Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဒီပဲယင်းမြို့နယ်တွင် ဒေသတွင်း PDFအဖွဲ့များနှင့်တိုက်ပွဲ စစ်​ကောင်စီတပ်အထိနာ

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်​နေပြီး မြို့နယ်အနှံ့အပြားတွင်လည်း ​ဒေသကာကွယ်​ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား​နေသည်။

(Freedom Revolution Force အဖွဲ့သားများ တွေ့ရစဥ်။ ဓာတ်ပုံ - FRF)
(Freedom Revolution Force အဖွဲ့သားများ တွေ့ရစဥ်။ ဓာတ်ပုံ - FRF)

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့ညနေပိုင်းက အကြမ်းဖက်စစ်​ကောင်စီတပ်နှင့် ဒေသတွင်း PDF အဖွဲ့များ တိုက်ပွဲဖြစ်ပွားရာ အကြမ်းဖက်စစ်သား ၁၀ဦးခန့်သေဆုံးနိုင်ကြောင်း Freedom Revolution Force (FRF) အဖွဲ့က အသိ​ပေးသည်။

ယမန်နေ့(ဇူလိုင် ၇ ရက်) ညနေ ၆နာရီခွဲက ဒီပဲယင်းမြို့နှင့် နှစ်မိုင်ခန့်အကွာ မဲသည်ရွာနှင့် ဝဘာကျေးရွာအနီးစစ်ကောင်စီတပ်သား ၄၀ခန့်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီတပ်ဘက်က ၁၀ဦးခန့်သေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

အဆိုပါတိုက်ခိုက်မှုအား FRF ရွှေဘိုခရိုင် တပ်ရင်း (၂၄)၊ တပ်ရင်း – ၁၂၊ Galaxy Force ဒီပဲယင်း(ပကဖ)၊ DRPA၊ ဗိုလ်မုတ်ဆိတ်တပ်ဖွဲ့၊ ဒီပဲယင်းမြို့နယ် Local PDF များ အစရှိသည့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(Freedom Revolution Force အဖွဲ့သားများ တွေ့ရစဥ်။ ဓာတ်ပုံ - FRF)
(Freedom Revolution Force အဖွဲ့သားများ တွေ့ရစဥ်။ ဓာတ်ပုံ – FRF)

အထက်ပါဖြစ်စဥ်နှင့်ပတ်သက်၍ FRFထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်းမရှိသေး​ပေ။စစ်​ကောင်စီတပ်၏ သေဆုံးထိခိုက်မှုအခြေအနေနှင့်ပတ်သက်၍ People’s Spring က ထပ်မံအတည်ပြုနိုင်ခြင်းမရှိသေး​ပေ။

သို့​သော် ဒီပဲယင်းနယ်ခံတစ်ဦးက “သေတဲ့အလောင်းတွေကို ဘောလုံးကွင်းထိပ်မှာညပိုင်းအထိ ချထားတယ်။ လာမခေါ်သေးဘူးလို့သိရပြီး အထမ်းတွေနဲ့ ခေါ်သွားတာတွေလည်း တော်တော်များတယ်လို့သိရပါတယ်”ဟု ပြော သည်။

စစ်​ကောင်စီတပ်သည် ယနေ့ (ဇူလိုင်၈ရက်)နံနက်ပိုင်းတွင် ပျံကျကျေးရွာအား ဝင်ရောက်ဖျက်ဆီးမီးရှို့မှုများ ပြုလုပ်နေကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းအတွင်း အကြမ်းဖက်စစ်​ကောင်စီက အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်​နေပြီး မြို့နယ်အနှံ့အပြားတွင်လည်း ​ဒေသကာကွယ်​ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲများဖြစ်ပွား​နေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

ဗီဒီယို

တိုက်ပွဲ ဖြစ်စဥ်မှာ ဇူလှိုင် ၆ရက်  နံနက် ၆ နာရီတွင် လွိုင်ကော်မြို့နယ်၊ လောပိတကျေးရွာအနီးရှိ စစ်ကောင်စီ၏ သင်္ဘောပင်စခန်းအား ကရင်နီတပ်မတော် (KA) နှင့်KNDF B-10၊  B-9 တို့မှ ချည်းကပ်တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ပြီးခဲ့သည့် ရက်ပိုင်းအတွင်းကလည်း အရာတော်-မုံရွာလမ်းပိုင်းအား ဒေသတွင်းပြည်သူ့ကာကွယ်ရေးအဖွဲ့များက လမ်းပိုင်းခေတ္တပိတ်ထားခဲ့ပြီး ဖြတ်သန်းသွားသည့် အကြမ်းဖက်စစ်တပ်ယာဥ်အချိူ့ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရသေးသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇူလိုင် ၁ရက်တွင်လည်း လေးကေ့ကော်ဒေသသို့ ဟောင်ဝစ်ဇာ လက်နက်ကြီးများ အချက်ပေါင်းများစွာ ပစ်ခတ်တိုက်ခိုက်ခဲ့သော်လည်း ကော်ဘရာစစ်သည်များ ထိခိုက်မှုမရှိခဲ့ဟု ထုတ်ပြန်ထားသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများ ပစ်သတ်ခဲ့ခြင်းကို PDFလုပ်သယောင် မဟုတ်မမှန်ပြောကြားခြင်းသည် နှစ်နိုင်ငံ ပြည်သူများအကြား PDFအပေါ်အမြင်လွှဲမှားစေရန် စစ်​ကောင်စီကလုပ်ကြုံဖန်တီးခြင်းသာဖြစ်​ကြောင်း PDF(တမူး)ကတုံ့ပြန်သည်။