Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

KNUနှင့် PDF ပူးပေါင်းတပ်၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီယာဉ်တန်းမှ ကားလေးစီးထိခိုက်

အဆိုပါ တိုက်ခိုက်မှုကို KNLAတပ်မဟာ(၁) တပ်ရင်း (၂)၊ PDFတပ်ရင်း(၂)နှင့် သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု(TPDF)ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

(သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု (TPDF)မှ ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)
(သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု (TPDF)မှ ရဲ​ဘော်များကို ​ရှေ့တန်းတစ်​နေရာ၌ ​တွေ့ရစဥ်)

▪️စစ်ကောင်စီတပ်ဖွဲ့ဝင်များသေဆုံးမှုရှိနိုင်

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၁) နယ်မြေ သထုံမြို့ဘက်မှ ဘီးလင်းမြို့ဘက်သို့သွားသော စစ်ကောင်စီ၏ယာဉ်တန်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)နှင့်ပြည်သူ့ကာ ကွယ်ရေးတပ်(PDF)ပူးပေါင်းအဖွဲ့တို့မှမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်ရှိနိုင်သည်ဟု သထုံ PDFက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇူလိုင် ၁၀ရက်) နံနက် ၃နာရီ ၄၀မိနစ်ခန့်တွင် သထုံမှ ဘီးလင်းမြို့ဘက်သို့သွားသော ယာဉ်တန်းကို ကမာစိုင်ကျေးရွာတစ်လျှောက်၌ မိုင်းဆွဲတိုက်ခိုက်ခဲ့သည်ဟုဆိုသည်။

ထို့သို့ မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီးလက်နက်ငယ်များပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ကားကြီး (၃)စီးနှင့်ကားသေးတစ်စီး ထိခိုက်ပျက်စီးသွားခဲ့ကြောင်း၊ စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးဒဏ်ရာရသူရှိနိုင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ တိုက်ခိုက်မှုကို KNLAတပ်မဟာ(၁) တပ်ရင်း (၂)၊ PDFတပ်ရင်း(၂)နှင့် သထုံမြို့နယ်ပြည်သူ့ကာ ကွယ်ရေးအင်အားစု(TPDF)ပူးပေါင်းအဖွဲ့မှ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

Facebook

You May Also Like

သတင်း

ဆိပ်ခွန်ရွာသည် ရွှေဘိုမြို့အနောက်ဘက်တွင် တည်ရှိပြီး CDM ဝန်ထမ်းများ အားကောင်းရာ ရွာကြီးတစ်ရွာဖြစ်ကာ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးသတ်ဖြတ်မှုများ ခံခဲ့ရသော ရွာကြီးတစ်ရွာ​ဖြစ်သည်။

သတင်း

မုံရွာခရိုင်တွင် မုံရွာ၊ အရာတော်၊ ဘုတလင်၊ ချောင်းဦးဟူ၍ မြို့နယ်လေးမြို့နယ်ပါရှိရာ အရာတော်မြို့နယ်တွင် စစ်ကောင်စီခန့်အုပ် ချုပ်ရေးမှူးတာဝန်ထမ်းဆောင်သည့်ရွာ လေးရွာနှင့် မြို့ပေါ်ရပ်ကွက်သုံးခုသာ ရှိတော့ကြောင်း ၎င်းက ရှင်းပြသည်။

သတင်း

ယခုရက်ပိုင်း စစ်ကောင်စီသည် ရဟတ်ယာဉ်အများအပြားအသုံးပြုကာ လေ​ကြောင်းဖြင့်တိုက်ခိုက်ပြီး ရေဦး၊ ဒီပဲယင်းမြို့နယ်များသို့ ထိုးစစ်ဆင်နေ၍ ဒေသခံပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နိုင်ကြရန် ဒီပဲယင်းမြို့နယ်စစ်ရှောင်ထောက်ပံ့ရေးက အသိပေးထားသည်။

သတင်း

စစ်ကောင်စီတပ်များက အပြစ်မဲ့ ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်ကို နှောက်ယှက် ဖျက်ဆီးခဲ့၍ ပြည်သူများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာ၌ ရှောင်တိမ်းနေထိုင်ကြရကြောင်း ၊ စစ်ရှောင် ပြည်သူများကို တက်နိုင်သည့်ဘက်မှ ဝိုင်းဝန်းကူညီပံ့ပိုး ပေးကြရန် မေတ္တာရပ်ခံကြောင်း ထီးလင်း PDFက ထုတ်ပြန်သည်။