Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လက်ပံတန်းမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး၊ ပျူခေါင်းဆောင်ကို သာယာဝတီခရိုင် PDF ရှင်းလင်း

ယနေ့နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့ မြို့မရပ်ကွက်မှ ပျူစောထီး ခေါင်းဆောင်လည်းဖြစ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ စိုးမင်းဆိုသူအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

(သာယာဝတီခရိုင် PDF မှ ပစ်ခတ်ရှင်းလင်းခဲ့သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်းအား တွေ့ရစဥ်)
(သာယာဝတီခရိုင် PDF မှ ပစ်ခတ်ရှင်းလင်းခဲ့သူ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်းအား တွေ့ရစဥ်)

ဇေယျာသော်စစ်ဆင်ရေးအနေဖြင့် ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး တစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သာယာဝတီခရိုင် PDF တပ်ရင်း (၃၈၀၂)၊ တပ်ခွဲ (၄)၊ ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(သြဂုတ် ၈)တွင် ထုတ်ပြန်သည်။

ယနေ့နံနက် ၇ နာရီခန့်က လက်ပံတန်းမြို့ မြို့မရပ်ကွက်မှ ပျူစောထီး ခေါင်းဆောင်လည်းဖြစ် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးလည်းဖြစ်သူ စိုးမင်းဆိုသူအား သေနတ်ဖြင့် နှစ်ချက်ပစ်ခတ် ရှင်းလင်းခဲ့ကြောင်း ဖော်ပြသည်။

ရှင်းလင်းခံရသော အုပ်ချုပ်ရေးမှူး စိုးမင်းသည် လက်ပံတန်းမြို့နယ်မှ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြသူများနှင့် CDM ဝန်ထမ်းများအား စစ်တပ်နှင်ရဲကိုခေါ်၍ ဖမ်းဆီးခိုင်းသူ တစ်ဦးဖြစ်သည့်အပြင် စစ်ကောင်စီဝင်ငွေရစေမည့် မီတာခများကောက်ခံပေးခြင်းတို့ကိုလည်း ပြုလုပ်ခဲ့သူဖြစ်ကြောင်း ထောက်ပြသည်။

“အကြမ်းဖက်စစ်အုပ်စုအား စိတ်ရောကိုယ်ပါ အားပေးဆောင်ရွက်နေကြသည့် စစ်ကောင်စီ ထောက်တိုင်မှန်သမျှကို အမြစ်ပြတ်ရှင်းလင်းသွားရန် ဇေယျာသော် စစ်တင်ရေးအနေဖြင့် တိုက်ခိုက်မှုများ စတင်နေပြီဖြစ်၍ ပြည်သူလူထုအနေဖြင့် စစ်ကောင်စီထောက်တိုင်များအနီး သွား လာနေထိုင်ခြင်းကို လုံးဝ(လုံးဝ)မပြုလုပ်ဖို့လည်း ကြို တင်မေတ္တာရပ်ခံ အသိပေးအပ်ပါသည်”ဟု ရွှေတန်းမြေ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။

စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး စိုးမင်းသည် စစ်ကောင်စီထောက်တိုင်အဖြစ် အုပ်ချုပ်ရေးမှူးတာဝန် ထမ်းတောင်ရုံမျှမက ပျူစောထီးအဖွဲ့ကိုလည်း ဦးဆောင်ဖွဲ့စည်းထားပြီး ပြည်သူလူထုအပေါ် အမျိုးမျိုးဒုက္ခပေးနေကြောင်း စိစစ်တွေ့ရှိရသဖြင့် ယခုကဲ့သို့ အရေးယူဆောင်ရွက်ခဲ့ ခြင်းဖြစ်ကြောင်း အသိပေးထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

"ရန်ကုန်က ဒီနေ့ တော်တော်လေး ထူးခြားနေတယ်။ ဒီကောင်တွေ (စစ်ကောင်စီ) ဘာကိုလန့်နေ တယ်မသိဘူး" ဟု အငှားယာဥ်မောင်းတစ်ဦးက ပြောသည်။

သတင်း

သြဂုတ် ၂ ရက် နံနက် အစောပိုင်းတွင် ဒီးမော့ဆိုမြို့ ငွေတောင်အခြေစိုက် ခမရ (၄၂၇) တပ်စခန်းမှ စံပြ(၆) မိုင်ဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်များနှင့် KNDF B09တို့ ထိတွေ့ တိုက်ပွဲ တနေကုန်နီးပါး ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။

သတင်း

ဩဂုတ်(၇)ရက် မနက်(၆)နာရီခွဲအချိန်က ကေအဲန်ယူ-လယ်ဒိုမြို့နယ်မှာ စစ်ကောင်စီတပ်က ဒိုးဒါးတာစုံကနေ လိန်ပင်ကျေးရွာထဲကို လက်နက်ကြီးငါးလုံး ပစ်ခတ်ခဲ့ပြီး အဲ့ဒီပစ်ခတ်မှုမှာ လိန်ပင်ကျေးရွာက အသက်(၂၁)အရွယ်ရှိတဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားခဲ့တာကပါ။

သတင်း

ဦးမျိုးသန့်ဖေဟာ NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ် အတွင်း တရုတ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်အဖြစ် ခန့်အပ်ခံရသူဖြစ်ပါတယ်။