Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဖားကန့်ကျောက်စိမ်းတူး​ဖော်​ရေးလုပ်ငန်းများစက်သုံးဆီမသို​လှောင်ရန် KIA အသိ​ပေး

” လက်နက်မပြည့်စုံလို့ကြာနေတာ။လက်နက်သာအပြည့်အစုံရှိရင် လူထုတော်လှန်ရေးကအောင်နေပြီ” ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

ဖားကန့်​ကျောက်စိမ်းတူး​ဖော်​ရေးလုပ်ငန်းခွင်တစ်ခု။ ။ဓါတ်ပုံ-CJ
ဖားကန့်​ကျောက်စိမ်းတူး​ဖော်​ရေးလုပ်ငန်းခွင်တစ်ခု။ ။ဓါတ်ပုံ-CJ

▪︎စစ်​ရေးတင်းမာ​နေပြီးအချိန်မ​ရွေးစစ်ဖြစ်နိုင်၍ စစ်​ရေးအတွက်အ​နှောက်အယှက်မဖြစ်​အောင်ကန့်သတ်ခြင်းဖြစ်နိုင်ဟု​ဒေသခံလွှတ်​တော်အမတ်သုံးသပ်

ဖားကန့်​ဒေသတွင်ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများ မိုင်းခွဲရမည့်အချိန်ကိုကချင်လွတ်လပ်​ရေးတပ်မ​တော်- KIA က ကန့်သတ်ပြီးနောက် လောင်စာဆီသိုလှောင်ခြင်းမပြုကြရန်လည်း ထပ်မံသတိပေးချက်ထုတ်ပြန်သည်။

ဖားကန့်မြို့နယ် ရှဒူဇွပ်ကျေးရွာအနီး ပတ်ဝန်းကျင်တွင် ဆီဆိုင်များအပါအဝင် ဓါတ်ဆီ၊ ဒီဇယ်များသည် ဇန်နဝါရီလ ၁၁ ရက်နောက်ဆုံးထား၍ စက်သုံဆီသိုလောင်ခြင်း မပြုကြရန် KIA အမှတ် (၁၄) တပ်ရင်းက ဇန်နဝါရီလ ၇ ရက်နေ့စွဲဖြင့်ထုတ်ပြန်ထားသည်။ စက်သုံးဆီသို​လှောင်ထားပါကဆိုင်ပိုင်ရှင်ကိုအ​ရေးယူမည်ဟုလည်း​ဖော်ပြထားသည်။ မည်သည့်အတွက်​ကြောင့် ထိုသို့တားမြစ်ထားသည်ကိုမူ​ဖော်ပြထားခြင်းမရှိ​ပေ။

KIA ထုတ်ပြန်ချက်
KIA ထုတ်ပြန်ချက်

ဖားကန့်ကျောက်စိမ်း လုပ်ကွက်များတွင် မိုင်းခွဲတူးဖော်ခြင်းကို ည ၁၁ နာရီမှ နံနက်ပိုင်း ၁ နာရီအချိန်အထိသာ ပြုလုပ်ကြရန် အမှတ် (၆) တပ်ရင်းကဇန်နဝါရီ ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။မိုင်းခွဲရမည့်အချိန်ကိုကန့်သတ်​ကြောင်းထုတ်ပြန်ပြီး​နောက်တစ်ရက်တွင် စက်သုံးဆီသို​လှောင်ခြင်းမပြုရန်ထုတ်ပြန်ထပ်မံသတိပေးခဲ့ခြင်းဖြစ်သည်။

လတ်တလောတွင် ဖားကန့်ဒေသ၌စစ်ရေးတင်းမာနေပြီး တိုက်ပွဲများအချိန်မရွေးဖြစ်နိုင်၍ စစ်ရေးအတွက် အနှောက်အယှက်မဖြစ်စေရန် KIA အနေဖြင့် ယခုကဲ့သို့ ကန့်သတ်ချက်များထုတ်ပြန်လာ​​ခြင်းဖြစ်သည်ဟု ဖားကန့်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဟိန်းမင်းက သုံးသပ်သည်။

စစ်ကောင်စီသည် ဖားကန့်ကို ထိန်းချုပ်နိုင်ရေးကြိုးစားနေသော်လည်းလူထုထောက်ခံမှုမရ၍ အချည်းနှီးဖြစ်နေသည်။ လူထုက KIA နှင့် PDF ပူးပေါင်းအဖွဲ့ကိုထောက်ခံပြီး စစ်အာဏာရှင်တော်လှန်ရေးတွင်နည်းမျိုးစုံပါဝင်ပေးနေကြောင်း ဒေသခံများကပြောသည်။

” လက်နက်မပြည့်စုံလို့ကြာနေတာ။လက်နက်သာအပြည့်အစုံရှိရင် လူထုတော်လှန်ရေးကအောင်နေပြီ” ဟုဖားကန့်ဒေသခံတစ်ဦးကပြောသည်။

You May Also Like

သတင်း

ဖားကန့်တွင် မြန်မာနိုင်ငံနေရာအနှံ့မှလာရောက်ပြီး ရေမဆေးကျောက်ရှာဖွေ အသက်မွေးသူ နှစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသော ကုမ္မဏီအချို့ကို ပိတ်သိမ်းခိုင်းခြင်း၊ ယန္တရားများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

သတင်း

စစ်ကောင်စီတပ်သည် ကျေးရွာအတွင်းမှ ထွက်သွားရန် မကြာခဏပြောဆိုလာ၍ ပြည်သူအချို့သည် နီးစပ်ရာ ဆွေမျိုးအိမ်များနှင့်ဘုရားကျောင်းများသို့ တိမ်းရှောင်နေရသည်ဟု ဆိုသည်။

သတင်း

ယနေ့(ဇန်နဝါရီ ၈ရက်)နံနက် ၅ နာရီခန့်ကလည်း ဗန်းမော်မြို့ပေါ်တွင် ပြင်းထန်သော ပေါက်ကွဲသံတစ်ချက်ကြားလိုက်ရပြီး အကြောင်းရင်းကို မသိရသေးပေ။

သတင်း

ယမန်နေ့၌ပင် မြစ်ကြီးနားဘက်မှ ချီဖွေဘက်သို့ တက်လာသည့် စစ်ကောင်စီတပ်ယာဉ်တန်းကို KIA တပ်မဟာ(၅) တပ်ရင်း(၃)နယ်မြေတွင် KIAက မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။