Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဝမ်းတွင်းတွင် မီးရှို့အကြမ်းဖက်နေသည့် စစ်ကောင်စီတပ်ကို နွားကလိုက်ဝှေ့၊ ဝှေ့သည့်နွားအားရဲစခန်းပို့ခိုင်း

ယခုရက်ပိုင်းအတွင်း ကျင်းရွာမှ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကိုလည်းဖမ်းဆီးသွားခဲ့ကြောင်း၊ ယမန်နေ့ကအဖမ်းခံရသော တဲစုကျေးရွာမှဖမ်းဆီးခံရသောပြည်သူ ၄ ဦးပြန်လွတ်လာကြောင်း ဒေသခံများက ပြောသည်။

(အညာ​ဒေသမှ နွားတစ်​ကောင် ။ ။ဓါတ်ပုံ-CJ)
(အညာ​ဒေသမှ နွားတစ်​ကောင် ။ ။ဓါတ်ပုံ-CJ)

▪︎ပြည်သူများအားဖမ်းဆီးငွေညှစ်မှုများပြုလုပ်နေ

မန္တလေးတိုင်း၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ်၊ ကုလားရွာကျေးရွာတွင်စစ်​ကောင်စီတပ်ကမီးရှို့ဖျက်ဆီးနေစဥ်နွားကလိုက်ဝှေ့၍ စစ်သားများထွက်ပြေးခဲ့ရကြောင်းဒေသခံများက ပြောသည်။

ယမန်နေ့(သြဂုတ်လ၇ရက်နေ့)က ဝမ်းတွင်းမြို့နယ် ကုလားရွာကျေးရွာတွင် အကြမ်းဖက်စစ်တပ်က နေအိမ်တစ်အိမ်မှ ဆိုင်ကယ်၂စီးနှင့် အိမ်အတွင်းပစ္စည်းများမီးရှို့ဖျက်စီးခဲ့သည်။ ထို့နောက်ထိုအိမ်ရှိနွား၂ကောင်အားရှို့ရန်​ပြင်ဆင်နေစဥ်တစ်ကောင်ကလိုက်ဝှေ့၍ အကြမ်းဖက်စစ်ကောင်စီတပ်သားများ ထွက်ပြေးကြခဲ့ကြောင်း ​ဒေသတွင်းသတင်းများ​ဖော်ပြ​ပေးနေ​သော Voice Of Wundwin အဖွဲ့ကပြောသည်။

“နွားကအဲ့ကောင်တွေ(စစ်​ကောင်စီတပ်)ကိုလိုက်ဝှေ့တာ။ အဝှေ့မခံရဘူး။ ပတ်ပြေးနေတာ။ အဲဒါနဲ့မရှို့ရဲကြလို့ အဲ့နွားကိုထားခဲ့ပြီး စခန်းကိုလာပို့ခိုင်းတာအဲ့ရွာကရွာသားကို။ ။”ဟု ဒေသခံတစ်ဦးကလည်း ပြောသည်။

Public Service Announcement
Public Service Announcement

ထိုနွားများအား အိမ်ရှင်က ပင်းတလဲ ရဲစခန်းသို့ သွားပို့ပေးခဲ့ရကြောင်း ဒေသခံများကပြောသည်။

ထို့အပြင်အကြမ်းဖက်စစ်တပ်သည် ဝမ်းတွင်းနယ်အတွင်း ဖမ်းဆီးငွေညှစ်မှုများလည်း ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။

အကြမ်းဖက်စစ်တပ်သည် ပြီးခဲ့သည့်ဇူလိုင်လ၁၇ရက်နေ့ကလည်း ဝမ်းတွင်းမြို့နယ်၊ ကျင်းရွာကျေးရွာအတွင်းနေအိမ်များရှိပစ္စည်းများဖျက်ဆီးကာ တန်ဖိုးရှိပစ္စည်းများနှင့် နွား၄ကောင်အား သိမ်းယူသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

ယခုလက်ရှိဝမ်းတွင်းမြို့နယ်အတွင်း အကြမ်းဖက်စစ်တပ်၊ ရဲနှင့်ပျူစောထီးများပေါင်း၍နည်းလမ်းပေါင်းစုံနှင့်ငွေရအောင်လုပ်နေကြောင်း၊မြို့ပေါ်လမ်းများတွင်လည်း နေ့စဉ်ကားများဆိုင်ကယ်များကိုတား၍ အနည်းဆုံး၃၀၀၀ကျပ်မှ ၃၀၀၀၀ကျပ် ဒဏ်ကြေးခေါင်းစဉ်တပ်ကာ ငွေတောင်းနေကြောင်း ဒေသခံများက ပြောသည်။

“PDF တွေရဲ့သဲလွန်စမရရင်တောင်ငွေရရမယ်ဆိုတာမျိုးနဲ့ Facebook မှာlikeပေးတာနဲ့တင်အကြောင်းအမျိုးမျိုးပြကာငွေရှာခြင်းများပြုလုပ်နေကြတယ်။ အဖမ်းဆီးတွေလည်းများတယ်။ ဖမ်းလိုက် ငွေတောင်းပြီးပြန်လွှတ်လိုက်လုပ်တာတွေမနည်းတော့ဘူး။”ဟု Voice Of Wundwin အဖွဲ့က ပြောသည်။

ယခုရက်ပိုင်းအတွင်း ကျင်းရွာမှ ဘုန်းကြီးတစ်ပါးအပါအဝင် ပြည်သူလေးဦးကိုလည်းဖမ်းဆီးသွားခဲ့ကြောင်း၊ ယမန်နေ့ကအဖမ်းခံရသော တဲစုကျေးရွာမှဖမ်းဆီးခံရသောပြည်သူ ၄ ဦးပြန်လွတ်လာကြောင်း ဒေသခံများက ပြောသည်။

Click to comment

Leave a Reply

သင့် email လိပ်စာကို ဖော်ပြမည် မဟုတ်ပါ။

You May Also Like

သတင်း

ကလေးမြို့ ကျွန်းချောင်းနှင့် သာယာကုန်းကျေးရွာကြားတွင် ယနေ့(သြဂုတ် ၈ရက်) နေ့လည် ၁၂ နာရီခန့်က တိုက်ပွဲဖြစ်ပွားခဲ့​ခြင်းဖြစ်သည်။

သတင်း

စစ်ကောင်စီတပ် ရှို့ခဲ့သည့်မီးအား ရွှေဘိုခရိုင်တပ်ရင်း -၁၅ (Tiger King)၊တပ်ရင်း (၂)၊ GZ Special Task Fore၊ ဗိုလ်ကျားကြီးနှင့်အခြားမဟာမိတ်တပ်ဖွဲ့ များနှင့် နယ်မြေခံ (ပကဖ)အဖွဲ့များက ဒေသခံများနှင့် ပူးပေါင်းမီးငြှိမ်းသတ်ခဲ့ကြ သည်။

သတင်း

အဆိုပါဒေသတွင် ကော်ဘရာ စစ်ကြောင်းနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ တစ်လကျော် ကြာပြီဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်းနှင့် ကချင်ပြည်နယ်အစပ်ဖားကန့်မြို့နယ်ဆယ်ဇင်းဒေသရှိစစ်ကောင်စီတပ်စခန်းနှင့် ရှမ်းနီပြည်သူ့စစ်တပ်စခန်းကို KIAက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။