Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ထိုင်ဝမ်ရဲ့ ထိပ်တန်း လက်နက် ပညာရှင်တစ်ဦး ရုတ်တရက် ကွယ်လွန်

အိုးယန်ရဲ့ ဟိုတယ်ခန်း ပြတင်းပေါက်တွေက အတွင်းဖက်ကနေ ပိတ်ထားဆဲ ဖြစ်သလို ဖောက်ထွင်း ဝင်လာတဲ့ လက္ခဏာမျိုး၊ ခိုက်ရန် ဖြစ်ပွားထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ မရှိဘူးလို့ ဆိုပါတယ်။

ထိုင်ဝမ်ရဲ့ ထိပ်တန်း လက်နက် ပညာရှင်တစ်ဦး ရုတ်တရက် ကွယ်လွန်
ထိုင်ဝမ်ရဲ့ ထိပ်တန်း လက်နက် ပညာရှင်တစ်ဦး ရုတ်တရက် ကွယ်လွန်

ထိုင်ဝမ်ရဲ့ စစ်လက်နက် နည်းပညာဆိုင်ရာ ထိပ်တန်း ပညာရှင် တစ်ဦး ရုတ်တရက် ကွယ်လွန်သွားကြောင်း သိရပါတယ်။

တရုတ်နဲ့ စစ်ရေး တင်းမာမှုတွေ မြင့်တက်နေတဲ့ အချိန်မျိုးမှာ အိုးယန်လီဆင် ရုတ်တရက် ကွယ်လွန်သွားခြင်းက ထိုင်ဝမ် အစိုးရအတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာပါတယ်။ အသက် ၅၇ နှစ်အရွယ် အိုးယန်ဟာ ထိုင်ဝမ် စစ်တပ်ပိုင် အမျိုးသား ချွန်ရှန်း သိပ္ပံနဲ့ နည်းပညာ ဌာနမှာ ဒုတိယ အကြီးအကဲအဖြစ် တာဝန်ယူထားသူပါ။ သူဟာ ထိုင်ဝမ်တောင်ပိုင်းကို ခရီးသွားရင်း ဩဂုတ် ၆ ရက် မနက်ပိုင်းမှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။

ဟိုတယ်ဝန်ထမ်းတွေက သူ့ကို ဆက်သွယ်လို့ မရတာကြောင့် ဟိုတယ်ခန်းထဲ သွားရောက် စုံစမ်းချိန်မှာ အိုးယန်ရဲ့ အလောင်းကို တွေ့ရှိခဲ့ပါတယ်။ ရဲတွေက သေဆုံးမှု အကြောင်းရင်းဟာ နှလုံး ဖောက်ပြန်တာကြောင့်လို့ ကောက်ချက် ချခဲ့ပြီး ပြင်ပ ပယောဂ တစ်စုံတရာ မရှိနိုင်ဘူးလို့ ယူဆကြပါတယ်။

အိုးယန်ရဲ့ ဟိုတယ်ခန်း ပြတင်းပေါက်တွေက အတွင်းဖက်ကနေ ပိတ်ထားဆဲ ဖြစ်သလို ဖောက်ထွင်း ဝင်လာတဲ့ လက္ခဏာမျိုး၊ ခိုက်ရန် ဖြစ်ပွားထားတဲ့ လက္ခဏာမျိုးလည်း မတွေ့ရပါဘူး။ သေဆုံးသူရဲ့ ခန္ဓာကိုယ်မှာလည်း ဒဏ်ရာ မရှိဘူးလို့ ဆိုပါတယ်။

မိသားစုကလည်း အိုးယန်ဟာ နှလုံး ကျန်းမာရေး ပြဿနာတွေ ရှိခဲ့ဖူးကြောင်း အတည်ပြုထားပါတယ်။ ထိုင်ဝမ် စစ်တပ် အတွက်တော့ အိုးယန်ကို လက်လွှတ်လိုက်ရတာဟာ ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ရပ်လို့ ယူဆနိုင်ပါတယ်။ သူဟာ ထိုင်ဝမ်ရဲ့ ဒုံးကျည်လက်နက် အမျိုးအစား တချို့ တီထွင် ဖန်တီးမှုတွေကို အဓိက ဦးဆောင် လမ်းညွှန်ခဲ့သူ တစ်ဦးလို့လည်း သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်အတွင်း၌ လက်နက်ကိုင်တော်လှန်ရေးစတင်ချိန်မှ ယနေ့အထိ ဒေသခံကာကွယ်ရေးရဲဘော်များအနေဖြင့် ရရာလက်နက်ကို စွဲကိုင်ပြီး အာဏာရှင်ကိုတော်လှန်တိုက် ခိုက်ကြရာတွင် အင်တိုက်အားတိုက် ပါဝင်လျက်ရှိသည်။

နိုင်ငံတကာ

တရုတ်ရဲ့ စစ်ရေး လေ့ကျင့်မှုတွေဟာ ထိုင်ဝမ်ကျွန်းကို ဝင်ရောက် တိုက်ခိုက်မယ့် ပုံစံမျိုး စီစဉ်ထားပြီး တိုက်လေယာဉ်တွေ၊ စစ်သင်္ဘောတွေ အမြောက်အမြားကို စေလွှတ်ခဲ့တာ တွေ့ရတယ်လို့ ထိုင်ဝမ် ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

နိုင်ငံတကာ

ရုရှား အစိုးရ မီဒီယာတွေက ဒေါက်တာ အလက်ဇန္ဒား ရှစ်ပလီယုခ် အဖမ်းခံရတဲ့ သတင်းကို ဩဂုတ် ၅ ရက်မှာ အတည်ပြု ဖော်ပြခဲ့ကြပါတယ်။ သူဟာ ရုရှား သိပ္ပံ အကယ်ဒမီရဲ့ ဆိုက်ဘေးရီးယား ဌာနခွဲမှာ သီအိုရီနဲ့ ဖြည့်စွက် စက်မှုနည်းပညာဌာန ညွှန်ကြားရေးမှူးအဖြစ် တာဝန်ယူထားသူ...

သတင်း

ထို့အပြင် မြန်မာစစ်တပ်သည် နျူကလီးယား လက်နက်ဖျက်သိမ်းရေးနှင့် မပြန့်ပွားရေးလုပ်ငန်းစဉ်များတွင် မည်သည့်အခါကမျှ မိတ်ဖက်ကောင်းမဖြစ်ခဲ့ကြောင်း သမိုင်းတွင်တွေ့နိုင်ကြောင်း မြန်မာသံအမတ်ကြီးက ကုလသမဂ္ဂသို့ပြောသည်။