Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ခင်ဦးမြို့နယ်တွင် ဒေသခံများအားသတ်ဖြတ်မီးရှို့ခဲ့သည့် စစ်ကောင်စီတပ်နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

ခင်ဦးမြို့နယ်
ခင်ဦးမြို့နယ်

အကြမ်းဖက်စစ်သား ၉ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့ဟုဆို

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်တွင် ဒေသခံများအားသတ်ဖြတ်မီးရှို့ခဲ့သည့် စစ်ကောင်စီ စစ်ကြောင်း နှင့် ဒေသတွင်း PDFများ တိုက်ပွဲဖြစ်ကာ အကြမ်းဖက်စစ်သား ၉ဦးသေဆုံးပြီး ပြည်သူ့ရဲဘော်နှစ်ဦး ကျဆုံးခဲ့ကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက သတင်းထုတ်ပြန်သည်။

ယမန်နေ့ (ဇူလိုင် ၂၃ရက်)မွန်းလွဲပိုင်းက ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်း ကျေးရွာများအား လှည့်လည်စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်နှင့် ​​ဒေသတွင်း ပြည်သူ့ကာကွယ်ရေး ရဲဘော်များ မောင်းကျောက်တော ကျေးရွာအနီးတွင် ၂နာရီ ကြာထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ၉ဦး သေဆုံးပြီး ပြည်သူ့ကာကွယ်ရေး တပ်မှ ရဲဘော်၂ဦး ကျဆုံးခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်တစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လက်နက်အင်အားမမျှ၍ ဆုတ်ခွာခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် အသိပေးသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ ဒေသတွင်း အဖွဲ့များထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြား ခြင်းမရှိသေးပေ။

စစ်ကောင်စီတပ်၏ ထိခိုက်သေဆုံးမှုများနှင့်ပတ်သက်၍ People’s Spring ကထပ်မံအတည်ပြု နိုင်ခြင်းမရှိသေးပေ။

ထို့အပြင် ဒဏ်ရာရ အကြမ်းဖက်စစ်သားများအား ယနေ့နံနက်ပိုင်းတွင် မောင်းကျောက်တောရွာ အရှေ့ဘက် သရက်ခြံထဲတွင် ဆေးကုသနေကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ခင်ဦးနယ်စပ် ကန့်ဘလူနယ် ကျီစုကျေးရွာရှိ ပြည်သူပိုင်နေအိမ်များ မီးရှို့ဖျက်ဆီးခဲ့၍ ဒေသခံ၂၀နီးပါး အကြမ်းဖက် သတ်ဖြတ်ခဲ့သော စစ်ကြောင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ပခုက္ကူမှ မင်းတပ်မြို့သွားသည့် စစ်ကောင်စီတပ်ယာဉ်တန်းများသည် မင်းတပ်မှ ပြန်လာရာ ပခုက္ကူ၌ ခေတ္တနားပြီး ယာဉ်တန်းလုံခြုံရေးအတွက် ရှေ့ပြေးစစ်ကြောင်းများဖြင့် ရှင်းလင်းရေး လုပ်ဆောင်နေသည့် အပေါ် ဒေသခံ ကာကွယ်ရေးတပ်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

လက်ရှိတွင် ခင်ဦးနယ်၌ စစ်ဘေးရှောင် ၄,၀၀၀ကျော်ရှိနေပြီး အကူအညီများ လိုအပ်နေကြောင်း ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်ထားသည်။

သတင်း

ဇူလိုင် ၂၂ရက်က ဖြစ်ပွားခဲ့သည့် ယင်းတိုက်ပွဲ၌ ပကဖ ရဲဘော် ခုနစ်ဦးနှင့် PDF ရဲဘော် တစ်ဦး စုစုပေါင်း ရှစ်ဦး အမိနိုင်ငံတော်အတွက်အသက်ပေးလှူခဲ့ရ သည်ဟု ဖော်ပြထားသည်။

သတင်း

တာဝန်ခံမှုနှင့် နစ်နာဆုံးရှုံးမှုများကို အစားလျော်ပေးခြင်းတို့သည် ဆက်လက်၍ တွန်းအားပေးသော မရှိမဖြစ် အချက်များဖြစ်ရန်လိုအပ်ကြောင်းလည်း NUG က တိုက်တွန်းသည်။