Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

အလွတ်တန်းသတင်း​ထောက်ကို​ဇော်မိုးထက် ဖမ်းဆီးခံရ

ဖားကန့် ​ဒေသသတင်းများကို ရေးလေ့ရှိသည့် အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်အား စစ်ကောင်စီတပ်က ယမန်နေ့(ဇန်နဝါရီ ၉ရက်) ညနေတွင် မန္တလေးမြို့တနေရာ၌ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

(အလွတ်တန်းသတင်း​ထောက် ကို​ဇော်မိုးထက်။ ။ဓါတ်ပုံ-​ဇော်မိုးထက်​ဖေစ်ဘွခ်)
(အလွတ်တန်းသတင်း​ထောက် ကို​ဇော်မိုးထက်။ ။ဓါတ်ပုံ-​ဇော်မိုးထက်​ဖေစ်ဘွခ်)

မန္တလေးမြို့မှ အလွတ်တန်းသတင်းထောက်တစ်ဦးကိုစစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူ၏မိတ်ဆွေအချို့ကပြောသည်။

ဖားကန့် ​ဒေသသတင်းများကို ရေးလေ့ရှိသည့် အလွတ်တန်းသတင်းထောက် ကိုဇော်မိုးထက်အား စစ်ကောင်စီတပ်က ယမန်နေ့(ဇန်နဝါရီ ၉ရက်) ညနေတွင် မန္တလေးမြို့တနေရာ၌ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်းသိရသည်။

“ကို​ဇော်မိုးထက်ကိုဖမ်းပြီး သူ့အိမ်ကိုဝင်မွှေသွားတယ်လို့ကြားတယ်။နောက်ထပ်ဘာမှမသိရသေးဘူး”ဟုဖားကန့်မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီတပ်ကဖမ်းဆီးသွားသည်ဟုသောသတင်းမှလွဲ၍ အခြားအသေးစိတ်အခြေအနေကိုမသိရသေးပေ။

ကို​ဇော်မိုးထက်သည် အဖမ်းမခံရခင်ဇန်နဝါရီလ ၈ရက်က”ဝိသမလောဘသားများနှင့်ပိုင်ရှင်မဲ့အလောင်းတွေပေါသည့် ဖားကန့်” ဟူသော ဆောင်းပါးတစ်ပုဒ်ကိုဖေစ်ဘွတ်ခ်လူမှုကွန်ရက်ပေါ်တင်ခဲ့သည်။ ဖားကန့်ဒေသကျောက်စိမ်းတူးဖော်မှုများ၊ မြေပြိုမှုများနှင့်ပတ်သက်၍ ရေးထားသော အဆိုပါဆောင်းပါးတွင်စစ်ကောင်စီကိုဝေဖန်ထားသည့်အချက်များမပါဝင်ဘဲ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက်က ဖြစ်ရပ်များကို အများဆုံးဝေဖန်ထားသည်ကိုတွေ့ရသည်။

အာဏာသိမ်းစစ်ကာင်စီလက်ထက်တွင် သတင်း​​ထောက်များဖမ်းဆီး​ထောင်ချခံရမှုများပြား​နေပြီး သတင်း​ထောက်များထောင်ချခံရမှုတွင်ကမ္ဘာ​ပေါ်တွင် တရုတ်ပြီးလျှင်ဒုတိယအများဆုံးဖြစ်​ကြောင်း ပြင်သစ်အ​ခြေစိုက် နယ်စည်းမခြားသတင်း​ထောက်များအဖွဲ့(RSF) ထုတ်ပြန်ထားသည်။

You May Also Like

သတင်း

ဖားကန့်တွင် မြန်မာနိုင်ငံနေရာအနှံ့မှလာရောက်ပြီး ရေမဆေးကျောက်ရှာဖွေ အသက်မွေးသူ နှစ်သိန်းခန့်ရှိနေသည်။ စစ်ကောင်စီက ၎င်းတို့ကို မထောက်ခံသော ကုမ္မဏီအချို့ကို ပိတ်သိမ်းခိုင်းခြင်း၊ ယန္တရားများအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်နေသည်။

သတင်း

ဖမ်းမိသူ ၁၆ ဦးထဲမှာ မန္တလေးမြို့ ၊အောင်မြေသာစံမြို့နယ်ထဲက ကျောင်းထိုင်ဆရာတော် ၁ ပါးကိုပါ လူဝတ်လဲပြီး စစ်ကောင်စီက ဖမ်းဆီးထားတာတွေ့ရပါတယ်။

သတင်း

အဆိုပါ အမျိုးသမီး လေးဦးအား PDFများကို ထောက်ပံ့သည်ဟု စွပ်စွဲကာ ဖမ်းဆီးထားသည့် ဓာတ်ပုံများကို စစ်ကောင်စီ၏ ဝါဒဖြန့် Fifty Two Telegram Channelက ဖော်ပြထားသည်။

သတင်း

ဒီဇင်ဘာ ၁၆ ရက်တွင်အလွတ်တန်းသတင်းထောက် ကိုစိုးရာဇာထွန်းကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ - ၅၂ (က) ဖြင့်စွပ်စွဲ၍ အလုပ်နဲ့ထောင်ဒဏ် ၄နှစ်ချမှတ်ခဲ့သည်။