Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကျိုက်ထိုတွင် စစ်ကောင်စီဂိတ်တစ်ခုကို KNU/PDF ပူးပေါင်းတပ် တိုက်ခိုက်

အဆိုပါ တိုက်ခိုက်မှုကိုကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNU/KNLA) တပ်ရင်း(၃)နှင့် KRF ပူးပေါင်းအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။

ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)
ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) နယ်မြေ ကျိုက်ထိုမြို့နယ် ကင်ပွန်းချောင်း လမ်းပေါ်ရှိ ဝင်းကလော စစ်ကောင်စီဂိတ်အား ယနေ့ (ဇူလိုင် ၂၃ရက်)ညနေပိုင်း၌ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု(KRF)က သတင်းထုတ်ပြန်သည်။

အဆိုပါ တိုက်ခိုက်မှုကိုကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNU/KNLA) တပ်ရင်း(၃)နှင့် KRF ပူးပေါင်းအဖွဲ့မှ ပူးပေါင်းဆောင်ရွက်ခဲ့ခြင်းဖြစ် သည်ဟုဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံးစာရင်းအား မသိရသေးကြောင်းနှင့် ပူးပေါင်းတပ်ဖွဲ့ဘက်မှ ထိခိုက်မှုမရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ထုတ်ပြန်သည်။

KRF အနေဖြင့် စစ်အာဏာရှင်စနစ် ကျဆုံးသည်အထိ ဆက်လက် တိုက်ပွဲဝင်သွားမည်ဖြစ်ပြီး ပြည်သူ လူထု၏ အသက်အိုးအိမ် စည်းစိမ်ကို အသက်ပေး ကာကွယ်စောင့်ရှောက်သွားမည်ဖြစ်ကြောင်း၊ စစ်ကောငစီ လက်ပါးစေများ၊ သတင်းပေးဒလန်များ နှင့် စစ်ကောင်စီထောက်တိုင်များအား ဆက်လက်၍ တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း အသိပေး ကြေညာခဲ့သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်ရှိတွင် ခင်ဦးနယ်၌ စစ်ဘေးရှောင် ၄,၀၀၀ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

သတင်း

ဇူလိုင် ၂၂ရက်က ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲ၌ ပကဖ ရဲဘော် ခုနစ်ဦးနှင့် PDF ရဲဘော် တစ်ဦး စုစုပေါင်း ရှစ်ဦး အမိနိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရ သည်ဟု ဖော်ပြထားသည်။

သတင်း

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။

သတင်း

ယနေ့ (ဇူလိုင်လ ၂၃ရက်) ညနေ ၆နာရီခန့်က မြောင်မြို့နယ်၊ နွေတစ်ချောင်းကျေးရွာ၌ တပ်စွဲထားသောစစ်ကောင်စီတပ်သည် အနီးကျေးရွာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့သည်။