Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဆွမ်ပရာဘွမ်တိုက်ပွဲ စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟု KIAအသိပေး

ယမန်နေ့၌ပင် မြစ်ကြီးနားဘက်မှ ချီဖွေဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေတွင် KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

(KIA တပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)
(KIA တပ်မှ ရဲဘော်များအား ရှေ့တန်းတစ်နေရာ၌ တွေ့ရစဥ်၊ ဓာတ်ပုံ - CJ)

▪️ချီဖွေလမ်း၌ စစ်ယာဉ်တန်းကို KIA မိုင်းဆွဲတိုက်ခိုက်ရာ ကား နှစ်စီးပျက်စီးပြီး စစ်ကောင်စီတပ် သေဆုံးထိခိုက်မှုများဟုဆို

ကချင်ပြည်နယ် ဆွမ်ပရာဘွမ်မြို့နယ်တွင် ယမန်နေ့က ဖြစ်ပွားခဲ့သည့်တိုက်ပွဲ၌ စစ်ကောင်စီတပ်က သေဆုံးထိခိုက်များပြားခဲ့ကြောင်း ကချင်လွတ်လပ် ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက ယနေ့ ညပိုင်း ဖော်ပြသည်။

ဇန်နဝါရီ ၆ရက်က ဆွမ်ပရာနှင့် မလိယန်အကြား စစ်ရေးလှုပ်ရှားလာသည့် စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာကနေ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။ အဆိုပါ ဒေသသည် KIA အမှတ်(၁)တပ်မဟာ အမှတ်(၁၀)တပ်ရင်းနယ်မြေ ဖြစ်သည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်ကို KIAက မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ၁နာရီကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများခဲ့ကြောင်း၊ ဆွမ်ပရာဘွမ် စစ်ကောင်စီတပ်မှ တိုက်ပွဲဖြစ်ပွားသည့်နေရာဘက်သို့ လက်နက်ကြီးများဖြင့်ပစ်ခတ်ခဲ့ကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြသည်။

ယမန်နေ့၌ပင် မြစ်ကြီးနားဘက်မှ ချီဖွေဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေတွင် KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် စစ်အင်အား စစ်အသုံးအဆောင်များ စားနပ်ရိက္ခာများ တင်ဆောင်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းသည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မှ ချီဖွေဘက် လှုပ်ရှားထွက်လာသည့်ဟု ယူဆရကြောင်း၊ စစ်ကားအစီး ၂၀ခန့်ပါသည့် စစ်ကောင်စီယာဉ်တန်းကို KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများခဲ့ပြီး ကား နှစ်စီးပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။

You May Also Like

သတင်း

စစ်ကောင်စီတပ်က ဒေသခံများ နေထိုင်ရာရွာနှင့်လုပ်ငန်းခွင်များသို့ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ် ပြုလပ်ခဲ့ရာ လက်နက်ကြီးပစ်ခတ်မှု နှစ်ထောင်ကျော်၊ လေကြောင်းမှ တိုက်ခိုက်မှု ၃၅ကြိမ်အတွင်း ဗုံးသီး ၁၈၀လုံးကျော် ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

သတင်း

ဇန်နဝါရီ ၇ရက် နံနက် ၁၀နာရီ ၁၀မိနစ်ခန့်တွင် စစ်ကော်စီတပ်က တိုက်လေယာဉ် နှစ်စီးဖြင့် ဒေဘိုးနိုဒေသအတွင်း ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့သည်ဟု ဖော်ပြထားသည်။

သတင်း

အထက်ပါ မိုင်းပေါက်ကွဲမှုဖြစ်စဥ်မှ ဒဏ်ရာအပြင်းအ ထန်ရရှိသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် များ၏ နောက်ဆက်တွဲအခြေအနေကို ထပ်မံအတည်ပြု စုံစမ်းလျက်ရှိကြောင်း ပဲခူးတိုင်းစစ်ဒေသခွဲက ထုတ်ပြန်ထားသည်။

သတင်း

KNU၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) တပ်ဖွဲ့ဝင် ၉ဦးကျဆုံးခဲ့ပြီး ၂၇ဦး ဒဏ်ရာရခဲ့ကြောင်း ထုတ်ပြန်သည်။