close
Connect with us

Hi, what are you looking for?

မေးမြန်းခန်း

“ အရင်တုန်းက တပ်မ (၃၃)ကြားဖူးတာပေါ့။အပူးတွေက ကြမ်းတယ်ကြမ်းတယ်။တကယ်က သူတို့ကြမ်းတယ်ဆိုတာတော်လှန်ရေးအင်အားစုတွေကိုမမီဘူး”

နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကခင်ဦးမြို့နယ်၊ မုံလှကျေးရွာကနေ ပျဥ်ထောင်ပျူရွာကို ထွက်လာတဲ့ အင်အား ၁၈၀ ခန့်ပါ စစ်တပ်နဲ့ပျူ ပူးပေါင်းစစ်ကြောင်းကိုလမ်းတနေရာမှာ ပကဖ နဲ့ PDF ပူး​ပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။စစ်တပ်ဘက်က အများအပြား သေဆုံးပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်သွားတယ်လို့ ခင်ဦးပကဖကအသိပေးပါတယ်။ဒါနဲ့ပတ်သက်လို့ခင်ဦးမြို့နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကို People’s Springသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကခင်ဦးမြို့နယ်၊ မုံလှကျေးရွာကနေ ပျဥ်ထောင်ပျူရွာကို ထွက်လာတဲ့ အင်အား ၁၈၀ ခန့်ပါ စစ်တပ်နဲ့ပျူ ပူးပေါင်းစစ်ကြောင်းကိုလမ်းတနေရာမှာ ပကဖ နဲ့ PDF ပူး​ပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။စစ်တပ်ဘက်က အများအပြား သေဆုံးပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်သွားတယ်လို့ ခင်ဦးပကဖကအသိပေးပါတယ်။ဒါနဲ့ပတ်သက်လို့ခင်ဦးမြို့နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကို People's Springသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

■ခင်ဦးပကဖတာဝန်ရှိသူ နဲ့​မေးမြန်းခန်း

စစ်ကိုင်းတိုင်း၊ခင်ဦးမြို့နယ်မှာစစ်တပ်နဲ့ သင်္ကန်း ဝတ်ဝါသဝရဲ့ပျူစောထီးတွေ ပူးပေါင်းထားတဲ့ စစ်တပ်စစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းပျက်အောင် တိုက်ခိုက်နိုင်ခဲ့ပါတယ်။စစ်သား အများအပြား သေဆုံးဒဏ်ရာရခဲ့သလိုလက်နက်မျိုးစုံ ၃၀ ​ကျော်နဲ့ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့ပါတယ်။

နိုဝင်ဘာ ၂၃ ရက် နေ့လယ် ၁၂ နာရီဝန်းကျင်ကခင်ဦးမြို့နယ်၊ မုံလှကျေးရွာကနေ ပျဥ်ထောင်ပျူရွာကို ထွက်လာတဲ့ အင်အား ၁၈၀ ခန့်ပါ စစ်တပ်နဲ့ပျူ ပူးပေါင်းစစ်ကြောင်းကိုလမ်းတနေရာမှာ ပကဖ နဲ့ PDF ပူး​ပေါင်းတပ်တွေက တိုက်ခိုက်ခဲ့တာပါ။စစ်တပ်ဘက်က အများအပြား သေဆုံးပြီး စစ်ကြောင်း တစ်ကြောင်းလုံး တပ်ပျက်သွားတယ်လို့ ခင်ဦးပကဖကအသိပေးပါတယ်။ဒါနဲ့ပတ်သက်လို့ခင်ဦးမြို့နယ်ကပြည်သူ့ကာကွယ်ရေးအဖွဲ့တာဝန်ရှိသူကို People’s Springသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါတယ်။

-​​ဇော်ဝင်း/People’s Spring

Public Service Announcement

Public Service Announcement

မေး-မနေ့ကတိုက်ပွဲမှာ စစ်အုပ်စုက သေဆုံးတာဘယ်လောက်ရှိနိုင်လဲ။

ဖြေ -တိုက်ပွဲက လယ်ကွင်းထဲဖြစ်ကြတယ်။ကျွန် တော်တို့ ဒေသမှာက လယ်က လူတစ်ရပ်လောက်ရှိတယ်။ကွင်းအကျယ်ကြီးထဲ လယ်ပြင်ထဲမှာ ဖြစ်တယ်။Dead Body က လယ်ကွင်းထဲမှာရှိတယ်။ကန်သင်းရိုးပေါ်ရှိတယ်။တချို့ဆို မြောင်းတွေထဲ ရှိတယ်။နေရာစုံရှိတာပေါ့။ကွင်းကြီးကလည်း ကျယ်တယ်။ကျွန်တော်တို့ တွေ့တဲ့ Dead body က တခြားရဲဘော်တွေ တွေ့ချင်မှ တွေ့မယ်။တခြားရဲဘော်တွေ တွေ့တဲ့ Dead Body က ကျွန်တော်တို့ တွေ့ချင်မှ တွေ့မယ်။ကိုကိုယ်တိုင် နယ်မြေရှင်းလင်းရေးလုပ်ပြီး သိရတဲ့ဟာမဟုတ်ဘဲခန့်မှန်းရတာဖြစ်တဲ့အတွက် ၅၀ ကနေ ၈၀ ကြား ရှိတယ်လို့ ခန့်မှန်းပါတယ်။မုံလှမှာက တပ်စွဲတာက ၃၀၀ လောက်ရှိတယ်။အခင်း ဖြစ်တဲ့နေ့မှာ (၁၈၀) ဝန်းကျင်ပါတယ်။ဒါကြောင့် ကျန်တဲ့အင်အားစုတွေက မုံလှရွာကို ပြန်ဆုတ်တယ်။ပြန်ဆုတ်တဲ့အနေအထားမှာ ပြေရင်းလွှားရင်းနဲ့လယ်တွေထဲ ပုန်းလျှိုကွယ်ရင်းနဲ့ ရွာထဲကို ပြေးသွားရတဲ့ အခြေ အနေမျိုးပါ။

မေး-မုံလှရွာကနေ ဒီစစ်ကြောင်းကဘယ်ကို ထိုးလာတာလဲ။

ဖြေ – သူတို့က ပျဥ်ထောင် ပျူရွာပေါ့နော်။စစ်ရေးရည်မှန်းချက်က ပျဥ်ထောင်ပျူရွာ။ဒါကြောင့်မလို့လည်းတပ်စွဲတဲ့နေရာတွေမှာယာယီတပ်စွဲတဲ့နေရာမှာ ရပ်ကြတယ်။စပြီးတပ်စွဲတဲ့နေ့ကတည်းက ဆို ၁၄ ရက်ကြာတယ်။မုံလှ မှာဆို ဒီနေ့နဲ့ ဆို ငါးရက်ပေါ့။အဓိကတော့ ပျဥ်ထောင်ပျူရွာကိုသွားမယ်လို့ သိရပါတယ်။

မေး- အတိုက်ခံရပြီး မုံလှ ကို ဆုတ်ပြေးသွားတဲ့ စစ်ကြောင်း အခြေအနေ ဘာသိရသေးလဲ။

ဖြေ – မနေ့က သူတို့ မုံလှထဲ ဆုတ်ပြေးသွားတယ်။ ဆုတ်ပြေးသွားပြီးနောက် အဲဒီနောက်ဆက်တွဲ အခြေအနေကတော့ငြိမ်နေပါတယ်။

မေး – ဒီနှစ်ထဲ ခင်ဦးမှာ စစ်တပ်စစ်ကြောင်း ပျက်တဲ့အထိတိုက်ခိုက်တာနှစ်ကြိမ်ရှိပြီလို့တွေ့ရတယ်။ဒါနဲ့ပတ်သက်ပြီး သုံးသပ်ပြောပေးပါဦး။

ဖြေ-ခင်ဦးမြို့နယ်အတွင်းကိုထိုးလာတဲ့စစ်ကြောင်းတွေပေါ့နော်။ရွှေဘိုဘက်ကနေစစ်ကြောင်းနှစ်ကြောင်း ထိုးဖူးတယ်။တပ်ပျက်အောင် ကျွန်တော်တို့ တိုက်နိုင်ခဲ့တယ်။နောက် ကန့်ဘလူဘက်ကနေထိုးတယ်။ကန့်ဘလူ-ခင်ဦးနယ်စပ်မှာ တိုက်ပွဲ ဖြစ်ပြီး တိုက်နိုင်ခဲ့တယ်။အခုလည်း ခင်ဦးမြို့နယ် မုံလှရွာထဲကို မုံလှရွာဆိုတာ ပထမ ဆုံး ရွာပေါ့။ကန့်ဘလူဘက်က လာရင်။မုံလှရွာထဲကို ရောက်တယ်။ရောက်လာတဲ့စစ်ကြောင်းကို အခု ပူးပေါင်းတပ် တွေကနေ တိုက်ခိုက်တယ်။တပ်ပျက်တယ်။

မေး- ခင်ဦးမှာ စစ်တပ် စစ်ကြောင်း​တွေတပ်ပျက်တဲ့အထိ တိုက်လာနိုင်တာ ဘာကြောင့်လဲ။

ဖြေ- တပ်ပျက်တဲ့ နေရာမှာ အားသားချက်အားနည်းချက်ဆိုတာ နေရာတိုင်းရှိတယ်။အခု တပ်ပျက်အောင် တိုက်နိုင်တယ်ဆိုတာ စစ်ဘက် ဆိုင်ရာ အားသာချက် ရှိလို့ပေါ့။ဒီအထဲမှာမှ ကျွန် တော်တို့ ရဲဘော်တွေ အားလုံးလက်ခံထားတာက အခု သူတို့ စကမပေါ့(စစ်ကော်မရှင်)က သူတို့တိုက်နေရာတာက တကယ်ကပြည်သူ နဲ့တိုက်နေရတာ။ဒါကြောင့်မို့ အရင်တုန်းက တပ်မ (၃၃)ကြားဖူးတာပေါ့။အပူးတွေက ကြမ်းတယ်ကြမ်းတယ်။တကယ်က သူတို့ကြမ်းတယ် ဆိုတာ တော်လှန်ရေးအင် အားစုတွေကို မမီဘူး။အင်အားစုရဲ့ တိုက်ရည်ခိုက်ရည်နဲ့ အခြားသော အားသာချက်တွေရှိတယ်။အဓိက တော့ စိတ်ဓာတ်ပေါ့။ကျွန်တော်တို့ ရဲဘော်တွေက နိုင်စိတ်နဲ့ တိုက်တယ်။အောင်စိတ်နဲ့ တိုက်တယ်။

မေး-မြေပြင် တိုက်ပွဲမှာ စစ်တပ်က တပ်သားတွေရဲ့ အခြေအနေ ဘယ်လို ဖြစ်နေလဲ။

ဖြေ-စကမ ရဲ့တပ်တွေက ရှုံးစိတ်နဲ့ တိုက်တယ်။တိုက်ပြီဆိုရင်အညံ့ခံမယ်။လက်နက်ချမယ်။ထွက်ပြေးမယ်။အသေခံတယ်။တိုက်ရင်းခိုက်ရင်းနဲ့ သူတို့ အရေးမလှတော့ဘူးဆိုရင် အလံဖြူထောင်မယ် အစရှိသဖြင့်ပေါ့။ကျွန်တော်တို့ တော်လှန်ရေးအင်အားစုကတော့ တိုက်ပြီ ဆိုရင် တိုက်မယ်ခိုက်မယ်၊သိမ်းမယ် ဝင်စီးမယ်။ဒီပုံစံမျိုးနဲ့တိုက်ကြတာပါ။အားသာချက် အား နည်းချက်ကတော့ အများကြီးရှိနိုင်တယ်။အဲဒီအများကြီးထဲမှာမှ စိတ်ဓာတ်ချင်း ကွာတယ်။ကျွန်တော်တို့ တော်လှန်ရေးအင်အားစုတွေ လက်ခံတာက ကျွန်တော်တို့သည် အောင်စိတ်နဲ့ တိုက်တယ်။အခုက စကမ တပ်သားတွေ စစ်ကြောင်းထွက်ပြီး ဆိုကတည်းက သူတို့ ဘယ်နေရာမှာ တိုက်ခံရမလဲ၊ဘယ်နေရာမှာစီးခံရမလဲ ဘယ်နေရာမှာလုံးခံရမလဲ အရေးမလှရင် လက်နက်ချမယ်၊အလံဖြူထောင်မယ် ၊ထွက်ပြေးမယ် ဒါမျိုးတွေပဲ။

မေး- ။​​ကာကွယ်ရေးတပ်ဖွဲ့​တွေရဲ့အ​ခြေအ​နေက​ရော။

ဖြေ- စစ်ရေးဆိုတာက ကြိုတင်ခန့်မှန်းရတာခက်တယ်။တော်လှန်ရေးအင်အားစုတွေအနေနဲ့ နောက်

လာမယ့် အခြေအနေတွေကို ပြင်ဆင်ထားတယ်။ရန်သူဘက်က ငြိမ်နေပေမယ့် ကျွန်တော်တို့ ဘက်က အသင့်အနေအထားမျိုး ရှိတယ်။

အခုလို​ဖြေကြား​ပေးတာ​ကျေးဇူးတင်ပါတယ်။

ဆက်စပ်သတင်းများ