Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

သုံးထပ်ကွေ့နားမှာ စစ်တပ်ကလေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်

ဒီလိုစစ်ကောင်စီက လေယာဉ်နဲ့ အလစ်အငိုက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်က ထိခိုက်မှုလုံးဝမရှိဘးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)
(ကော်ဘရာစစ်ကြောင်းမှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - Cobra Column)

မြဝတီ-ဝေါ်လေကားလမ်းမပေါ်ရှိ သုံးထပ်ကွေ့အနီးမှာ မနေ့ဩဂုတ် (၇)ရက် ည(၁၁) နာရီခွဲအချိန်က စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုတွေ ထပ်လုပ်ခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီလိုစစ်ကောင်စီက လေယာဉ်နဲ့ အလစ်အငိုက်တိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်က ထိခိုက်မှုလုံးဝမရှိဘးလို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဒါ့အပြင် ဒီကနေ့ဩဂုတ်(၈)ရက် နေ့လည်ပိုင်းမှာလည်း စစ်ကောင်စီဘက်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပေမယ့် ကော်ဘရာစစ်သည်တော်တွေဘက်ကတော့ ထိခိုက်မှုမရှိဘူးလို့ ထုတ်ပြန်ချက်ကဆိုထားပါတယ်။

မြဝတီ-ဝေါ်လေ ကားလမ်းမရဲ့ သုံးထပ်ကွေ့မှာ စစ်ကောင်စီတပ်နဲ့ကော်ဘရာစစ်ကြောင်းတို့အကြား တလကြာတဲ့အထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွါးခဲ့ပြီး စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုလည်း များပြားနေတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

အဆိုပါဒေသတွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

သတင်း

တိုက်ပွဲဖြစ်ပွားသည့် နေရာနှင့် နီးစပ်သော ကျေးရွာများဖြစ်သည့် ပဲသောင်၊ လိန်ပင်၊ ကျောက်စရစ်၊ သောင်ပု၊ အင်တိုင်းကုန်းနှင့် တောကြောင်ပေါက် စသည့်ကျေးရွာများမှ ကျေးရွာပြည်သူလူထုများ ဘေးလွတ်ရာသို့ ထွက်ပြေး တိမ်းရှောင်နေရကြောင်း ထုတ်ပြန်သည်။

သတင်း

ထိုသို့ပစ်ခတ်မှုကြောင့် စစ်ကောင်စီတပ်သားတစ်ဦးသေဆုံးကြောင်း၊ ထိုနောက် ဒီပဲယင်းစစ်တပ် အတွင်းမှ စစ်ကောင်စီတပ်သား ၂၀ ခန့်သည် ဆေးရုံအနီးသို့ လာရောက်၍ သေနတ်များ ရမ်းသမ်း ပစ်ခတ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။