Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

တစ်နှစ်အတွင်း ဝန်ကြီးချုပ်သစ် အပြောင်းအလဲ ဖြစ်ခဲ့ပြန်တဲ့ အစ္စရေး

လာပစ်ဒ်ဟာ ယာယီ ဝန်ကြီးချုပ် သဘောမျိုး ဇူလိုင် ၁ ရက်မှာ စတင် တာဝန်ယူပြီး နိုဝင်ဘာ ၁ ရက်မှာတော့ အစ္စရေး ရွေးကောက်ပွဲ အသစ်ကို ကျင်းပမှာ ဖြစ်ပါတယ်။ ဘန်းနက်ကတော့ သူဟာ အဲဒီ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဖို့ ဆုံးဖြတ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

တစ်နှစ်အတွင်း ဝန်ကြီးချုပ်သစ် အပြောင်းအလဲ ဖြစ်ခဲ့ပြန်တဲ့ အစ္စရေး
တစ်နှစ်အတွင်း ဝန်ကြီးချုပ်သစ် အပြောင်းအလဲ ဖြစ်ခဲ့ပြန်တဲ့ အစ္စရေး

တစ်နှစ်လောက် အချိန်အတွင်းမှာပဲ အစ္စရေးမှာ ဝန်ကြီးချုပ် အပြောင်းအလဲ ဖြစ်ခဲ့ပြီး ယဲလာပစ်ဒ်က နိုင်ငံရဲ့ ဝန်ကြီးချုပ်သစ် ဖြစ်လာခဲ့ပါတယ်။

ဝန်ကြီးချုပ်ဟောင်း နက်ဖ်တာလီ ဘန်းနက် ဦးဆောင်နေတဲ့ ညွန့်ပေါင်း အစိုးရ အဖွဲ့ထဲမှာ နိုင်ငံရေး မဟာမိတ်တွေကြား သဘောထား ကွဲလွဲမှုတွေ ဖြစ်ပေါ်ခဲ့တဲ့နောက် မကြာသေးခင်က အစိုးရအဖွဲ့ ပြိုကွဲသွားခဲ့ပါတယ်။ အခုအခါမှာတော့ ဆန်းထရစ် ပါတီရဲ့ အကြီးအကဲဖြစ်တဲ့ လာပစ်ဒ်က ဝန်ကြီးချုပ် ရာထူးကို လက်လွှဲ ယူလိုက်ပါပြီ။ ဘန်းနက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်မှ ဝန်ကြီးချုပ်သစ် ဖြစ်ခဲ့သူပါ။

ဘန်းနက်နဲ့ လာပစ်ဒ်တို့ဟာ ညွန့်ပေါင်း အစိုးရဖွဲ့ဖို့ ညှိနှိုင်းခဲ့ချိန်က အလှည့်ကျ ဝန်ကြီးချုပ်တွေအဖြစ် တာဝန်ယူဖို့ သဘောတူထားခဲ့ကြပါတယ်။ မူလက ဘန်းနက်ဟာ ၂၀၂၃ ခုနှစ်ထိ ဝန်ကြီးချုပ် ရာထူး ရယူထားဖို့ ရည်ရွယ်ပေမယ့် ပြောင်းလဲလာတဲ့ အခြေအနေတွေကြောင့် လာပစ်ဒ်ကို ရာထူး လွှဲပေးခဲ့ရတာ ဖြစ်ပါတယ်။

လာပစ်ဒ်ဟာ ယာယီ ဝန်ကြီးချုပ် သဘောမျိုး ဇူလိုင် ၁ ရက်မှာ စတင် တာဝန်ယူပြီး နိုဝင်ဘာ ၁ ရက်မှာတော့ အစ္စရေး ရွေးကောက်ပွဲ အသစ်ကို ကျင်းပမှာ ဖြစ်ပါတယ်။ ဘန်းနက်ကတော့ သူဟာ အဲဒီ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဖို့ ဆုံးဖြတ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

အစ္စရေး နိုင်ငံရေး အခြေအနေတွေက ရှုပ်ထွေးနေပြီး တစ်ချိန်တည်းမှာပဲ ဘန်းနက် မတိုင်ခင် ဝန်ကြီးချုပ်ဟောင်း ဘင်ဂျမင် နေတန်ညာဟုကလည်း သူ့ရဲ့ နေရာဟောင်းဆီ ရောက်အောင် ပြန်လာမယ်လို့ ကြုံးဝါးနေပါတယ်။ အစ္စရေးနိုင်ငံ သမိုင်းမှာ သက်တမ်း အရှည်ဆုံး ဝန်ကြီးချုပ်အဖြစ် စံချိန်တင်ထားတဲ့ နေတန်ညာဟုဟာ လက်ရှိ လွှတ်တော်ထဲမှာ အင်အား အကြီးဆုံး အတိုက်အခံ အနေနဲ့ အစိုးရကို ဆက်တိုက် ဖိအားပေး စိန်ခေါ်နေနိုင်ဆဲပါ။

အစ္စရေးဟာ ၂၀၁၉ ခုနှစ်၊ ဧပြီလကစလို့ ဝန်ကြီးချုပ် ရာထူးအတွက် ရွေးကောက်ပွဲတွေ အကြိမ်ကြိမ် ကျင်းပနေခဲ့ရပြီး ဘယ်နိုင်ငံရေး အင်အားစုကမှ သောင်ပြိုကမ်းပြို ရလဒ်နဲ့ အနိုင်ရတာမျိုး မရှိခဲ့ပါဘူး။ ဒါကြောင့် ညွန့်ပေါင်း အစိုးရတွေ ဖွဲ့စည်းလိုက်၊ ပြဿနာတက်ပြီး ပြိုကွဲလိုက်နဲ့ သံသရာ လည်နေပါတယ်။ အသက် ၅၈ နှစ်အရွယ် ရုပ်မြင်သံကြား အစီအစဉ်မှူးဟောင်း လာပစ်ဒ်ဟာ နေတန်ညာဟုရဲ့ အာဏာစက် ကြီးစိုးမှုကို ဆုံးခန်းတိုင်စေခဲ့တဲ့ ညွန့်ပေါင်း မဟာမိတ် အင်အားစုကို အဓိက ဦးဆောင် ဖွဲ့စည်းပေးခဲ့သူလည်း ဖြစ်ပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကိုယ်တိုင်လည်း မကြာသေးမီက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲမဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

နိုင်ငံတကာ

အီရန်နဲ့ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှုတွေကို လျှော့မချရင် သမ္မတ နန်းတော်တွေကို ဗုံးကြဲမယ်လို့ အစ္စရေးက ဆီးရီးယား သမ္မတ ဘာရှာ အာဆတ်ဒ်ကို ခြိမ်းခြောက်ထားကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။

ဗီဒီယို

အစ္စရေး စစ်တပ် ကွန်မန်ဒိုဟောင်း တစ်ဦးဖြစ်တဲ့ သန်းကြွယ်သူဌေး ဘန်းနက်တ်က သူ့အစိုးရဟာ မူဝါဒပိုင်း အငြင်းပွားစရာတွေ ရှိခဲ့တယ် ဆိုရင်တောင် နိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင်၊ အလုပ်လက်မဲ့ ပြဿနာ လျော့ပါးအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကာကွယ် ပြောဆိုထားပါတယ်။

သတင်း

အကြမ်းဖက်စစ်ကောင်စီကမူ ၎င်းတို့ကို ‘တရားမဝင်စစ်အစိုးရ’ဟု ပြင်သစ်က သုံးနှုန်းခဲ့မှုနှင့် ကုလသမဂ္ဂအပါအဝင်အနောက်အင်အားကြီးနိုင်ငံများက ပြင်းထန်စွာဝေဖန်ရှုတ်ချခဲ့ခြင်းအပေါ် ကန့်ကွက်ကြောင်း ထုတ်ပြန်ထားသည်။