close
Connect with us

Hi, what are you looking for?

ကဗျာ

ဒါကတော့ တကွေ့တာမှာ တွေ့ကြုံခဲ့ရတာ။ နာရီလေးထောင်ကလည်း စောင့်ရဦးမယ်။ Subscriber တထောင်ပြည့်ဖို့ကလည်း စောင့်ရဦးမယ်။ တနေ့ကို အနည်းဆုံး ဆယ်နာရီက ဖုန်းနဲ့ ကွန်ပျူတာရှေ့မှာ။ ထမင်းကိုလည်း အမြန်စားရသလို ခေါက်ဆွဲပြုတ်လည်း အမြန် မြိုချရတယ်။ အချိန်မှန်လည်း Video တင်မှရမယ်။

ကဗျာ

လေရူးသုန်မှုံ မနက်ခင်းစိုစိုမရောက်ခင် အရုဏ်ပျိုဟာ ဘယ်လိုပြုံးရမလဲ သင်ခဲ့တယ်၊ တောင်ရိပ်ထွေဖုံ၊ ညနေအိုအို စက္ကန့်ကစ၊ ဖြတ်သန်းစီးဆင်းနေမှုတွေအတွက် ရသလောက် လွမ်းဖူးချင်ပါတယ်၊ ရသလောက် ချစ်ဖူးချင်ပါတယ်။

ကဗျာ

အနှစ်သုံးဆယ် ဘာများရခဲ့သလဲ ရွာကိုပြန်လာတော့ ရွာကမရှိတော့သလောက်ဖြစ်နေပြီ

ကဗျာ

ငါတို့ဟာ Alice in borderland ထဲကလို ကစားပွဲထဲ ရောက်နေတဲ့ လူတွေပဲ။ ငါတို့ဂိမ်းတွေကတော့သိပ်တော့ မထူးဆန်းဘူး။ ဒါပေမယ့် သေကြေကြတယ်။ ငါတို့ကိုယ်စီမှာ ရှိနေမယ့် ဖဲချပ်တွေကို ငါတို့မမြင်ရဘူး။ ငါတို့ကစားပွဲမှာ အသက်ကြီးတဲ့ သူတွေပါတယ်။

ကဗျာ

◼️လင်းညိုရိပ် လူငယ်တွေဟာ အချစ်ကိုခေတ်နဲ့ယှဉ်ပြီး ဦးစားပေးလို့မရမှန်းသိတဲ့အခါအချစ်ဆိုတာကို ခဏမေ့ထားပြီးသူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ နောက်မျိုးဆက်တွေအတွက် အနာဂတ်ဆိုတာဟာစနစ်အပေါ်မှာပဲ မူတည်နေတော့သူတို့အနာဂတ်ဆိုတာကို ခဏမေ့ထားပြီးသူတို့တွေ ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ လူငယ်တွေဟာ ပန်းသိပ်ကြိုက်တဲ့အမေအိုအတွက်ပန်းကလေးတွေကို အရင်လိုအလွယ်တကူခူးပေးလို့မရမှန်းသိတဲ့အခါ ဓားထက်ထက်သွေးပြီးဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ သံချေးကိုက်နေတဲ့ ယန္တရားအပျက်ကြီးကိုပြင်လို့မရနိုင်မှန်းသိတဲ့အခါ လူငယ်တွေဟာပိုကောင်းတဲ့အသစ်တစ်ခုနဲ့ အစားထိုးဖို့အတွက်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ ကြွေလွင့်ခဲ့ရတဲ့ကြယ်တွေအတွက်သူတို့ထမ်းဆောင်လို့မရတော့တဲ့ တာဝန်တွေကို“ ငါတို့ပခုံးပေါ်လွှဲပြောင်းယူရမယ်လို့” ခံယူထားကြတဲ့အခါအဲ့ဒီခံယူချက်အတွက်ဆုံးဖြတ်ချက်တစ်ခုချလိုက်တယ်စစ်ကြီးပြီးအောင်တိုက်မှရတော့မယ်။ မပြောမဆိုနဲ့...

ကဗျာ

◼️ကိန်း (ခရမ်း) ဒီကောင်က ကြောင်တောင်တောင်ကောင်အိမ်ကပေးတဲ့ ကျောင်းမုန့်ဖိုး တစ်ရာတန်အပြဲကလေးကိုဘိန်းမုန့်ကြီးကြီး ဝယ်စားချင်တဲ့ကောင်၊ ဒီကောင်က ငကြောက်မြို့မကကောင်တွေနဲ့ကျောင်းကြီးက ကောင်တွေချတော့သူများလက်သီးကြားခေါင်းငုံ့ပြီး အထိုးခံနေကျအော်ငိုပြီး အိမ်ပြန်နေကျ ကောင်၊ ဒီကောင်က ဝမ်းနည်းတတ်တယ်အထက်တန်းရောက်လို့ သူငယ်ချင်းတွေ အတန်းမတူကြတော့စာသင်ခုံမှာထိုင်ဆွေးပြီးအခန်းပြောင်းချင်တယ်လို့ဆရာမရှေ့ တကိုယ်တော်ဆန္ဒပြတတ်တဲ့ကောင်၊ ကျောင်းဆင်းလို့ အိမ်ရောက်ရင်သူ့အမေရဲ့ အသုပ်ဆိုင်မှာပန်းကန်ထဲ ဟင်းခါးတွေဖြည့်ခုံတွေသုတ်အသွားပြန် ၁နာရီလောက်ဝေးတဲ့ မုန့်ဖိုကိုမုန့်ဖက်ကုန်ရင်...

ကဗျာ

မိုးမြင့်ကျော် ကိုယ့်ရင်ဘတ်မှာခဏခဏ လာစိုရွှဲနေတဲ့ကိုယ်ပြန်လာမှ ဖာထေးဖြစ်မယ့်မင်းအခန်းက မိုးယိုပေါက်မင်းလက်နဲ့ပြန်ချုပ်ပေးမယ်ဆိုတဲ့ကိုယ့်အင်္ကျီချုပ်ရိုးဒီတမိုးလည်း ကိုယ်ပြန်မလာဖြစ်ဘူးမင်းအခန်းကပျဥ်ချပ် မိုးစနဲ့ဆွေးမြည့်လောက်ပြီကိုယ်တော့ ပြဲနေတဲ့ချုပ်ရိုးကိုချည်ပြန်ထိုးထားလိုက်တယ်ကိုယ်သိပါတယ် မင်းကတော့မိုးယိုပေါက်ကို ဒီအတိုင်းထားလို့ကိုယ့်ကတိကို စောင့်နေတော့မယ်။ ။ ( The Call -ခေါ်သံ” အွန်လိုင်းမဂ္ဂဇင်းမှာ ‘မိုးမြင့်​ကျော်’ ရေးဖွဲ့တဲ့ “ မင်းကို​ပေးခဲ့တဲ့ကတိ” ကဗျာကို People’s Spring...

ကဗျာ

လူစိတ်ပျောက်လောက်အောင် တစ်ပတ်လုံးမိုးရွာနေတာတောင် မိုးကာခြုံထားတဲ့ဘဝတွေ ရွေ့နေတုန်းပဲ

ကဗျာ

လေကွယ်ရာမီးညှိရသလို ဘဝကမလွယ်ဘူး အသက်ကမလွယ်ဘူး ဆေးလိပ်ကလေးဖွာချင်တော့လည်း ရအောင်ညှိရ မီးကူးရ အသက်ရှင်ချင်တော့ အသက်ကိုရအောင်ကူးရ မေတ္တာတရားကို ရအောင်ကူးရ တယောက်အရိပ်ဟာ တယောက်ကိုမိုးရင်း အေးမြကြရစမြဲ...။

ကဗျာ

◼️ရိုးငှက်အိမ်ဟာနွေးထွေးတဲ့အသိုက်အမြုံဖြစ်ကြောင်းငါတို့အားပါးတရပြောချင်စိတ်ဖြစ်တော့ငါတို့ဟာအိမ်နဲ့မိုင်ပေါင်းအဝေးကြီးမှာဒုက္ခတရားအပြည့်နဲ့ .. ။ လမ်းမကြီးကိုကြောက်ရွံ့‌မုန်းတီးရင်းကိုယ်နဲ့မဆိုင်တဲ့နယ်ပယ်မှာငြီးငွေ့ရင်းကိုယ့်ကိုယ်ကိုတောင်မေ့လျော့လာရင်းနဲ့အိမ်ကိုပိုတမ်းတဖြစ်လာတယ် ။ ညတွေရဲ့ခပ်စိပ်စိပ်ကယောက်ကယက်အိပ်မက်တွေထဲမှာအိမ်အကြောင်းပဲအပ်ကြောင်းထပ်ရင်းမိုးလင်းမှာကို ကြောက်နေရတယ် ။ အိမ်ပြန်ချင်စိတ်ကြီးစိုးတဲ့ညတွေမှာဆိုစွန့်စားခဲ့ရတဲ့ ရည်မှန်းချက်ကြီးကိုပစ်ထားခဲ့ချင်ပြန်တယ် ။ ညဉ့်နက်နက်ရဲ့အမှောင်ထုထဲကိုဗလာမျက်လုံးနဲ့ငေးနေရင်းအိမ်ရဲ့ပုံရိပ်တွေမြင်မိတဲ့အခါဆိုစီးကရက်မီးခိုးတွေနဲ့ပုလင်းလွတ်တွေဟာဘေးနားမှာ ငိုချင်းချလို့ ။ ‌ဒါပေမယ့်လေပြန်စရာအိမ်တွေပြာဖြစ်သွားတဲ့လူတွေအကြောင်းရပ်ရွာတွေရှေ့က ကြယ်ဖြူနဲ့အုတ်ဂူတွေအကြောင်းခေါင်းထဲဝင်လာပြန်တော့တောက်ခေါက်သံပြင်းပြင်းနဲ့အံကြိတ်အားတင်းရပြန်တယ်။ ဒီလိုနဲ့ပဲ..မကျွမ်းကျင်မှုနယ်ပယ်မှာအသားကျအောင်နေဒုက္ခဆိုတာ‌တော့ငယ်ပေါင်းကြီးဖော်လိုပေါ့ ။ အတွေ့အကြုံအခြေအနေအရမာကြောကျွပ်ဆပ်နေတဲ့ကိုယ်ဟာအိမ်အကြောင်းတွေးမိတော့နှလုံးသားဟာဖန်သားပြင်လိုပဲမာပေမယ့်ကြည်လင်နေသေးတာတော့ကိုယ်တအံ့တဩ ။ အခိုက်အတန့်တစ်ခုမှာစိတ်ပါလက်ပါပြုံးမိတာတွေကမိသားစုထမင်းဝိုင်းတစ်ခုကရယ်သံလေးတွေကိုပြန်ပြောင်းမြင်ယောင်မိတာရဲ့တစ်ဝက်ပဲနွေးထွေးစေတာပါ။ ရည်မှန်းချက်တွေပြီးသွားလို့အိမ်ပြန်ရောက်တဲ့အခါအားလုံးရဲ့အပြုံးမျက်နှာတွေကိုအားပါးတရငေးရင်းအိမ်ကိုဘယ်လောက်လွမ်းကြောင်းမာကျောတဲ့ကိုယ်ဟာ မျက်ရည်ကျခဲ့မိကြောင်း‌ပြောပြမိမှာပါလေ ။...

ကဗျာ

လင်းလင်းနိုင် (ပခုက္ကူ) အရောင်စုံအသွေးစုံလွယ်အိတ်လေးတွေရယ်ပါ။ နိုင်ငံတော် သီချင်းကို လည်းမဆိုနိုင်ကြတော့ဘူး။

Facebook