Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

မူဆယ်နယ်စပ်ဂိတ်ကို တရုတ်ကဖွင့်ပေးသော်လည်း စစ်ကောင်စီကဆက်ပိတ်ထား

တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။

(မြန်မာနှင့်တရုတ်နယ်စပ်ဂိတ်များကို လာ​စောင့်ကြည့်​နေသူများ ။ ။ဓါတ်ပုံ-CJ)
(မြန်မာနှင့်တရုတ်နယ်စပ်ဂိတ်များကို လာ​စောင့်ကြည့်​နေသူများ ။ ။ဓါတ်ပုံ-CJ)

မူဆယ်-ရွှေလီနယ်စပ်ကုန်သွယ်စခန်းကို တရုတ်နိုင်ငံဘက်က ပြည်လည်ဖွင့်လှစ်ပေးခဲ့သော်လည်း မြန်မာဘက်မှ စစ်​ကောင်စီက Covid-19အကြောင်းပြချက်ဖြင့် ပိတ်ထားဆဲဖြစ်သည်ဟု နယ်စပ်ကုန်သည်များက​ပြောသည်။

တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက် မူဆယ်-ရွှေလီနယ်စပ်ရှိ ဂိတ် ၃ခုကို ဖွင့်လှစ်ပေးခဲ့သော်လည်း စစ်ကောင်စီက တရုတ်နိုင်ငံဘက်တွင် ကိုဗစ်ရောဂါပြင်းထန်နေခြင်းကြောင့်ဟုဆိုကာ ပိတ်ထားရခြင်းဖြစ်သည်ဟု ကုန်သည်များကပြောသည်။

“တရုတ်ဘက်က ကိုဗစ်တွေအရမ်းဖြစ်နေတယ်။ မြန်မာဘက်က ကိုဗစ်ကာကွယ်ရေးကော၊အခြားပြင်ဆင်မှုတွေကို မလုပ်ရသေးဘူးဆိုပြီး ဇန်နဝါရီ ၇ ရက်ကတည်းက ဆက်ပိတ်ဖို့ ဆုံးဖြတ်ထားကြတာ”ဟု နယ်စပ်ကုန်သည်တစ်ဦးကပြောသည်။

(မြန်မာနှင့်တရုတ်နယ်စပ်ဂိတ်များကို လာ​စောင့်ကြည့်​နေသူများ ။ ။ဓါတ်ပုံ-CJ)
(မြန်မာနှင့်တရုတ်နယ်စပ်ဂိတ်များကို လာ​စောင့်ကြည့်​နေသူများ ။ ။ဓါတ်ပုံ-CJ)

တရုတ်-မြန်မာနယ်စပ်ရှိ မူဆယ်နယ်စပ်ဂိတ်သုံးခုကိုဇန်နဝါရီ ၈ ရက်တွင်ဖွင့်လှစ်မည်ဟုတရုတ်သံရုံးကထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါထုတ်ပြန်ချက်အတိုင်း တရုတ်-မြန်မာနယ်စပ်ဂိတ်တွင် နှစ်နိုင်ငံသားများသည် ယမန့်နေ့ကတည်းကစောင့်ဆိုင်းခဲ့ကြသည်။

Public Service Announcement
Public Service Announcement

မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံးက ယူနန်ပြည်နယ်ရှိ တရုတ်-မြန်မာနယ်စပ်ရွှေလီနယ်စပ်ဂိတ်၊တရုတ်-ဗီယက်နမ်နယ်စပ် ဟိုခိုနန်ရှီးမြစ်နယ်စပ်ဂိတ်နှင့် တရုတ် -လာအို နယ်စပ်ရှိ မိုဟန်နယ်စပ်ဂိတ်ကို ပြန်လည်ဖွင့်လှစ်ပေးခဲ့သည်ဟု ယနေ့ ထပ်မံထုတ်ပြန်သည်။ ရွှေလီနယ်စပ်ဂိတ်မှဝင်ရောက်မည့် ပြည်သူများသည် ၄၈နာရီအတွင်းစစ်ဆေးထားသည့် ကိုဗစ်-၁၉ရောဂါကင်းရှင်းကြောင်းသာပြရမည်ဟုတရုတ်သံရုံးကထုတ်ပြန်ထားသည်။

ကမ္ဘာ့ ကပ်ရောဂါကြောင့် တရုတ်-မြန်မာနယ်စပ်ဂိတ်များကို ၂၀၂၀ ဧပြီလတွင် လူဝင်လူထွက်ပိတ်ခဲ့ပြီး စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၁ ဇူလှိုင်လတွင် မူဆယ်နယ်စပ်ဂိတ်များဖြစ်သည့် ဆင်ဖြူ၊မန့်ဝိန်းနှင့်နန်းတော်ဂိတ်များကို ပါ တရုတ်နိုင်ငံကပိတ်ထားခဲ့ခြင်းဖြစ်သည်။

You May Also Like

သတင်း

ဒိုးဝိုင်းချောင်းလမ်းတွင် မြို့ပြပြောက်ကျားစစ်ဆင်ရေးအဖွဲ့က မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင် သုံးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့သည်ဟုလည်း PDFကလေးက ဆိုသည်။

သတင်း

စစ်ကောင်စီတပ်သည် ဇန်နဝါရီ ၃ ရက်မှ ယနေ့အထိ ဒီပဲယင်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၁ ရွာမှ နေအိမ်ပေါင်းရာနှင့်ချီ မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

သတင်း

ပကဖအဖွဲ့များ ပစ်သတ်ခဲ့သူမှာ ဒုဗိုလ်အဆင့်ရှိသူဖြစ်ပြီး အရပ်ဝတ် ဝတ်ထားစဉ်ပစ်သတ်ခံရခြင်းဖြစ်သည်ဟု လောင်းလုံးမြို့ခံများကပြောသည်။

သတင်း

မိုင်းထိပြီးဆက်မောင်းလာသော စစ်ကောင်စီယာဥ်အား ကင်းပုန်းဝပ်နေသည့် စစ်ကောင်စီတားဆီးစဥ် တိုက်မိပြီးနောက် အချင်းချင်း အပြန်အလှန်ပစ်ခတ်ကြ၍ သေဆုံးခဲ့ခြင်းဖြစ်သည်။