Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

လူ ၁၄ ဦး သေဆုံးတဲ့ နိုက်ကလပ် မီးလောင်မှုကို အသေးစိတ် စုံစမ်းဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

၂၀၀၉ ခုနှစ်တုန်းက ဘန်ကောက်မှာရှိတဲ့ ဆန်တီကာ နိုက်ကလပ်မှာ အကြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၆၇ ဦးသေ၊ ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတုန်းက Burnဆိုတဲ့ Rock ဂီတအဖွဲ့ စင်ပေါ်မှာ ဖျော်ဖြေနေတုန်း မီးရှူး မီးပန်းတွေ ပစ်ဖောက်ရာက မီးကူးစက် လောင်ကျွမ်းခဲ့တာပါ။

လူ ၁၄ ဦး သေဆုံးတဲ့ နိုက်ကလပ် မီးလောင်မှုကို အသေးစိတ် စုံစမ်းဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား
လူ ၁၄ ဦး သေဆုံးတဲ့ နိုက်ကလပ် မီးလောင်မှုကို အသေးစိတ် စုံစမ်းဖို့ ထိုင်းဝန်ကြီးချုပ် ညွှန်ကြား

လူ ၁၄ ဦးထက်မနည်း သေဆုံးခဲ့တဲ့ နိုက်ကလပ် မီးလောင်မှုနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ အသေးစိတ် လုပ်ဆောင်ဖို့ ထိုင်းဝန်ကြီးချုပ်က အမိန့်ထုတ်လိုက်ပါတယ်။

ဩဂုတ် ၅ ရက် မနက်အစောပိုင်းက ချောင်ဘူရီမှာရှိတဲ့ ဆက်တာဟစ် ရပ်ကွက်ထဲက Mountain B နိုက်ကလပ်မှာ ဆိုးရွားလှတဲ့ မီးလောင်မှုတစ်ခု ဖြစ်ခဲ့တာပါ။ အခင်းဖြစ်ချိန်က ရိုက်ကူးထားတဲ့ ဗီဒီယိုတွေအရ နိုက်ကလပ် အဆောက်အအုံမှာ မီးတောက်မီးလျှံတွေ အရှိန်ပြင်းပြင်း ကူးစက် လောင်ကျွမ်းနေပြီး ခန္ဓာကိုယ်မှာ မီးစွဲလောင်သူ တချို့လည်း အပြင်ဖက်ကို သွေးရူးသွေးတမ်း ပြေးထွက်လာတာ တွေ့ရပါတယ်။

သေဆုံးသူတွေထဲမှာ ကလပ်ထဲက စတိတ်စင်ပေါ် သီဆို ဖျော်ဖြေနေခဲ့တဲ့ အဆိုတော် တစ်ယောက်လည်း ပါဝင်ခဲ့ကြောင်း သိရပါတယ်။ လက်မောင်းနဲ့ ရင်ဘတ်မှာ မီးလောင်ဒဏ်ရာတွေ ရခဲ့ပေမယ့် အသက်ဘေးက လွတ်မြောက်ခဲ့သူ တစ်ယောက်က မီးခိုးလုံးတွေ ဖုံးလွှမ်းပြီး ဘာမှ မမြင်ရတဲ့ အခြေအနေကနေ စမ်းတဝါးဝါးနဲ့ အပြင်ရောက်လာတာ ဖြစ်ကြောင်း၊ ထွက်ပေါက်ဖက်ကို လူတွေ အစုလိုက် အပြုံလိုက် ဝိုင်းတိုးရင်း အကြီးအကျယ် ထိတ်လန့်နေခဲ့ကြကြောင်း သူ့ရဲ့ အတွေ့အကြုံကို ပြောပြခဲ့ပါတယ်။

ကယ်ဆယ်ရေးတွေက ရုပ်အလောင်း ၁၄ ခု ရှာတွေ့ခဲ့ပြီး လူပေါင်း ၄၀ လောက်ကို ဆေးရုံ တင်ပို့ခဲ့ရကြောင်း ပြောပါတယ်။ မျက်မြင်တွေရဲ့ အဆိုအရ ဖျော်ဖြေရေး စင်မြင့် အနောက်ဖက်မှာ မီးခိုးလုံးတွေ စထွက်လာတာ တွေ့ခဲ့ရပြီး စင်နားတဝိုက် နံရံတွေမှာ မီးလောင်လွယ်တဲ့ ဆေးအမြှုပ်တွေ ရှိနေတာကြောင့် မီးကူးစက်မှု ပိုမြန်သွားတာလို့ သိရပါတယ်။

ကနဦး အတည်ပြုထားတဲ့ သေဆုံးသူ ၁၄ ဦးဟာ အမျိုးသမီး ၄ ဦးနဲ့ အမျိုးသား ၁၀ ဦး ဖြစ်ပါတယ်။ အလောင်း အများစုကို အိမ်သာ အဝနားမှာ အစုလိုက် တွေ့ရှိထားတာဖြစ်ပြီး အားလုံးလိုလို ဆိုးဆိုးရွားရွား မီးလောင်ကျွမ်းထားကြပါတယ်။ သေဆုံးသူ အားလုံး ထိုင်းနိုင်ငံသားတွေလို့လည်း ယုံကြည်ရပါတယ်။

ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာက ဌာနဆိုင်ရာ အကြီးအကဲတွေ အနေနဲ့ ဒီဖြစ်စဉ်ကို အစွမ်းကုန် အားထည့် စုံစမ်းကြဖို့ ညွှန်ကြားလိုက်ပါတယ်။ ပြည်ထဲရေး ဝန်ကြီး အနူပွန် ပေါင်ချင်ဒါက Mountain Bဟာ စည်းမျဉ်း သတ်မှတ်ချက်နဲ့ ညီညွတ်တဲ့ လိုင်စင်မျိုးနဲ့ မဟုတ်ဘဲ ဖွင့်လှစ်ထားတဲ့ နိုက်ကလပ်လို့ ယုံကြည်ရကြောင်း ပြောကြားခဲ့ပါတယ်။

လောလောဆယ်တော့ ရဲတွေက မီးစလောင်မှုနဲ့ ပတ်သက်လို့ အကြောင်းအရင်း အတည်ပြုနိုင်ဖို့ ကြိုးစားနေပြီး အင်ဂျင်နီယာတွေကလည်း တစ်ထပ် အဆောက်အအုံရဲ့ ကြံ့ခိုင်မှု အခြေအနေကို စစ်ဆေးနေပါတယ်။ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်း အထူးအောင်မြင်တဲ့ ထိုင်းနိုင်ငံမှာ နိုက်ကလပ်တွေ၊ ဘားတွေ မရေမတွက်နိုင်အောင် ပေါများနေပေမယ့် လုံခြုံရေး စံနှုန်း အားနည်းချက်တွေနဲ့ ပတ်သက်လို့ စိုးရိမ်စရာ ပြဿနာတွေလည်း ရှိနေပါတယ်။

၂၀၀၉ ခုနှစ်တုန်းက ဘန်ကောက်မှာရှိတဲ့ ဆန်တီကာ နိုက်ကလပ်မှာ အကြီးအကျယ် မီးလောင်မှု ဖြစ်ခဲ့ပြီး လူ ၆၇ ဦးသေ၊ ၂၀၀ ကျော် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီတုန်းက Burnဆိုတဲ့ Rock ဂီတအဖွဲ့ စင်ပေါ်မှာ ဖျော်ဖြေနေတုန်း မီးရှူး မီးပန်းတွေ ပစ်ဖောက်ရာက မီးကူးစက် လောင်ကျွမ်းခဲ့တာပါ။

၂၀၁၂ တုန်းကလည်း ဖူးခက် အပန်းဖြေကျွန်းက နိုက်ကလပ် တစ်ခုမှာ ဝါယာရှော့ကြောင့် မီးလောင်ပြီး လူ ၄ ဦး သေဆုံးခဲ့ဖူးကြောင်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

လက်နက်ကြီး ပစ်ကူများအသုံးပြုပြီး စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်များနှင့် ၂နာရီကြာ တိုက်ပွဲဖြစ်ပြီးညနေပိုင်းတွင် စစ်ကောင်စီတပ်များ ပြန်လည်ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

နိုင်ငံတကာ

ဘတ်စ်ကားဟာ ခရိုအေးရှားရဲ့ မြို့တော် ဇာဂရက်ဘ် အရှေ့မြောက်ပိုင်းက ဂျာရက်ခ် ဘီဆက်ကီနဲ့ ပေါ့ဒ်ဗိုရက်ဗ် မြို့တွေကြားက အဝေးပြေး လမ်းပိုင်းမှာ လမ်းဘေး လျှိုထဲ ထိုးကျသွားခဲ့တာ ဖြစ်ပါတယ်။

သတင်း

ဒီကနေ့ ဩဂုတ်(၆)ရက် မွန်းလွဲ ၂ နာရီအချိန်ခန့်က မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က သုံးထပ်ကွေ့အနီးရှိ တောင်ကုန်းတစ်ခုပေါ်ကို စစ်ကောင်စီရဲ့ တပ်မ(၄၄)လက်အောက်ခံတပ်တွေက ကျူးကျော်ဖို့ကြိုးစားခဲ့တာပါ။

သတင်း

အလောင်းများကို လှည်းဖြင့်သယ်သွားခဲ့ပြီး၎င်းတိုက်ပွဲကိုKPK၊ TSR၊Taze Tiger၊ တပ်ရင်း ၆၊၈၊၁၀၊၁၆၊ ပကဖ၊ ပလဖတို့က ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တန့်ဆည် ပ.က.ဖ အဖွဲ့က ပြောသည်။