Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အာဆီယံခေါင်းဆောင်များကို သိက္ခာချသည့် စစ်ကောင်စီအား အဆက်အသွယ်ဖြတ်ရန် NUG တိုက်တွန်း

မကြာသေးမီက အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ၏ ငါးရက်ကြာ မြန်မာခရီးစဉ်အတွင်း စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သော်လည်း ရလဒ်မှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ လက်ချည်းဗလာဖြစ်ခဲ့ရသည်ဟု NUG က ဝေဖန်သည်။

(အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၁ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်​နေစဉ်၊ဓာတ်ပုံ - ရိုက်တာ)
(အင်ဒိုနီးရှားနိုင်ငံတွင် ၂၀၂၁ ဧပြီ ၂၄ ရက်က ကျင်းပသည့် အာဆီယံထိပ်သီး အစည်းအဝေးကို မင်းအောင်လှိုင် တက်ရောက်​နေစဉ်၊ဓာတ်ပုံ - ရိုက်တာ)

▪️အာဆီယံအထူးကိုယ်စားလှယ်​၏ မြန်မာခရီးစဉ် လက်ချည်းဗလာဟုဆို

တရားမဝင်အာဏာသိမ်းစစ်ကောင်စီနှင့် အဆက် အသွယ်ဖြတ်ကာ အမျိုးသားညီညွတ်ရေးအစိုးရနှင့် လက်တွဲဆောင်ရွက်ရန် NUG နိုင်ငံခြားရေးဝန်ကြီးဌာနက တောင်းဆိုလိုက်သည်။

အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ၏ ဒုတိယအကြိမ် မြန်မာခရီးစဉ်အပြီး NUG ထုတ်ပြန်သော ယနေ့ ကြေညာချက်၌ အကြမ်းဖက်စစ်အာဏာရှင်များသည် အာဆီယံကို ပြက်ရယ်ပြုရန်အတွက်သာ ရည်ရွယ်ချက်ရှိကြောင်းကို ရှင်းလင်းသိသာစွာ ကောက် ချက်ချနိုင်သည်ဟု ဖော်ပြသည်။

“အာဆီယံအနေဖြင့် အမျိုးသားညီညွတ်ရေးအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် အသိအမှတ်ပြုခြင်းသည်ကျင့် ၀တ်ပိုင်းဆိုင်ရာ မရှိမဖြစ်လိုအပ်ချက်တစ်ရပ်ဖြစ်ရုံသာမက နိုင်ငံရေးအရ လိမ္မာပါးနပ်သော လုပ်ဆောင်မှုတစ်ရပ်လည်း ဖြစ်ပါသည်။ ထိုသို့ဆောင်ရွက်ခြင်းသည် အာဆီယံ၏ အကောင်းဆုံးသော အကျိုးစီးပွားလည်းဖြစ်ပါသည်” ဟု NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်က ပြောသည်။

အကြမ်းဖက်စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်လှသော အကြမ်းဖက်လုပ်ရပ်များကြောင့် ပေါ်ပေါက်လာရပြီး ဒေသအတွင်း၌ အန္တရာယ်ဖြစ်စေနိုင်သည့် များပြားလှသော အကျပ်အတည်းပြဿနာများကို အတူအတွ ကြိုးပမ်းဖြေရှင်းနိုင်ရန်အတွက် မြန်မာနိုင်ငံအတွင်းတွင်ဖြစ်စေ၊ အာဆီယံဖိုရမ်များမှတစ်ဆင့်ဖြစ်စေ အာဆီယံအဖွဲ့ဝင်နိုင်ငံများနှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် NUG က ကတိကဝတ်ပြုထားကြောင်း ထုတ်ပြန်သည်

ထို့အပြင် အာဆီယံ အထူးကိုယ်စားလှယ် Prak Sokhonn နှင့် အပြည့်အဝပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် တိုးချဲ့လုပ်ဆောင်သွားမည်ဖြစ်ကြောင်းကိုလည်း ဝန်ကြီးဒေါ်ဇင်မာအောင် ထပ်လောင်းပြောကြားသည်။

မကြာသေးမီက အာဆီယံအထူးကိုယ်စားလှယ် Prak Sokhonn ၏ ငါးရက်ကြာ မြန်မာခရီးစဉ်အတွင်း စိတ်အားထက်သန်စွာ ကြိုးပမ်းခဲ့သော်လည်း ရလဒ်မှာ လက်ဆုပ်လက်ကိုင်ပြစရာမရှိဘဲ လက်ချည်းဗလာဖြစ်ခဲ့ရသည်ဟု NUG က ဝေဖန်သည်။

ထိုသို့ဖြစ်ခဲ့ရခြင်းသည် အာဆီယံ၏ တောင်းဆိုချက်တစ်ခုစီတိုင်းကို ပယ်ချကာ အာဆီယံ၏ ဘုံသဘောတူညီချက် ၅ရပ်ကို အကောင်အထည်ဖော်ရန် ကြိုးပမ်းမှုအားလုံးကို စိတ်ပျက်စေရန် ရည်ရွယ်သည့် အကြမ်းဖက်စစ်အုပ်စု၏ ပုံဖော်ထားသည့် ပုံစံအတိုင်းပင်ဖြစ်ကြောင်း NUG က ဆိုသည်။

“လမ်းကြောင်းမှန်ပြင်ဆင်ချမှတ်နိုင်ခြင်း မပြုသေးခင်တွင် ရက်စက်ကြမ်းကြုတ်လှသည့် အကြမ်းဖက် စစ်အုပ်စု၏ အာဆီယံခေါင်းဆောင်များအပေါ် ဂုဏ်သိက္ခာချခြင်းလုပ်ရပ်များအား မည်မျှအထိ သည်းခံကြမည်နည်း”ဟု ဝန်ကြီး ဒေါ်ဇင်မာအောင်က မေးခွန်းထုတ်သည်။

မြန်မာ့အကျပ်အတည်းနှင့်ပတ်သက်၍ မလေးရှားဝန်ကြီး Saifuddin Abdullah က မြန်မာနိုင်ငံအပေါ်တွင် “ဝင်ရောက်မစွက်ဖက်ရေး” မူဝါဒမှ “ဥပေက္ခာမပြုရေး” မူဝါဒတစ်ခုသို့ ပြောင်းလဲကျင့်သုံးရန် အာဆီယံထံ မှန်ကန်စွာ တောင်းဆိုခဲ့သည်။

ထိုတောင်းဆိုမှုသည် အာဆီယံ၏ဂုဏ်သိက္ခာနှင့် အညီဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်ကထပ်လောင်းပြောကြားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

တိုက်ပွဲ ဖြစ်စဥ်မှာ ဇူလှိုင် ၆ရက်  နံနက် ၆ နာရီတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား ကရင်နီတပ်မတော် (KA) နှင့်KNDF B-10၊  B-9 တို့မှ ချည်းကပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇူလိုင် ၁ရက်တွင်လည်း လေးကေ့ကော်ဒေသသို့ ဟောင်ဝစ်ဇာ လက်နက်ကြီးများ အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိခဲ့ဟု ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့ခြင်းကို PDFလုပ်သယောင် မဟုတ်မမှန်ပြောကြားခြင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား PDFအပေါ်အမြင်လွှဲမှားစေရန် စစ်​ကောင်စီကလုပ်ကြုံဖန်တီးခြင်းသာဖြစ်​ကြောင်း PDF(တမူး)ကတုံ့ပြန်သည်။

သတင်း

စစ်ကောင်စီတပ်မှ လက်နက်ကြီးများဖြင့် အလွန်အကျွံ့ အသုံးပြုတိုက်ခိုက်ခဲ့ခြင်း၊ သာလွန် စစ်ကူအင်အားတို့ဖြင့် ပိတ်ဆို့တိုက်ခိုက်ခြင်းတို့ကြောင့် ပူးပေါင်းတပ်ဘက်မှ ၁၁ဦးကျဆုံးခဲ့ရသည်။