Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်ကောင်စီ၏ လျှောက်လဲချက်များကို ကန့်ကွက်ပယ်ချသော ICJ ၏ စီရင်ချက်ကို NUG ကြိုဆို

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

ဓာတ်ပုံ - ICJ
ဓာတ်ပုံ - ICJ

▪️နိုင်ငံတကာတရားစီရင်ရေးတွင် စစ်ကောင်စီ ၏ကျုးလွန်မှုမှန်သမျှ တာဝန်ခံမှုရှိရေး ဆက်လက် ကြိုးပမ်းမည်ဟု ထုတ်ပြန်

စစ်ကောင်စီ၏ လျှောက်လဲချက်များကို ကန့်ကွက်ပယ်ချခဲ့သော အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၏ စီရင်ချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကြိုဆိုကြောင်း ယနေ့ထုတ်ပြန်သည်။

ICJ ၏ စီရင်ချက်သည် ၂၀၁၆ နှင့် ၂၀၁၇ အတွင်း မြန်မာစစ်တပ်၏ စစ်ဆင်ရေးများ လုပ်နေစဉ် ရိုဟင်ဂျာများသို့ ဦးတည်ခဲ့သော ရက်စက်ကြမ်းကြုတ်မှုများအပေါ် ခိုင်မာသော ကြားနာစစ်ဆေးမှုများ ဆောင်ရွက်ရန် နည်းလမ်းကို ရှင်းလင်းစေကြောင်း NUG က ဆိုသည်။

NUG သည် တရားရုံး၏ စီရင်ပိုင်ခွင့်အာဏာကို လက်ခံကြောင်းနှင့် ကနဦး ကန့်ကွက်ချက်များ အားလုံးကို ရုပ်သိမ်းကြောင်း ဖေဖော်ဝါရီ ၁၀ ရက်ကတည်းက ICJ သို့ ဆက်သွယ်အသိပေးခဲ့ ပြီးဖြစ်သည်။

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

NUG သည် အထက်ပါအမှုနှင့်ပတ်သက်၍ ICJ သို့ အပြည့်အဝ ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်တိုးမြှင့်ကမ်းလှမ်းသွားမည်ဟု အသိပေးသည်။

ထို့အပြင် NUG သည် ကုလသမဂ္ဂ၏ မြန်မာနိုင်ငံအတွက် လွတ်လပ်သော စုံစမ်းစစ်ဆေးရေး ယန္တရား (IIMM)နှင့် နိုင်ငံအဆင့် တရားစွဲဆိုခြင်း ဝန်ဆောင်မှုများသို့ အထောက်အထားများကို ဆက်လက် မျှဝေမည်ဖြစ်ပြီး အခြားသော တရားစီရင်ပိုင်စုများတွင် တာဝန်ခံမှုဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ တိုးတက်လာစေရန် ဆက်လက် ဆောင်ရွက်သွားမည်ဟု ထုတ်ပြန်သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပခုက္ကူမှ မင်းတပ်မြို့သွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းများသည် မင်းတပ်မှ ပြန်လာရာ ပခုက္ကူ၌ ခေတ္တနားပြီး ယာဉ်တန်းလုံခြုံရေးအတွက် ရှေ့ပြေးစစ်ကြောင်းများဖြင့် ရှင်းလင်းရေး လုပ်ဆောင်နေသည့် အပေါ် ဒေသခံ ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

သတင်း

လက်ရှိတွင် ခင်ဦးနယ်၌ စစ်ဘေးရှောင် ၄,၀၀၀ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

သတင်း

ဇူလိုင် ၂၂ရက်က ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲ၌ ပကဖ ရဲဘော် ခုနစ်ဦးနှင့် PDF ရဲဘော် တစ်ဦး စုစုပေါင်း ရှစ်ဦး အမိနိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရ သည်ဟု ဖော်ပြထားသည်။