Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ချောင်းဦးမြို့နယ်တွင် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ်သားငါးဦးသေဟု PDF ထုတ်ပြန်

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇူလိုင် ၃ ရက်)က CHU LDF မှ ထောင်ထားသောပွိုင့်နှစ်ခုမှ မိုင်းများအားရှာတွေ့သွားပြီး ဖော်ယူသွားကြောင်း အသိပေးထားသည်။

(ချောင်းဦးမြို့အတွင်း၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားတချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(ချောင်းဦးမြို့အတွင်း၌ လုံခြုံရေးယူနေသော စစ်ကောင်စီ တပ်သားတချို့အား တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ်တွင် ကင်းပုန်းဝပ်ပြီး ခြေကျင်ပြန်လာသော စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါးဦးသေဆုံးကြောင်း Chaung U Local Defence Force (CHU LDF)က ယနေ့(ဇူလိုင် ၄)ထုတ်ပြန် သည်။

ယနေ့နံနက် ၅ နာရီခွဲက ချောင်းဦးမြို့နယ် နတ်ရေကန်ရွာနှင့် ဂွေးပင်တောရွာကြားတစ်နေရာတွင် ကင်းပုန်ဝပ်ရာမှ ပြန်လာသော စစ်ကောင်စီတပ်သားများကို Chaung U Local Defence Force(CHU LDF)မှ မိုင်းစစ်သည်တော်များက ခြေသံလုံလုံဖြင့် အသင့်စောင့်ဆိုင်းကာ မိုင်းခွဲတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြသည်။

ထိုတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ငါးဦးနေရာတင်ပွဲချင်းပြီးသေဆုံးသွားကြောင်း မျက်မြင်တွေ့ရှိသော သတင်းရင်းမြစ်ကိုကိုးကားပြီး ထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ Chaung U Local Defence Force (CHU LDF)ဆိုပြီး ဒီကနေ့အချိန်ထိ ရပ်တည်နေနိုင်တာဟာ ပြည်သူလူထုရဲ့ ဝန်းရံပံ့ပိုးပေးမှုကြောင့်ဖြစ်ပါတယ်။ ပြည်သူလူထုရဲ့ ပံ့ပိုးမှုသာ မရှိရင် ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေအားလုံး ရပ်နားထားရမှာဖြစ်ပါတယ်။ အဲ့ဒီအတွက်ကြောင့် ကျွန်တော်တို့ CHU LDF ကို ယုံယုံကြည်ကြည်နဲ့ ပံ့ပိုးပေးခဲ့ကြ၊ ပံ့ပိုးပေးနေကြဆဲ ပြည်သူတစ်ယောက်ချင်းစီကို ကျေးဇူးအထူးးတင်ရှိပါကြောင်း ပြောကြားလိုပါတယ်။ ဆက်လက်ပြီး ပံ့ပိုးပေးကြဖို့ မေတ္တာရပ်ခံလိုပါတယ်”ဟု CHU LDFမှ ရဲဘော်တစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ယမန်နေ့(ဇူလိုင် ၃ ရက်)က CHU LDF မှ ထောင်ထားသောပွိုင့်နှစ်ခုမှ မိုင်းများအားရှာတွေ့သွားပြီး ဖော်ယူသွားကြောင်း အသိပေးထားသည်။

အထက်ပါတိုက်ခိုက်မှုကို မြောင်မြို့နယ် T.G.R ပြည်သူ့ကာကွယ်ရေးတပ်၊ Farmers Revolution Force (CHU)၊ Monywa Lightning PDF တို့မှ CHU LDF အား ပံ့ပိုးကူညီပေးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

နိုင်ငံခြား​ငွေကို ၂၄ နာရီအတွင်းကျပ်​ငွေမဖြစ်မ​နေ ​ပြောင်းရမည်ဆို​ခြင်းမှ ကင်းလွတ်ခွင့်ကို တရုတ်ရေနံကုမ္ပဏီနှင့် အိန္ဒိယဘဏ်လုပ်ငန်းများကို စစ်ကောင်စီက တရုတ်နိုင်ငံခြား​ရေးဝန်ကြီး ဝန်ယီခရီးစဥ်မတိုင်ခင် ၂ ရက်အလိုတွင်ကင်းလွတ်ခွင့်ပြုလိုက်ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီအနေဖြင့်လည်း KNU တပ်မဟာ(၅) နယ်မြေ၌ AA တပ်စခန်းတည်ရှိမှုကို အသေးစိတ် မဟုတ်သည့်တိုင် သတင်းအချက်အလက်များ သိရှိထားနိုင်ကြောင်း ၎င်းက ပြောသည်။

သတင်း

စစ်အာဏာရှင်၏ စခန်းများကို သိမ်းမည့်တိုက်ပွဲများ မကြာမီ ဖော်ဆောင်မည်ဟု အမျိုးသားညီညွတ်ရေးအစိုးရက ဇွန်လအတွင်း ထုတ်ဖော်ပြောကြားပြီးနောက် ပြည်သူ့ကာကွယ်ရေးအဖွဲ့များကလည်း အသင့်ရှိနေကြောင်း ထုတ်ပြန်ကြေညာလာကြသည်။

သတင်း

အရာတော်မြို့နယ်၊ ငွေတွင်းကျေးရွာသည် ပျူစောထီးကြီးစိုးရာ ရွာတစ်ရွာဖြစ်ပြီး ယင်းရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပေါင်းကာ အရာတော်နယ်အတွင်း ကျေးရွာများအား အကြမ်းဖက်မှုများ လုပ်ဆောင်နေသည်။