့ မှာရှိတဲ့တရုတ်သံရုံးက ထုတ်ပြန်ပါတယ်။

အာဆီယံအထူးကိုယ်စားလှယ်နဲ့ တွေ့ဆုံချိန် စစ်တပ်အာဏာသိမ်းပြီးနောက်ဖြစ်ပေါ်လာတဲ့ မြန်မာ့အရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံရဲ့မျှော်လင့်ချက် ၃ ချက်ကို ပြောပြခဲ့တယ်လို့သိရပါတယ်။

အဲဒီအချက်တွေဟာ အခြေခံဥပဒေအောက်ကနေ မြန်မာနိုင်ငံ ရဲ့ နိုင်ငံရေးပြန်လည်သင့်မြတ်ရေး တွန်းအားပေးဖို့ ၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ပြန်လည်စတင်ပြီး တိုင်းပြည်အာဏာကို လူထုထံပြန်အပ်ဖို့ ၊ အာဆီယံက အာဆီယံ နည်းလမ်းအတိုင်း ပြည်တွင်းရေးကိုဝင်မစွတ်ဖက်ဘဲ ပေါင်းစပ်ညှိနှိုင်းရေး မူနဲ့မြန်မာ့အရေးကို စိတ်ရှည်ရှည်ဖြေရှင်းဖို့ တို့ဖြစ်ပါတယ်။

တရုတ်ရဲ့ မျှော်လင့်ချက် ၃ ချက်ထဲမှာ စစ်တပ်အသာစီးရယူထားတဲ့ အခြေခံဥပဒေအောက်ကနေ မြန်မာ့အရေးကိုအဖြေရှာဖို့ အချက်ကိုတွေ့ရပါတယ်။

နွေဦးတော်လှန်ရေးအင်အားစုတွေကတော့ စစ်အုပ်စုရဲ့ အခြေခံဥပဒေကို လုံးဝဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအခြေခံဥပဒေတစ်ရပ်အသစ်ဆွဲဖို့ စိတ်ပိုင်းဖြတ်ထားကြပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဟာ မဲခေါင်မြစ်ဖြတ်သန်းစီးဆင်းရာ နိုင်ငံတွေကိုစုဖွဲ့ထားတဲ့ လန်ချန်း − မဲခေါင် ပူးပေါင်းဆောင်ရွက်ရေးနိုင်ငံခြားရေးဝန်ကြီးအစည်းအဝေးကို ဥက္ကဋ္ဌအနေနဲ့ ပုဂံမှာကျင်းပဖို့ မြန်မာနိုင်ငံကိုရောက်ရှိနေတာပါ။

ခရီးစဉ်အတွင်းမှာ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့လည်းတွေ့ဆုံခဲ့ပါသေးတယ်။ AFP သတင်းဌာနရဲ့ဖော်ပြချက်အရ အတိုက်အခံတွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ စစ်ကောင်စီကို တရုတ်နိုင်ငံခြားရေးဝန်ကြီးက တိုက်တွန်းခဲ့တယ်လို့သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကော်ဘရာ စစ်ကြောင်းမှူးက “အဲဒီအချိန်မှာ မင်းတပ်ရင်းမှူးကရော”ဟုမေးမြန်းရာ တပ်ကြပ်ကြီးက “သူကအရင်ဦးဆုံးပြေးသွားတာ။ သူပြေးသွားတော့ ကျွန်တော်တို့ လိုက်ပြေးတာ” ဟုဖြေကြားသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇူလိုင် ၃ ရက်)က CHU LDF မှ ထောင်ထားသောပွိုင့်နှစ်ခုမှ မိုင်းများအားရှာတွေ့သွားပြီး ဖော်ယူသွားကြောင်း အသိပေးထားသည်။

သတင်း

မင်းတပ်မြို့ရှိ ချပ်ကျေးရွာနှင့် စွန်တောင်ကျေးရွာတို့အား စစ်ကောင်စီတပ်က ဇူလိုင် ၂ရက်တွင် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ချင်းတိုင်းရင်းသား သုံးဦး သေဆုံးပြီး ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပေါ် ICNCCက ယခုကဲ့သို့ ထုတ်ပြန်ခြင်းဖြစ်သည်။

သတင်း

ညွှန်ကြားချက်များကို ဖောက်ဖျက်ကျူးလွန်ပါက KNUက ချမှတ်ထားသည့် စည်းမျဉ်းဥပဒေနှင့်အညီထိရောက်စွာ အရေးယူမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။