Connect with us
close

Hi, what are you looking for?

LuduNwayOo

ဗီဒီယို

အောင်ဆန်းကွင်းက ပစ္စည်းပို့ဆောင်ရေးဂိတ်တွေကို စစ်ကောင်စီ ပိတ်သိမ်း

အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ညွှန်ကြားခဲ့ပါသေးတယ်။

ရန်ကုန်မြို့၊အောင်ဆန်းကွင်းပတ်လည်မှာရှိတဲ့ ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဂိတ်တွေကို ဒီကနေ့သြဂုတ် ၄ ရက်ကစပြီး အကန့်အသတ်မရှိပိတ်ခိုင်းလိုက်ပါတယ်။

ပြီးခဲ့တဲ့ ဇွန်လအတွင်းကလည်း ဒီလိုပိတ်သိမ်းခဲ့ခိုင်းပေမယ့် ရက်ပိုင်းအကြာမှာပဲ ပြန်လည်ဖွင့်ခွင့်ပေးခဲ့တာပါ။

ဒီတစ်ကြိမ်မှာတော့ အချိန်အကန့်အသတ်မရှိပိတ်ခိုင်းတာဖြစ်ပြီး ပြန်ဖွင့်ခွင့်ရချင်မှလည်းရမယ်လို့ ကားဂိတ်တစ်ခုက ဝန်ထမ်းကပြောပါတယ်။

အောင်ဆန်းကွင်းက မြို့လယ်မှာရှိတာကြောင့် အောင်မင်္ဂလာအဝေးပြေးအထိပို့ရတာထက်စာရင် အချိန်ကုန် သက်သာသလို တော်တော်အဆင်ပြေတယ်လို့ ပစ္စည်းသယ်ယူပို့ဆောင်ရေးလုပ်ဆောင်သူတွေကပြောပါတယ်။

အောင်ဆန်းကွင်းဂိတ်တွေကို ပိတ်လိုက်ရတာကြောင့် ပစ္စည်းရောက်ရှိချိန် ရက်ကြာခဲ့ရင် နားလည်ပေးကြဖို့ ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှုပေးနေသူအချို့က ဖေ့စ်ဘွတ်ခ်ကနေအသိပေးလာတာတွေရှိနေပါတယ်။

စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းတွေကို ရန်ကုန်ကနေ နယ်မြို့တွေဆီ သယ်ယူ ပို့ဆောင်တာတွေကို အောင်ဆန်းကွင်းက ဂိတ်တွေကနေ အများဆုံးဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။

အောင်ဆန်းကွင်းကို ပြီးခဲ့တဲ့ ဇူလိုင်လ လဆန်း က စစ်ကောင်စီခေါင်းဆောင် လာရောက်ခဲ့ပြီး ကွင်းကိုအဆင့်မြှင့်တင်မှုတွေလုပ်မယ်လို့ ညွှန်ကြားခဲ့ပါသေးတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အထိနာသည့် စစ်ကောင်စီတပ်သည် (၅၅)မိုင်ရွာအတွင်းမှ အပြစ်မဲ့ ပြည်သူအချို့ကို ဖမ်းဆီးထားပြီး ညပိုင်းတွင် ရာဇဂြိလ်ရွာအတွင်း လက်နက်ကြီးများ ပစ်ခတ်၍ ဝင်ရောက်မွှေနှောက်ခဲ့ရာ ကလေး PDF တပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားလျက်ရှိကြောင်းအသိပေးထားသည်။

သတင်း

အမေရိကန်အစိုးရသည် တရားမဝင်အာဏာသိမ်းအကြမ်းဖက်စစ်ကောင်စီကို အကြိမ်ရေ ဒါဇင် ကျော် အရေးယူပိတ်ဆို့မှုပြုလုပ်ထားသော်လည်း စစ်ကောင်စီ၏ အဓိကဝင်ငွေရလမ်းဖြစ်သည့် MOGE ကို အရေးယူခြင်းမရှိသေးပေ။

သတင်း

ယနေ့(သြဂုတ် ၄ ရက်) ညနေ ၆ နာရီခန့်ကစ၍ အရာတော်မြောက်ဘက်ရှိ ဘောင်းကျကျေးရွာနှင့် တောင်ဘက်ရှိ မင်းရွာကို စစ်ကောင်စီက တပြိုင်နက်တည်း လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ သည်ဟု ဆိုသည်။

ဆောင်းပါး

နိုင်ငံရေး အကျဉ်းသားတွေကို တရားလက်မဲ့ ကွပ်မျက်ခဲ့တဲ့အပေါ် တုံ့ပြန်တဲ့ အနေနဲ့ မြန်မာ စစ်ကောင်စီရဲ့ စွမ်းအင် ထုတ်လုပ်မှု ကဏ္ဍကို တင်းတင်းကျပ်ကျပ် အရေးယူ ပိတ်ဆို့ဖို့ အမေရိကန် အစိုးရက စဉ်းစားနေကြောင်း သိရပါတယ်။