Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

တိုက်ပွဲတွေကြောင့် အင်းလေးဒေသ က ခရီးစဉ်အချို့ ရပ်ထား

စစ်ကောင်စီဘက်ကတော့ PDF တွေရဲ့ စခန်းကိုသွားတိုက်တာလို့ဆိုထားပြီး တိုက်ပွဲမှာ PDF ခေါင်းဆောင်ကို အသေမိတယ်လို့ သတင်းထုတ်ထားပါတယ်။

တိုက်ပွဲတွေကြောင့် အင်းလေးဒေသ က ခရီးစဉ်အချို့ ရပ်ထား
တိုက်ပွဲတွေကြောင့် အင်းလေးဒေသ က ခရီးစဉ်အချို့ ရပ်ထား

ပြည်တွင်း ပြည်ပ ခရီးသွားတွေကြား ထင်ရှားတဲ့ အင်လေးဒေသမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက တိုက်ပွဲတွေဖြစ်ပွားပြီးနောက် ဒေသတွင်းက ခရီးသွားနေရာအချို့နေရာကိုပိတ်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ရှေးဟောင်းစေတီတွေရှိပြီး နိုင်ငံခြားသားခရီးသွားတွေ သွားလေ့ရှိတဲ့ ရွှေအင်းတိန်ဒေသဆီကို ပို့ဆောင်ပေးတဲ့ ဝန်ဆောင်မှုတွေကို ရပ်နားထားရတယ်လို့ အင်းလေးဒေသက စက်လှေသမားတစ်ဦးကပြောပြပါတယ်။

ပြီးခဲ့တဲ့ အင်္ဂါနေ့( ဇန်နဝါရီလ ၃ ) ရက်က စစ်ကောင်စီတပ်နဲ့အင်းလေး PDF တပ်ဖွဲ့တွေဟာ အင်းလေးဒေသ အနောက်ဘက်ခြမ်းမှာ တိုက်ပွဲတွေဖြစ်ခဲ့ပါတယ်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီဘက်ကတော့ PDF တွေရဲ့ စခန်းကိုသွားတိုက်တာလို့ဆိုထားပြီး တိုက်ပွဲမှာ PDF ခေါင်းဆောင်ကို အသေမိတယ်လို့ သတင်းထုတ်ထားပါတယ်။

ဒါအပြင် အင်းတိန်ကျေးရွာ ၊အင်းတိန်ညောင်အုပ်ကျောင်းတိုက် ရဲ့ကျောင်းထိုင်ဆရာတော် ဥူးဇဝန ကို ပါ စစ်ကောင်စီက ဖမ်းဆီးသွားပါတယ်။

ရှမ်းပြည်နယ်တောင်ပိုင်း PDF အဖွဲ့ခေါင်းဆောင် ဆရာကျောင်းခေါ် ကိုဇော်ဇော်အောင်အပါအဝင် PDF နဲ့ဆက်နွယ်သူတွေကို ဖမ်းမိထားတယ်လို့ လည်း စစ်ကောင်စီက သတင်းထုတ်ပြန်ထားတာတွေ့ရပါတယ်။

စစ်ကောင်စီထိန်းချုပ်ထားတဲ့ ရှမ်းပြည် တောင်ပိုင်း အင်းလေးဒေသမှာ ဒီနှစ် ဆန်းပိုင်း မှာတင် ပထမဆုံး အကြိမ် အဖြစ် တိုက်ပွဲတွေ ဖြစ်လာတာဖြစ်ပြီး စစ်ကောင်စီကလည်းနှိမ်နင်းဖို့ ကြိုးပမ်းနေတာပါ။

စစ်ကောင်စီနဲ့တိုက်ပွဲဖြစ်ခဲ့တဲ့ အင်းလေးဒေသပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(IPDF) ကို NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့လက်အောက်ခံအဖြစ် ပြီးခဲ့တဲ့ နှစ် ဆန်းပိုင်းက စတင်ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

You May Also Like

သတင်း

စစ်ကောင်စီတပ်ကို ကရင်အမျိုးသားလွတ်မြောက် ရေးတပ်မတော်(KNLA) တပ်ရင်း(၁၈)၊ တပ်ရင်း(၂၇)၊ Cobra စစ်ကြောင်း၊ ဒေါနစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ နဂါးဖြူစစ်ကြောင်း၊ Federal Wings ဒရုန်းတပ်ဖွဲ့၊ Golden Eagles ဒရုန်းတပ်ဖွဲ့တို့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း PDF အဖွဲ့ခေါင်းဆောင် ဆရာကျောင်းခေါ် ကိုဇော်ဇော်အောင်ကိုလည်း ဖမ်းမိထားတယ်လို့စစ်ကောင်စီက ဓာတ်ပုံတကွနဲ့ ဝါဒဖြန့်ထားပါတယ်။

သတင်း

ယမန်နေ့၌ပင် မြစ်ကြီးနားဘက်မှ ချီဖွေဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေတွင် KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီတပ်က ဒေသခံများ နေထိုင်ရာရွာနှင့်လုပ်ငန်းခွင်များသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလပ်ခဲ့ရာ လက်နက်ကြီးပစ်ခတ်မှု နှစ်ထောင်ကျော်၊ လေကြောင်းမှ တိုက်ခိုက်မှု ၃၅ကြိမ်အတွင်း ဗုံးသီး ၁၈၀လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။