Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မဲစာရင်းလိုက်ကောက်တဲ့ အဖွဲ့တွေကို အရေးယူမယ်လို့ NUG သတိပေး

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှေ့ပြေးအကြိုမဲစာရင်းအဖြစ် လူဦးရေ စာရင်း ကောက်ယူတာတွေကို မနေ့က ဇန်နဝါရီလ ၉ ရက်စတင်ပြီးကောက်ယူနေတာပါ။

ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်ထဲ လူဦးရေစာရင်းကောက်ယူနေပုံ
ရန်ကုန်မြို့ ၊ကျောက်တံတားမြို့နယ်ထဲ လူဦးရေစာရင်းကောက်ယူနေပုံ

စစ်ကောင်စီရွေးကောက်ပွဲအတွက် လူဦးရေစာရင်းလိုက်လံကောက်ယူပေးနေတဲ့ စစ်ကောင်စီလက်အောက်ခံအဖွဲ့တွေကို အကြမ်ဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ ပြင်းပြင်းထန်ထန် တရားစွဲအရေးယူမယ်လို့ NUG အစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သတိပေးလိုက်ပါတယ်။

မြေပြင်လူဦးရေစာရင်းကောက်ယူနိုင်ဖို့အတွက်ပါဝင် ဆောင်ရွက်နေတဲ့ စစ်ကောင်စီရဲ့အုပ်ချုပ်ရေးအဖွဲ့တွေ ၊ လဝကနဲ့ စစ်ကောင်စီဒေါက်တိုင်တွေကို အရေးယူမယ်လို့ NUG ပြည်ထဲရေးဝန်ကြီးဌာနရဲ့ မနေ့က ရက်စွဲနဲ့ထုတ်ပြန်တဲ့ ကြေညာချက်မှာဖော်ပြထားပါတယ်။

ရန်ကုန်အပါအဝင် တိုင်းနဲ့ပြည်နယ်အချို့မှာ စစ်ကောင်စီဟာရွေးကောက်ပွဲကျင်းပနိုင်ဖို့ ရှေ့ပြေးအကြိုမဲစာရင်းအဖြစ် လူဦးရေ စာရင်း ကောက်ယူတာတွေကို မနေ့က ဇန်နဝါရီလ ၉ ရက်စတင်ပြီးကောက်ယူနေတာပါ။

ရန်ကုန်မြို့တွင်းမှာ ကောက်ယူရာမှာတော့ ရပ်ကွက်ရုံးလို နေရာမှာ ထွေအုပ် ၊ လဝက ဌာနဆိုင်ရာတွေထံ ပြည်သူတွေက စာရင်းသွားပေးသွင်းရတာတွေ့ရပါတယ်။

မန္တလေးက အချို့နေရာတွေမှာ စစ်ကောင်စီက လူဦးရေ စာရင်းကောက်ယူတယ်လို့ မကြေညာဘဲ မှတ်ပုံတင်မရှိသူတွေ ၊ အိမ်ထောင်စုစာရင်းမရှိသူတွေကို မှတ်ပုံတင် ၊အိမ်ထောင်စုစာရင်းလုပ်ပေးဖို့ ရပ်ကွက်ရုံးထံစာရင်းပေးကြဖို့ လိုက်လံကြေညာတာတွေရှိတယ်လို့ ဒေသခံတစ်ဦးက ပြောပြပါတယ်။

လူဦးရေစာရင်းလိုက်လံကောက်ယူရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ၊ ရဲတပ်ဖွဲ့ဝင်တွေ လုံခြုံရေး ယူပေးတာကို ဓာတ်ပုံမှတ်တမ်းတွေအရ တွေ့ရပါတယ်။

မနေ့က တနင်္သာရီတိုင်း ၊လောင်းလုံးမြို့နယ်ထဲ စာရင်းလိုက်ကောက်တဲ့အဖွဲ့ ကို လိုက်လံလုံခြုံရေးယူပေးတဲ့ ဒုရဲအုပ်ဟာ ပစ်သတ်ခံလိုက်ရပါသေးတယ်။

NGU၊ တော်လှန်ရေးအဖွဲ့တွေနဲ့ အင်အားကောင်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အချို့က စစ်ကောင်စီရဲ့ ရွေးကောက်ပွဲ ကိုလက်မခံကြောင်းနဲ့ ရွေးကောက်ပွဲမဖြစ်အောင် တားမြစ်သွားမယ်လို့တရားဝင် ထုတ်ပြောထားကြပါတယ်။

ဒါအပြင် လူထုအနေနဲ့ စစ်ကောင်စီရွေးကောက်ပွဲ လုပ်ငန်းစဉ်မှာ မပူးပေါင်းကြဖို့လည်းတိုက်တွန်းထားကြပါတယ်။

You May Also Like

သတင်း

၂၀၂၃တွင် စစ်ရေးရလဒ်နှင့် နိုင်ငံရေးရလဒ်များ သိသိသာသာ ထွက်ပေါ်လာရန် အထူးမျှော်လင့်မိသကဲ့သို့ ပြည်သူလူထုကလည်း မျှော်လင့်တကြီးစောင့်မျှော်နေမည်ဟု ယုံကြည်ကြောင်း ယာယီသမ္မတက ပြောကြားခဲ့သည်။

သတင်း

စစ်ကောင်စီ လက်ချက်ဖြင့် သေဆုံးခဲ့ရသူ အားလုံးအနက် အမျိုးသမီးဦးရေမှာ ၁၃.၁ ရာခိုင်နှုန်းပါဝင်ပြီး စစ်ကိုင်းတိုင်းမှ ၁၇၁ ဦးဖြင့် အများဆုံးဖြစ်သည်။

သတင်း

ပြည်သူကိုဆက်လက်ဒုက္ခပေးနေပါကလုံးဝ ငဲ့ညှာတော့မည်မဟုတ်ကြောင်း ချောက်မြို့နယ် ပြောက်ကျားတပ်ဖွဲ့ CGFက သတိပေးသည်။

သတင်း

၂၀၂၃ တွင် စစ်ကောင်စီက ကျင်းပမည်ဆိုသော ရွေးကောက်ပွဲနှင့်ပတ်သက်၍ အထက်ပါ တော်လှန်ရေးအင်အားစုအားလုံးက ပြတ်သားစွာ ဆန့်ကျင်ကြောင်း ကြေညာသည်။