Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ထီးချိုင့်နယ်တွင်စစ်ကောင်စီတပ်မိုင်းထိပြီးသေဆုံးထိခိုက်မှုများ

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၇ဦးရှိပြီး ကလေးငယ်သုံးဦး ပါဝင်သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျဉ်ခွံအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)
(စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျဉ်ခွံအား တွေ့ရစဥ်။ ။ဓါတ်ပုံ-CJ)

▪︎စစ်ကောင်စီလက်နက်ကြီးဖြင့်ရမ်းပစ်၍ ဒေသခံ နှစ်ဦး အသက်ဆုံးရှုံး၊ ကလေးငယ်များအပါအဝင် ၇ဦးထက်မနည်းဒဏ်ရာရ

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ် အလယ်တောကျေးရွာတွင် စစ်ကောင်စီတပ် မိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ သေဆုံးထိခိုက်မှုများသကဲ့သို့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်၍ အရပ်သားသေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ထီးချိုင့်ဒေသခံက ပြောသည်။

ဇန်နဝါရီ ၈ရက်တွင် အလယ်တောရွာသို့ ဝင်လာသည့် စစ်ကောင်စီတပ် မိုင်းဖြင့်တိုက်ခိုက်ခံခဲ့ရသည်ဟုသိရသည်။

“အဲဒီ စ…(စစ်ကောင်စီတပ်သား)တွေက ကျွန်တော်တို့ အလယ်တောရွာကို ဝင်တယ်။ ဝင်တဲ့အခါ ကျွန်တော်တို့ ကာကွယ်ရေးအဖွဲ့တွေက မိုင်းထောင်တာကို သူတို့ မိုင်းမိလိုက်တယ်။အလယ်တောဘုရား တောင်ရိုးပေါ်မှာလေ။ မိုင်းမိလိုက်တဲ့အခါ သူတို့ အသေအပျောက်တွေရှိတယ် အနာအစာတွေရှိတယ်။ သူတို့ အဲဒီမှာ တစ်ညအိပ်ပြီးတော့နောက်ရက်ကို အလယ်တောရွာကို အကုန်မီးရှို့သွားပြီး ပြန်အထွက်မှာ ကာကွယ်ရေးအဖွဲ့တွေနဲ့ ထိတွေ့မှု ဖြစ်တဲ့အခါသူတို့ ရမ်းသမ်းပြီး ပစ်တဲ့အတွက် ထန်းကုန်းကျေးရွာထဲကို လက်နက်ကြီးကျပြီး ကလေးတွေရော ထိပါတယ်။လူတစ်ယောက်ပွဲချင်းပြီးသေပါတယ်” ဟု ထီးချိုင့်ဒေသခံက ပြောသည်။

စစ်​ကောင်စီတပ်ကပစ်ခတ်​သောလက်နက်ကြီးကျည်​ကြောင့်ထန်းကုန်းရွာမှဒေသခံနှစ်ဦး​သေဆုံးခဲ့ပြီး၊ ကံပေါက်ကျေးရွာတွင်လည်း လက်နက်ကြီးထိ၍ ဒဏ်ရာရရှိသူ များရှိ​ကြောင်း​ဒေသခံများက​ပြောသည်။

ဇန်နဝါရီ ၉ရက်၌ ဖြစ်ပွားသည့် ထိတွေ့တိုက်ပွဲ၌လည်း စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း ၎င်းကဆက်​ပြောသည်။

“တိုက်ပွဲဖြစ်တဲ့အခြေအနေက သူတို့ဘက်က အကျအဆုံးရှိတယ်လို့တော့ ရပါတယ်။ သတင်းအတိအကျတော့ မရနိုင်ဘူးလေ။ မိုင်းထိတာကတော့ အနည်းဆုံး ၁၅ယောက်လောက်သေသွားတယ်လို့ သတင်းရတယ်။ အလောင်းတွေကိုအိမ်တွေထဲ ပစ်ထည့်ပြီးအိမ်တွေရောမီးရှို့သွားပါတယ်”ဟုအခြားထီးချိုင့်ဒေသခံကလည်းပြောသည်။

စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒဏ်ရာရသူ အနည်းဆုံး ၇ဦးရှိပြီး ကလေးငယ်သုံးဦး ပါဝင်သည်ဟု သိရကြောင်း ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်သည် ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း အလယ်တောကျေးရွာအပါအဝင် ထီးချိုင့်နယ်ရှိ ကျေးရွာပေါင်း ၂၀ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ လက်ရှိတွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းများ ထီးချိုင့်နယ်မှ ကျေးရွာများကို မီးရှို့ဖျက်ဆီးမှုများ ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်များနှင့်လည်း တိုက်ပွဲဖြစ်ပွားမှုများ ရှိနေသည်။

You May Also Like

သတင်း

"မိုင်းတွေခွဲဖို့လုပ်ထားတာ။ပြည်သူတွေကရှိနေတော့ဘာမှလုပ်မရဘူး။လိုအပ်လို့သတိပေးတာပါ"ဟုက​လေးPDF တပ်ဖွဲ့ဝင်ဦးကပြောသည်။

သတင်း

အဲဒီဆေးရုံတွေဟာ CDM တွေကိုအလုပ်ပေးတယ်ဆိုတဲ့စွပ်စွဲချက်နဲ့စစ်ကောင်စီက ပိတ်ခိုင်းထားတာလို့လည်းစုံစမ်းသိရပါတယ်။

သတင်း

ထိုစစ်ဆင်ရေးများကို မြိုင်မြို့နယ်ပြည်သူ့ကွာကွယ်ရေးတပ်ဖွဲ့ ( မြိုင်-ပကဖ) တပ်ရင်း( ၁ ) တပ်ခွဲ - ၁ နှင့် တပ်ခွဲ - ၂ ( ဂဠုန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။