Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မြန်မာပြည်သူများနှင့်အတူ ဆက်လက်ပူးပေါင်းဆောင်ရွက်ထောက်ခံအားပေးသွားမည်ဟု ကနေဒါ ထုတ်ပြန်

ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့တွင် အမေရိကန်သံရုံးကလည်း မြန်မာပြည်သူများနှင့် အတူဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

(အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ (သြဂုတ် ၈)က (၃၄)နှစ်မြောက် ၈လေးလုံးအထိမ်းအမှတ် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြချီတက်ပွဲ ကျင်းပနေစဥ်၊ ဓာတ်ပုံ - Kyaw Soe Latt Photography)
(အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ယနေ့ (သြဂုတ် ၈)က (၃၄)နှစ်မြောက် ၈လေးလုံးအထိမ်းအမှတ် မြန်မာ့စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးနှင့် ဒီမိုကရေစီရရှိရေးအတွက် ဆန္ဒပြချီတက်ပွဲ ကျင်းပနေစဥ်၊ ဓာတ်ပုံ - Kyaw Soe Latt Photography)

ဒီမိုကရေစီစနစ်အား လိုလားတောင့်တ မျှော်မှန်းနေကြသည့် မြန်မာပြည်သူ ပြည်သားများနှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်၊ ထောက်ခံအားပေးသွားမည်ဟု ကနေဒါသံရုံးက ထုတ်ပြန်သည်။

ယနေ့ကျရောက် (၃၄) နှစ်မြောက် ရှစ်လေးလုံးအရေးတော်ပုံနေ့တွင် ကနေဒါက ၎င်းတို့၏ ရပ်တည် ချက်ကို ထပ်မံအသိပေးခြင်းဖြစ်ပြီး ဒီမိုကရေစီ ထောက်ခံဆန္ဒပြပွဲများ၌ ကျဆုံးခဲ့ကြသည့် ထောင်ပေါင်းများစွာသော ရဟန်းရှင်လူ ကျောင်းသားပြည်သူများ နှင့် ပြည်သူ့ဝန်ထမ်းများ အားလုံးကို ချီးကျူးဂုဏ်ပြုပြီး အောက်မေ့သတိရကြောင်းဖော်ပြသည်။

မိမိတို့၏ လူ့အခွင့်အရေး၊ လွတ်လပ်စွာ စုဝေးပိုင်ခွင့်၊ အသင်းအဖွဲ့များ ဖွဲ့စည်းပိုင်ခွင့် စသည်တို့အတွက် ဆောင်ရွက်ကြရင်း ဖမ်းဆီး၊ နှိပ်စက်၊ သတ်ဖြတ်ခြင်း ခံခဲ့ရသူတို့အတွက်လည်း ဝမ်းနည်းပူဆွေးပြီး ယခင်နှင့် ယခု အချိန်အထိ လွတ်လပ်၍ အေးချမ်းသာယာသော နိုင်ငံတော် အတွက် ကြိုးပမ်းနေကြသူအားလုံးကိုလည်း ဂုဏ်ပြုကြောင်း ဖော်ပြသည်။

ရှစ်လေးလုံး အရေးတော်ပုံနှစ်ပတ်လည်နေ့တွင် အမေရိကန်သံရုံးကလည်း မြန်မာပြည်သူများနှင့် အတူဆက်လက်ရပ်တည်မည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကုလလုံခြုံရေးကောင်စီဆိုရင်လည်း မြန်မာနိုင်ငံအတွက် အဆိုပြုချက်တစ်ခုကိုပင် ဆွေးနွေးဆုံးဖြတ်နိုင်ခြင်းမရှိသေးဘူးလို့ SAC-M က ပြောပါသေးတယ်။

သတင်း

စစ်အာဏာရှင်စနစ် အမြစ်ဖြတ်ဖယ်ရှားရေးနှင့်ဖက်ဒရယ်ဒီမိုကရေစီ အရေးတို့အတွက် အသက်ကိုမငဲ့ကွက်ဘဲ ရဲရဲရင့်ရင့်ဆောင်ရွက်ရင်း အာဏာရှင်လက်ပါးစေများ လက်ချက်ဖြင့်လမ်းခုလပ်၌ကျဆုံးခဲ့ရသောအာဇာနည်ရဲဘော်အပေါင်းအားအစဉ်ထာ၀ရ လေးစားဂုဏ်ယူ ဦးညွှတ်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

သတင်း

ဆန္ဒပြပွဲသို့ မြန်မာ့ဒီမိုကရေစီအရေးကို ထောက်ခံသည့် ကိုရီးယားအဖွဲ့အစည်းများလည်း ပူးပေါင်းပါဝင်ခဲ့ကြပြီး ဆန္ဒပြသူများက ကျဆုံးသူရဲကောင်းများအတွက် အနက်ရောင်ဝတ်စုံဆင်တူဝတ်ဆင်ကာ နှင်းဆီနီတစ်ပွင့်ကိုင်ဆောင်ချီတက်ခဲ့ကြသည်။

သတင်း

ဆန္ဒပြသူများက ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် အနက်ရောင် အင်္ကျီများ ဝတ်ဆင်၍ ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်၊ ​ကိုအောင်သူရဇော် တို့၏ ရုပ်ပုံများနှင့် နှင်းဆီပန်းများ ကိုင်ဆောင်ပြီး ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်ရေး ကြွေးကြော်ဆန္ဒပြခဲ့ကြသည်။