Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်မြို့လယ်မှ ယာဥ်ထိန်းရဲကင်း ဗုံးပေါက်ကွဲပြီး ယဥ်ထိန်းရဲအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာရ

လက်ရှိကာလတွင် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီ ပစ်မှတ်များနှင့် ဝေးဝေးနေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးနေသည်။

ဓာတ်ပုံ - CJ
ဓာတ်ပုံ - CJ

အရပ်သားအမျိုးသမီးတစ်ဦး သေဆုံးခဲ့ရ

မူဆယ်မြို့လယ်မှ ယာဥ်ထိန်းရဲကင်းဗုံးပေါက်ကွဲပြီး ယဥ်ထိန်းရဲတစ်ဦးအပါအဝင် စစ်ကောင်စီ တပ်ဖွဲ့ဝင်လေးဦး ဒဏ်ရာအပြင်းအထန်ရကာ အရပ်သား အမျိုးသမီးတစ်ဦး သေဆုံးသွားခဲ့သည်။

မူဆယ်မြို့ အမှတ်(၁) စျေးရုံအနီးယာဥ်ထိန်းရဲကင်းမှာ ယနေ့နံနက် ၁၁နာရီ ၁၀ မိနစ်ခန့်တွင် ဗုံးဖောက်ခွဲခံရ​​​ခြင်း ဖြစ်သည်။

“စစ်ကောင်စီဘက်က ယဥ်ထိန်းရဲတစ်ယောက်၊ ပြည်သူ့စစ်သုံးယောက် ထိတာ။ ဒဏ်ရာပြင်းထန် တယ်။ အရပ်သားအမျိူးသမီးနှစ်ယောက်ဒဏ်ရာရပြီး တစ်ယောက်သေဆုံးသွားတယ်”ဟု မူဆယ်မြို့ဒေသခံတစ်ဦးက ပြောသည်။

ဒဏ်ရာရသွားသည့် ယဥ်ထိန်းရဲနှင့် ပြည်သူ့စစ်သုံးဦးစလုံး အခြေအနေဆိုးရွား နေမှုနှင့်ပတ်သက်ပြီး ၎င်းက ” စခတွေ မသေသေးဘူး။ လှုပ်နေသေးတယ်”ဟု ပြောသည်။

လက်ရှိကာလတွင် စစ်အာဏာရှင်ပြုတ်ကျရေး တိုက်ခိုက်မှုအရှိန်မြှင့်မည်ဖြစ်၍ စစ်ကောင်စီ ပစ်မှတ်များနှင့် ဝေးဝေးနေရန် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက မကြာခဏ သတိပေးနေသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

စစ်အုပ်စုရဲ့သတင်းဖြန့်ချက်အရ မဟာအောင်မြေမြို့နယ် ထွေအုပ်ရုံးမှာ အခမ်းအနားလုပ်ပြီး လက်နက် တပ်ပေးခဲ့တာလို့သိရပါတယ်။

သတင်း

ဇူလိုင်အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းဖြင့် (၂၁)ကြိမ်တိုက်ခိုက်ခဲ့ပြီး လက် နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ နှစ်ဦးသေဆုံးခဲ့ကာ စစ်ကြောင်းထိုးစဥ် ပြည်သူနေအိမ် တစ်လုံးကို မီးရှို့ဖျက်စီးခဲ့ကြောင်း အသိပေးသည်။

သတင်း

အောင်မြေသာစံမြို့နယ် မြောက်ပြင်ရပ် ၈၆ လမ်းနဲ့ ၈ လမ်းမှာရှိတဲ့နေအိမ်ကို ဝင်စီးကာ လူငယ် ၁၀ ဦးခန့်ဖမ်းဆီးသွားတာလို့ သိရပါတယ်။

သတင်း

ယနေ့ (သြဂုတ် ၁ရက်) နံနက် ၇နာရီဝန်းကျင်က အဆိုပါ စည်ပင်အရာရှိအား မုံရွာမြို့ပေါ်ရပ်ကွက် တစ်ခုတွင် သေနတ်ဖြင့် ပစ်ခတ်ရှင်းလင်းသွားခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။