Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တာမွေမြို့နယ်တွင် ဧည့်စာရင်းတိုင်မည်ဆိုကာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးကို ဝင်ပစ်၊ ရာအိမ်မှူးတစ်ဦးသေ

စစ်ကောင်စီယန္တရားများအားချုပ် ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် ပြောကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက အသိပေးထားသည်။

တာမွေမြို့နယ် ကျောက်မြောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်တွင်ငြိမ်းချမ်းစွာဆန္ဒပြသောလူငယ်အချို့အားဖမ်းဆီးခဲ့စဥ်(ပုံဟောင်း)။ ။ဓါတ်ပုံ-CJ
တာမွေမြို့နယ် ကျောက်မြောင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်က ၂၀၂၁ ခုနှစ်တွင်ငြိမ်းချမ်းစွာဆန္ဒပြသောလူငယ်အချို့အားဖမ်းဆီးခဲ့စဥ်(ပုံဟောင်း)။ ။ဓါတ်ပုံ-CJ

ရန်ကုန် တာမွေမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတစ်ရုံးအား ဧည့်စာရင်းတိုင်မည်ဟုအကြောင်းပြပြီး ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း ဝိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့က ယနေ့ (သြဂုတ် ၈)တွင်ထုတ်ပြန်သည်။

ယနေ့နေ့လယ် ၃ နာရီ ၁၀ မိနစ်ခန့်တွင် တာမွေမြို့နယ်၊ မလွှကုန်းလမ်းရှိ ကျောက်မြောင်းကြီးရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးသို့ ဝိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့နှင့် City – Dawna PDF မှရဲဘော်များပူးပေါင်းကာ ဧည့်စာရင်းတိုင်ကြားမည်ဟုအကြောင်းပြပြီး ရုံးတွင်းဝင်ရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြသည်။

အဆိုပါပစ်ခတ်မှုတွင်မလွှကုန်းလမ်းရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရုံးတွင်ရှိနေသောရာအိမ်မှူး ဦးကျော်မင်းဟန်ဆိုသူကိုသေနတ်ဖြင့် ခုနစ်ချက်ပစ်ခတ်ခဲ့ရာ နေရာတင် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရသည်။

ကျောင်း​မြောင်းကြီးရပ်ကွက်က ၂၀၂၁ တွင် အာဏာသိမ်းစစ်​ကောင်စီအုပ်ချုပ်​ရေးယန္တယားကို သပိတ်​မှောက်ခဲ့စဥ်
ကျောင်း​မြောင်းကြီးရပ်ကွက်က ၂၀၂၁ တွင် အာဏာသိမ်းစစ်​ကောင်စီအုပ်ချုပ်​ရေးယန္တယားကို သပိတ်​မှောက်ခဲ့စဥ်

စစ်​ကောင်စီခန့်ရာအိမ်မှူး ဦး​ကျော်မင်းဟန်သည်အသက် ၆၀ ကျော်အရွယ်ရှိ​ကြောင်းသိရသည်။

“ရခ ကားတွေရောက်တော့မှ သိတာ။အုပ်ချုပ်ရေးမှူးရုံးထဲမှာပဲ ပစ်ခံရပြီး သေသွားတယ်”ဟု မလွှကုန်းလမ်းတွင် နေထိုင်သူတစ်ဦးက ပြော သည်။

ထိုသို့ ဧည့်စာရင်းတိုင်ကြားချိန်တွင် တွေ့ရှိရသော မင်းအောင်လှိုင်၏ သစ္စာတော်ခံများကို (၈၈)အရေးတော်ပုံတွင် ပြည်သူများ မည်သို့ခံစားခဲ့ရကြောင်း အနည်းငယ်မျှနားလည်အောင်သွန်သင်ဆုံးမပေးခဲ့ရသည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

“ကျနော်တို့ တိုက်ပွဲက အဆုံးမရောက်သေးဘူး။ တက်မထောင်ကြပါနဲ့အုံး။ ဇွဲမလျှော့လိုက်ကြပါနဲ့လို့ ပြည်သူတွေကို တောင်းဆိုချင်တာပါခင်ဗျာ။ အတူတူ အဆုံးထိ သွားကြရအောင်ပါ”ဟု ဝိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့မှ တော်လှန်ရေးရဲဘော်တစ်ဦးက သတင်းစကားပါးသည်။

လက်ရှိအခြေအနေတွင် စစ်ရေးတိုက်ခိုက်မှုလုပ်ဆောင်ခဲ့သော တော်လှန်ရေးရဲဘော်အားလုံး ဘေးကင်းလုံခြုံရာသို့ ရောက်ရှိပြီဖြစ်ကြောင်း ဂိမုတ္တိ – လွတ်မြောက်ခြင်းသူပုန်အဖွဲ့က အသိပေးထားသည်။

ယနေ့ နံနက်ပိုင်းကလည်း အကြမ်းဖက်စစ် ကာင်စီယာဥ်တန်းကို ပစ်မှတ်ထားသည့် ဖောက်ခွဲမှု ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီယန္တရားများအားချုပ် ကိုင်နိုင်သည်အထိလှိုင်းသုံးလှိုင်းဖြင့်တိုက်ခိုက်သွားမည်ဟု ရန်ကုန်အခြေစိုက် ပြောကျားတော်လှန် ရေးအင်အားစုများ စုစည်းထားသည့် ရန်ကုန်တိုင်းတပ်မ ဟာက အသိပေးထားသည်။

လက်ရှိစစ်ဆင်​ရေးများမှာပထမလှိုင်းဖြစ်ပြီးမကြာခင်ဒုတိယလှိုင်း(Eagle Wave)သို့ကူး​ပြောင်းရန်အချိန်​ရောက်လာ​တော့မည်ဟုတာ ဝန်ရှိသူ​ပြောသည်။

ပထမလှိုင်း Rosey Waveတွင် တိုက်ခိုက်မှုအစိတ်အပိုင်းအနေဖြင့် Justice Lady Mission ခေါင်းစဥ်ဖြင့် စစ်ကောင်စီ၏ တရားရုံးများ၊ ထောက်တိုင်းများ ပါဝင်သည်။

အလားတူ ကျန်လှိုင်းနှစ်ခုမှာ Eagle Wave နှင့် Dragon Wave တို့ဖြစ်ပြီး People Wave ခေါ် လူထုလှိုင်းတွင် စစ်ဆင်ရေးများ ယခုထက်ပိုမိုကြမ်းလာမည်ဖြစ်ပြီး ဖောက်ခွဲမှုများအပြင်ပစ်ခတ်တိုက်ခိုက်မှုများပါဝင်လာမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းတပ်မဟာက ကြေညာ သည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ယခုရက်ပိုင်းအတွင်း ကျင်းရွာမှ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကိုလည်းဖမ်းဆီးသွားခဲ့ကြောင်း၊ ယမန်နေ့ကအဖမ်းခံရသော တဲစုကျေးရွာမှဖမ်းဆီးခံရသောပြည်သူ ၄ ဦးပြန်လွတ်လာကြောင်း ဒေသခံများက ပြောသည်။

သတင်း

စစ်ကောင်စီတပ် ရှို့ခဲ့သည့်မီးအား ရွှေဘိုခရိုင်တပ်ရင်း -၁၅ (Tiger King)၊တပ်ရင်း (၂)၊ GZ Special Task Fore၊ ဗိုလ်ကျားကြီးနှင့်အခြားမဟာမိတ်တပ်ဖွဲ့ များနှင့် နယ်မြေခံ (ပကဖ)အဖွဲ့များက ဒေသခံများနှင့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ကြ သည်။

သတင်း

အဆိုပါဒေသတွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။