Connect with us
close

Hi, what are you looking for?

LuduNwayOo

မေးမြန်းခန်း

“မော်လူးက အစဖြစ်တယ်။ မြို့သိမ်းတိုက်ပွဲတွေဆက်လုပ်မှာပါ”

ဒီဇင်ဘာ ၁၃ ရက် ည‌နေပိုင်းအထိ မော်လူးမြို့နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) (မြောက်ပိုင်း)တာဝန်ရှိသူတစ်ဦးထံ People’s Spring ကဆက်သွယ်မေးမြန်းထားပါသည်။

"မော်လူးက အစဖြစ်တယ်။ မြို့သိမ်းတိုက်ပွဲတွေဆက်လုပ်မှာပါ"
"မော်လူးက အစဖြစ်တယ်။ မြို့သိမ်းတိုက်ပွဲတွေဆက်လုပ်မှာပါ"

▪︎ABSDF (​မြောက်ပိုင်း)တာဝန်ရှိသူတစ်ဦးနဲ့​မေးမြန်းခန်း

စစ်ကိုင်းတိုင်း၊ မော်လူးမြို့မှ စစ်ကောင်စီရဲစခန်းကို KIA၊ ABSDF ၊PDF နှင့် ပူးပေါင်းတပ်ဖွဲ့များက ဒီဇင်ဘာ ၁၃ ရက် နံနက် တိုက်ခိုက်ပြီးနောက် မြို့ကို ထိန်းချုပ်လိုက်သည်။ စစ်ကောင်စီဘက်က သေဆုံးသူများရှိသလို အများအပြားထွက်ပြေးသွားကြသည်။ မြို့သိမ်းခံရပြီး​နောက် စစ်ကောင်စီတပ်က လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေသည်။ ဒီဇင်ဘာ ၁၃ ရက် ည‌နေပိုင်းအထိ မော်လူးမြို့နောက်ဆုံးအခြေအနေနှင့်ပတ်သက်၍မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) (မြောက်ပိုင်း)တာဝန်ရှိသူတစ်ဦးထံ People’s Spring ကဆက်သွယ်မေးမြန်းထားပါသည်။

မေး။မော်လူးမြို့ လက်ရှိအခြေအနေကို သိပါရစေ။

ဖြေ။မော်လူးက ကျနော်တို့အလုံးစုံထိန်းချုပ်ထားပါပြီ။ စစ်ကောင်စီရဲ့ လေကြောင်းရန်ကတော့ရှိနေပါတယ်။ ပြည်သူတွေအနေနဲ့ကတော့ ဝင်ပြီး နေထိုင်ဖို့မသင့်တော်သေးပါဘူး။ ရန်သူကတော့တော်တော်များများချေမှုန်းပြီးပြီ။ ထွက်ပြေးတဲ့သူတွေကိုလည်း လက်ရှိအချိန်အထိ ပိုက်စိပ်တိုက်လိုက်လံဖမ်းဆီးနေတဲ့အခြေအနေပါ။

‌မေး။မော်လူးမြို့မှာ စစ်ကောင်စီစခန်းဘယ်နှခုရှိလဲ။

Public Service Announcement

Public Service Announcement

ဖြေ။အရင်ကတော့ မော်လူးမြို့အဝင်မှာ ဘုရားကုန်းဆိုတာရှိတယ်။အဲ့မှာစခန်းထိုင်တယ်။ ရဲစခန်းမှာရှိတယ်။ အ.ထ.ကကျောင်းမှာရှိတယ်။ အခုကတော့ ရဲစခန်းမှာပဲရှိပါတယ်။ အဓိက ကမိုးညှင်းမှာ အင်နဲ့အားနဲ့ ထိုင်ထားတာပါ။

မေး။မော်လူးမြို့နဲ့မိုးညှင်းမြို့ဘယ်နှစ်မိုင်လောက်ဝေးလဲ။

‌ဖြေ ။မိုင်(၃၀)လောက်ပဲဝေးပါတယ်။ အခုတော့ မော်လူးမြို့နဲ့မိုးညှင်းမြို့ကြားက မော်ဟန်မှာ သူတို့(စစ်ကောင်စီတပ်) လာထိုင်ထားပါတယ်။

မေး ။ ဒီနေ့တိုက်ပွဲမှာ ထိခိုက်မှုအခြေအနေကိုသိပါရစေ။

ဖြေ ။ကျနော်တို့ဘက်ကရဲဘော်နှစ်ဦး တော်လှန်ရေးအတွက်အသက်ပေးလိုက်ရပါတယ်။ အသေးစားဒဏ်ရာရသူက နှစ်ဦးသုံးဦးပဲရှိပါတယ်။ စစ်ကောင်စီဘက်ကတော့ အလောင်းခုနစ်လောင်းရပါတယ်။ သေတဲ့အထဲမှာ စခန်းမှူးပါပါတယ်။ ထွက်ပြေးသွားတဲ့အထဲမှာ သက်ပြည့်ပင်စင်ပြည့်ကာနီးတပ်ကြပ်ကြီးပါမယ်။ ရဲတပ်သားပါမယ်။ စစ်​ေးတွေပါမယ်။ ရဲမေတွေကတော့ ပြီးခဲ့တဲ့လကမှ CDM ဝင်ထားလို့ မထိခိုက်ခဲ့ပါဘူး။

မေး။မြို့ လတ်တလောအခြေအနေနဲ့ပတ်သက်ပြီးပြည်သူတွေကိုဘယ်လိုသတင်းစကားပါးချင်လဲ။

ဖြေ – လေကြောင်းရန် ရှိနေလို့ အစစအရာရာဂရုစိုက်နေကြပါ။ ချက်ချင်းကြီးပြန်မဝင်စေချင်သေးဘူးဗျာ။ မော်လူးက အစဖြစ်တယ်။ မြို့သိမ်းတိုက်ပွဲတွေဆက်လုပ်မှာပါ။ အခုလိုအောင်မြင်မှုရတယ်ဆိုတာ လူထုရဲ့ထောက်ခံမှုက အဓိကကျပါတယ်။ အမြို့မြို့အနယ်နယ်တိုင်းမှာရှိနေတဲ့ ပြည်သူတွေအနေနဲ့ ကျနော်တို့ကိုကူညီကြပါ။ သတင်းတွေပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်ဗျ။ ။