Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်ရှိ ကျောက်စိမ်းမှော်အချို့ကို စစ်ကောင်စီစီးနင်းပြီး ရေမဆေးသမား ၂၀ထက်မနည်း ဖမ်းဆီး

ဖားကန့်တွင် မြန်မာနိုင်ငံနေရာအနှံ့မှလာရောက်ပြီး ရေမဆေးကျောက်ရှာဖွေ အသက်မွေးသူ နှစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသော ကုမ္မဏီအချို့ကို ပိတ်သိမ်းခိုင်းခြင်း၊ ယန္တရားများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)
(ဖားကန့်ဒေသတွင် တွေ့ရသော စစ်ကောင်စီလက်ပါးစေရဲများ၊ ဓာတ်ပုံ - CJ)

ကချင်ပြည်နယ် ဖားကန့်မြို့မှ ကျောက်စိမ်းမှော်အချို့ကို စစ်ကောင်စီက ဝင်ရောက်စီးနင်းပြီးနောက် ရေမဆေးကျောက်ရှာဖွေသူ ၂၀ဦးထက်မနည်းကို ဖမ်းဆီးသွားသည်။

ဖားကန့်မြို့ မော်မောင်းလျန်နှင့် ဗလခမှော်ကို စစ်ကောင်စီတပ်က အင်အား ၅၀ ခန့်ဖြင့်ယမန်နေ့(ဇန်နဝါရီ၇ရက်)ညနေတွင် သေနတ်ပစ်ဖောက်ဝင်စီးနင်းပြီး ရေမဆေးကျောက်ရှာဖွေသူများကို ဖမ်းဆီးသွားခြင်းဖြစ်သည်။

” အယောက် ၂၀ လောက်ဖမ်းသွားတယ်။ အပြစ်မရှိအပြစ်ရှာဖမ်းတာ”ဟု ဒေသခံတစ်ဦးက ပြောသည်။

ဖားကန့်တွင် မြန်မာနိုင်ငံနေရာအနှံ့မှလာရောက်ပြီး ရေမဆေးကျောက်ရှာဖွေ အသက်မွေးသူ နှစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသော ကုမ္မဏီအချို့ကို ပိတ်သိမ်းခိုင်းခြင်း၊ ယန္တရားများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

ယခုအခါ ရေမဆေးကျောက်ရှာဖွေသူများကို အဓမ္မဝင်ရောက် ဖမ်းဆီးခြင်းဟု ဒေသခံများကပြောသည်။

” စစ်တပ်ကို မထောက်ခံလို့၊ မကြိုက်လို့ ဖမ်းကြေးဆို ဖားကန့်တစ်မြို့လုံးကိုဖမ်း။ တစ်မြို့လုံးက စစ်တပ်ကို ရွံမုန်းပြီးသား။ သတ္တိရှိရင် ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိပ်တိုက်ချ”ဟု ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်တွင် ၂၀၂၂ ဒီဇင်ဘာအတွင်းက တိုက်ပွဲများ၌ KIA နှင့် PDF ပူးပေါင်းအဖွဲ့ကြောင့် စစ်ကောင်စီအထိနာခဲ့သည်။ ထို့နောက်ပိုင်းတွင် ထိပ်တိုက်ရင်ဆိုင် တိုက်ပွဲမရှိဘဲ လူနေရပ်ကွက်များဖက်သို့ လက်နက်ကြီးဖြင့် စစ်ကောင်စီက မကြာခဏပစ်ခတ်ခဲ့သည်။ဒီဇင်ဘာလ ၃၀ရက်ညနေက မှော်ပုံ ကျေးရွာသို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ လူနေအိမ်နှင့်ဘုရားကျောင်းပေါ်ကျရောက်ပေါက်ကွဲခဲ့သည်။ ယင်းဖြစ်စဥ်တွင် အရပ်သားတစ်ဦး သေဆုံးပြီး ကလေးငယ်နှစ်ဦးအပါအဝင် ငါးဦးဒဏ်ရာရခဲ့သည်။

You May Also Like

သတင်း

ယနေ့ (ဒီဇင်ဘာ၈ ရက်)တွင်လည်း မုံရွာ-မန္တလေးလမ်းမကြီးပေါ် ဖြတ်သန်းသွားသော စစ်ကောင်စီယာဥ်တန်းအား ဒေသတွင်း PDF များက လမ်းတစ်လျှောက် မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

သတင်း

စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

သတင်း

အင်းစိန်ထောင်ကလွတ်ပြီးနောက် သြစတြေးလျနိုင်ငံကို ပြန်ရောက်ချိန်မှာ ရှောင်တာနယ်လ်ဟာ ထောင်တွင်းမှာ ကြုံတွေ့ခဲ့ရတာတွေကိုဖွင့်ချခဲ့ပါတယ်။

သတင်း

အဆိုပါပစ်ခတ်မှုတွင် ပြည်သူလူထုများ ထိခိုက်မှုမရှိသော်လည်း ထိတ်လန့်ကြောက်ရွံ့ပြီး အသက်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။