Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ဘီးလင်းတွင်စစ်ကောင်စီတပ်ယာဉ်တန်းကိုKNLAဦး​ဆောင်​သောပူး​ပေါင်းတိုက်ခိုက် ကား ၂စီးပျက်စီး၊ စစ်သား ၁၀ ဦးထက်မနည်းသေဆုံးထိခိုက်ဟုတာဝန်ရှိသူ​ပြော

ဘီးလင်းမှ သထုံသို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၃စီးကို ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(KNU/KNLAတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU)
(KNU/KNLAတပ်ဖွဲ့ဝင်များ ။ ။ဓါတ်ပုံ-KNU)

ကရင်အမျိုးသားအစည်းအရုံး(KNU)၊ သထုံခရိုင်တပ်မဟာ(၁)နယ်မြေတွင် စစ်ကောင်စီတပ်ယာဉ်တန်းကို ယမန်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ကသေဆုံးထိခိုက် ၁၀ဦးထက်မနည်းရှိခဲ့ကြောင်းကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) နယ်မြေခံတပ်မှူးတစ်ဦးက ပြောသည်။

ဘီးလင်းမှ သထုံသို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၃စီးကို ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“ဘီးလင်းဒေါက်ရပ်(ဒေါက်ရပ်ကျေးရွာ)နားမှာ။ ကားမိုင်းခွဲတာ။ ကားက ၂စီးထိပြီး မီးလောင်သွားတယ်။သေတာက ၇ယောက်ဒဏ်ရာရတာက ၄ယောက်။ကားက ၃စီး။ ၂စီးက မီးလောင်သွားတယ်။ ကားစီးတစ်စီးကတော့ ဘီးပေါက်သွားတော့ ရပ်သွားတာပေါ့။ မနေ့က ကားတန်းတွေရပ်နေတာအဲဒီမှာ” ဟု KNLA တပ်မှူးက ပြောသည်။

စစ်​ကောင်စီတပ်​သေဆုံးထိခိုက်မှုအ​ခြေအ​နေကို People’s Spring က သီးခြားအတည်မပြုနိုင်​သေးပါ။

ပြီးခဲ့သည့် ရက်ပိုင်းကလည်းရန်ကုန် -မော်လမြိုင်လမ်းကျိုက်ထိုနှင့်သထုံကြား၌ စစ်ကောင်စီတပ်ယာဉ်များကို ပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်များ သေဆုံးထိခိုက်ရှိခဲ့သည်။

“ကျွန်​တော်တို့ အောင်ပွဲခံတဲ့အထိတော့ ဆက်ပြီးတော့ ကျွန်​တော်တို့ တိုက်ပွဲဝင်ရမှာပဲ” ဟု KNLA တပ်မှူးကတော်လှန်ရေးအောင်မြင်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

You May Also Like

သတင်း

တိုက်ပွဲဖြစ်ပွားချိန်အတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေ‌ဆုံးမှုများရှိနိုင်ပြီး အတည်ပြုနိုင်အောင် ဆက်လက်ဆောင်ရွက်သွားမည်ဟု YGFက ဖော်ပြသည်။

သတင်း

အဲဒီတိုက်ခိုက်မှုမှာ စစ်ကောင်စီကား ၁ စီးထိခိုက်သွားတယ်လို့လည်း တိုက်ခိုက်မှုကို လုပ်ဆောင်ခဲ့တဲ့ NMD PDF ကဆိုထားပါတယ်။

သတင်း

ဇန်နဝါရီ ၁၀ရက် ညနေပိုင်း၌ လေကြောင်းတိုက်ခိုက်ခံရ၍ CNF ရဲဘော် ၅ဦးကျဆုံးပြီး ၁၀ဦးခန့်ဒဏ်ရာရခဲ့သည်။ ထို့ကြောင့် ယနေ့ ဇန်န၀ါရီ ၁၁ရက်နေ့တွင် ဟားခါးမြို့တွင်း ဈေးဆိုင်များ ပိတ်ထားကာ ဝမ်းနည်းကြောင်း ပြသခဲ့ခြင်းဖြစ်သည်။

သတင်း

စစ်ကိုင်းတိုင်း ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ခမရ(၃၆၈)နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အရှေ့ဖက်ရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။