Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နိုင်ငံက ဒေဝါလီခံရတော့မယ်လို့ သီရိလင်္ကာ ဝန်ကြီးချုပ်ဝန်ခံ

ဒေဝါလီ ခံလိုက်ရတဲ့ နိုင်ငံတစ်ခုအဖြစ် ဘယ်လို စီမံ ဆောင်ရွက်ရမလဲ ဆိုတာတွေကို လေ့လာ ဆွေးနွေးနေကြောင်း၊ ဆွေးနွေးမှု အဆင့်တိုင်းက ခက်ခဲပြီး ရှုပ်ထွေးလွန်းနေကြောင်း သူက လွှတ်တော် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

နိုင်ငံက ဒေဝါလီ ခံရတော့မယ်လို့ သီရိလင်္ကာ ဝန်ကြီးချုပ် ဝန်ခံ
နိုင်ငံက ဒေဝါလီ ခံရတော့မယ်လို့ သီရိလင်္ကာ ဝန်ကြီးချုပ် ဝန်ခံ

သီရိလင်္ကာနိုင်ငံဟာ ဒေဝါလီ ခံရတဲ့ အခြေအနေမျိုးကို ရောက်နေပြီလို့ ဝန်ကြီးချုပ် ရာနီလ် ဝစ်ရာမန်ဆင်းက ဝန်ခံ ပြောကြားလိုက်ပါတယ်။

သီရိလင်္ကာဟာ ၁၉၄၈ ခုနှစ်မှာ လွတ်လပ်ရေး ရလာတဲ့နောက်ပိုင်း သမိုင်းတလျှောက် အဆိုးရွားဆုံး ကြွေးမြီ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရပါတယ်။ အစိုးရဟာ ဒေါ်လာ ဘီလီယံနဲ့ချီ များပြားတဲ့ ကြွေးမြီတွေကို ပြန်မဆပ်နိုင်သလို ပြည်တွင်းမှာလည်း အမေရိကန်ဒေါ်လာ ပြတ်လပ်မှုကြောင့် လောင်စာဆီနဲ့ တခြား အရေးပါတဲ့ သွင်းကုန်တွေ မဝယ်ယူနိုင်ပါဘူး။

ဒါကြောင့်လည်း သီရိလင်္ကာမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ၊ စက်သုံးဆီကို အပတ်စဉ် ခွဲတမ်း နည်းနည်းလေးနဲ့ ရောင်းချပေးနေရတာတွေ ကြုံနေရပြီး သန်းနဲ့ချီ များပြားတဲ့ ပြည်သူတွေက စားသောက်ကုန်နဲ့ ဆေးဝါးတွေ ဝယ်ယူဖို့လည်း အခက်ကြုံနေပါတယ်။ ဒါ့အပြင် အစိုးရက ဝန်ထမ်းလစာ ပေးချေဖို့အတွက် နိုင်ငံသုံး ရူပီးငွေတွေ အမြောက်အမြား ရိုက်ထုတ်ခဲ့တာကြောင့်လည်း ငွေကြေး ဖောင်းပွမှုတွေပါ ဆိုးရွားနေပါတယ်။

အစိုးရရဲ့ စီးပွားရေးဆိုင်ရာ မူဝါဒတွေကို ပြည်သူတွေက မကျေမနပ် ဆန္ဒပြကြတဲ့ နောက်ပိုင်းမှ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ် ခံရသူ ဝစ်ရာမန်ဆင်းက နိုင်ငံရဲ့ စီးပွားရေး ကဏ္ဍတစ်ခုလုံး ပြိုကျပြီး အရမ်းကျပ်တည်းနေပြီလို့ ပြောပါတယ်။ အခုဆိုရင် လူဦးရေ ၂၂ သန်းလောက်ရှိတဲ့ အာရှတောင်ပိုင်း နိုင်ငံဟာ အခုဆိုရင် ဒေဝါလီ ခံဖို့အတွက် ဆွေးနွေးရတဲ့ အခြေအနေ ဆိုက်နေပြီလို့ သူက ဆိုပါတယ်။

ဒေဝါလီ ခံလိုက်ရတဲ့ နိုင်ငံတစ်ခုအဖြစ် ဘယ်လို စီမံ ဆောင်ရွက်ရမလဲ ဆိုတာတွေကို လေ့လာ ဆွေးနွေးနေကြောင်း၊ ဆွေးနွေးမှု အဆင့်တိုင်းက ခက်ခဲပြီး ရှုပ်ထွေးလွန်းနေကြောင်း သူက လွှတ်တော် မိန့်ခွန်းမှာ ထည့်သွင်း ပြောကြားသွားခဲ့ပါတယ်။

ဒေဝါလီ ခံရမယ့် နိုင်ငံတစ်ခု အနေနဲ့ အကြွေးကိစ္စတွေကို ရေရှည် စီမံကိန်းနဲ့ ပြေလည်အောင် ဆောင်ရွက်ပေးဖို့ အစီအမံတွေကို နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ (IMF)ဆီ သီးခြား တင်သွင်းပြီး IMFက ကျေနပ် လက်ခံရင် ရှေ့ဆက် အကောင်အထည် ဖော်သွားနိုင်မှာဖြစ်ကြောင်း၊ ဒါပေမဲ့ ဒီကိစ္စက ရိုးရိုးရှင်းရှင်း မဟုတ်ကြောင်းလည်း သူက ဆိုပါတယ်။

လောလောဆယ်တော့ သီရိလင်္ကာမှာ စက်သုံးဆီ ရှားပါးပြီး ပြည်ပကနေလည်း ထပ်မတင်သွင်းနိုင်တာကြောင့် ကျောင်းတွေကိုပါ ပိတ်ခိုင်းထားရပါတယ်။ အကြောင်းရင်းကတော့ ကျောင်းအကြိုအပို့ ကိစ္စအတွက် ကုန်ကျမယ့် လောင်စာဆီကို ခြွေတာစေဖို့ပါ။ ကိုလံဘို အပါအဝင် မြို့ကြီးတွေမှာလည်း ဆိုင်ကယ်တွေ၊ သုံးဘီးကားတွေ၊ မော်တော်ယာဉ်တွေ ရာပေါင်းများစွာ တန်းစီပြီး ဆီနည်းနည်းလေး ဝယ်ခွင့်ရဖို့ နာရီပေါင်းများစွာ အချိန်ကုန်နေကြရပါတယ်။

သီရိလင်္ကာဟာ အကြွေးတွေ လည်ပင်းနစ်နေပေမယ့် လောင်စာဆီ အပါအဝင် တခြား အရေးကြီးတဲ့ သွင်းကုန်တွေ ဝယ်ယူဖို့အတွက် နောက်ထပ် ချေးငွေ ရနိုင်အောင် ကြိုးစား ညှိနှိုင်းနေပါတယ်။ လောလောဆယ်တော့ အိန္ဒိယ အစိုးရဟာ ငွေကြိုမပေးရင် လောင်စာဆီ ရောင်းပေးမှာ မဟုတ်ဘူးလို့ သီရိလင်္ကာ အာဏာပိုင်တွေဆီ အကြောင်းပြန်ထားကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

နိုင်ငံတကာ

လာပစ်ဒ်ဟာ ယာယီ ဝန်ကြီးချုပ် သဘောမျိုး ဇူလိုင် ၁ ရက်မှာ စတင် တာဝန်ယူပြီး နိုဝင်ဘာ ၁ ရက်မှာတော့ အစ္စရေး ရွေးကောက်ပွဲ အသစ်ကို ကျင်းပမှာ ဖြစ်ပါတယ်။ ဘန်းနက်ကတော့ သူဟာ အဲဒီ ရွေးကောက်ပွဲမှာ မယှဉ်ပြိုင်တော့ဖို့ ဆုံးဖြတ်ထားကြောင်း အတည်ပြုခဲ့ပါတယ်။

သတင်း

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ရှိုလက်ကိုယ်တိုင်လည်း မကြာသေးမီက စစ်ကောင်စီကျင်းပမည့် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့်ရွေးကောက် ပွဲမဖြစ်နိုင်ကြောင်း ပြောကြားထားသည်။

ဗီဒီယို

လူဦးရေ ၂၂ သန်းလောက် နေထိုင်တဲ့ ကျွန်းနိုင်ငံဟာ သမိုင်းတလျှောက် အဆိုးရွားဆုံး ဘဏ္ဍာရေး အကျပ်အတည်း တစ်ရပ်နဲ့ ကြုံတွေ့နေတာပါ။ ဆီရှားတာကြောင့် နေ့စဉ် ပမာဏ အကန့်အသတ်နဲ့သာ ရောင်းချပေးနေတဲ့ ဆီဆိုင်တွေရှေ့မှာ ကားတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးယာဉ်တွေ တန်းစီနေတဲ့ မြင်ကွင်းတွေကိုလည်း နေ့စဉ် တွေ့နေရပါတယ်။

ဗီဒီယို

အစ္စရေး စစ်တပ် ကွန်မန်ဒိုဟောင်း တစ်ဦးဖြစ်တဲ့ သန်းကြွယ်သူဌေး ဘန်းနက်တ်က သူ့အစိုးရဟာ မူဝါဒပိုင်း အငြင်းပွားစရာတွေ ရှိခဲ့တယ် ဆိုရင်တောင် နိုင်ငံရဲ့ စီးပွားရေး တိုးတက်အောင်၊ အလုပ်လက်မဲ့ ပြဿနာ လျော့ပါးအောင် ထိထိရောက်ရောက် လုပ်ဆောင်နိုင်ခဲ့ကြောင်း ကာကွယ် ပြောဆိုထားပါတယ်။