Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လမိုင်းမြို့နယ် နှစ်ကရင်ရွာရှိ စစ်ကောင်စီရဲစခန်းအား ရေးပြောက်ကျားတပ်ဖွဲ့ ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီး

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေ‌ဆုံးမှုများရှိနိုင်ပြီး အတည်ပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု YGFက ဖော်ပြသည်။

(ရေးပြောက်ကျားတပ်ဖွဲ့ -YGFမှ ရဲဘောလ်များအား တွေ့ရစဥ်)
(ရေးပြောက်ကျားတပ်ဖွဲ့ -YGFမှ ရဲဘောလ်များအား တွေ့ရစဥ်)

မွန်ပြည်နယ် လမိုင်းမြို့နယ် နှစ်ကရင်ကျေးရွာရှိ စစ်ကောင်စီရဲစခန်းအား ဝင်ရောက်စီးနင်းမီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း ရေးပြောက်ကျားတပ်ဖွဲ့ -YGFက ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၁၁ရက်) နံနက် ၁နာရီခန့်က နှစ်ကရင်ကျေးရွာရဲစခန်းအား ဝင်ရောက်စီးနင်းစဥ် စစ်ကောင်စီလက်ပါးစေ ရဲများထွက်ပြေးခဲ့သဖြင့် စခန်းအတွင်းရှိ ပစ္စည်းများနှင့် အဆောက်အဦးကိုသာ ဖျက်ဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

ထို့အပြင် ယနေ့နံနက် ၆ နာရီခွဲတွင် ကြိုးတံတားရွာရှိ စစ်ကောင်စီ၏ စခန်းကို YGFက လက်နက်ငယ်၊လက်နက်ကြီးများဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ခမရ(၅၈၈) တပ်က လက်နက်ကြီးအချက်ပေါင်းများစွာ ပစ်ကူပေးခဲ့သဖြင့် (YGF)မှ ပြန်လည်ဆုတ်ခွာခဲ့ရကြောင်း အသိပေးသည်။

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေ‌ဆုံးမှုများရှိနိုင်ပြီး အတည်ပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု YGFက ဖော်ပြသည်။

“တော်လှန်နှစ်သစ်မှာ မစ်ရှင်လေးကြိမ်အောင်မြင်ပြီးစီးတယ်။နှစ်သစ်လက်ဆောင်တွေ အများကြီးလာအုံးမယ်”ဟု YGF တပ်ဖွဲ့မှတာဝန်ရှိသူ ဗိုလ်ကျန်ရစ်က ပြောသည်။

ထို့အပြင် CDM ပြုလုပ်ထားသူများနှင့် တော်လှန်ရေးရဲဘော်များကို အဓိကဒုက္ခပေးနေသည့် ရေးမြို့နယ် အထူးထောက်လှမ်းရေးဗိုလ်ကြီးညီညီအား ဇန်နဝါရီ ၉ ရက်က YGFက ရှင်းလင်းခဲ့သည်။

You May Also Like

သတင်း

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီကား ၁ စီးထိခိုက်သွားတယ်လို့လည်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ NMD PDF ကဆိုထားပါတယ်။

သတင်း

ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယနေ့ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဟားခါးမြို့တွင်း ဈေးဆိုင်များ ပိတ်ထားကာ ဝမ်းနည်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

သတင်း

ဘီးလင်းမှ သထုံသို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၃စီးကို ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ခမရ(၃၆၈)နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အရှေ့ဖက်ရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။