Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကျွန်းလှတွင် စစ်ကောင်စီတပ်က ကျေးရွာနှစ်ရွာ မီးရှို့ပြီး ပြည်သူနှစ်ဦးကို သတ်ဖြတ်

စစ်ကိုင်းတိုင်း ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ခမရ(၃၆၈)နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အရှေ့ဖက်ရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။

ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

စပါးတင်းတစ်ထောင်ကျော်ကိုပါ အဓမ္မသိမ်းယူသွား

စစ်ကိုင်းတိုင်း၊ ကျွန်းလှမြို့နယ်ရှိ ကျေးရွာနှစ်ရွာအား စစ်ကောင်စီတပ်ကဝင်ရောက်မီးရှို့ဖျက်ဆီးပြီး ‌ဒေသခံပြည်သူနှစ်ဦးအား သတ်ဖြတ်ကာ စပါးတင်းတစ်ထောင်ကျော်လည်း အဓမ္မယူဆောင်သွားကြောင်း ဒေသတွင်းသတင်းရင်းမြစ်များက ပြောသည်။

စစ်ကိုင်းတိုင်း ဇန်နဝါရီ ၆ရက် မွန်းလွဲပိုင်းက စစ်ကောင်စီ၏ ခမရ(၃၆၈)နှင့် ပျူစောထီး စုစုပေါင်းအင်အား ၁၅၀ခန့်သည် စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျွန်းလှမြို့နယ်အရှေ့ဖက်ရှိ ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား လက်နက်ကြီးများဖြင့်ပစ်ခတ်ကာ ဝင်ရောက်ခဲ့သည်။

ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

အဆိုပါ စစ်ကြောင်း နှစ်ကြောင်းသည် ဇန်နဝါရီ ၆ရက် ညနေနှင့် ၇ ရက်တို့တွင် ထန်းပင်ကုန်းရွာရှိ နေအိမ်များနှင့် ကြာတကန်ကျေးရွာမှ တဲအိမ်များအား မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ထန်းပင်ကုန်းရွာမှ နေအိမ် ၅၆လုံးနှင့် ကြာတကန်ရွာမှ တဲအိမ်များ မီးလောင်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ထို့အပြင် စစ်ကောင်စီတပ်နှင့် ပျူများသည် ကြာတကန်ရွာမှ တဲအိမ်တွင် စစ်ဘေးရှောင်နေကြသော အသက်(၅၈)နှစ်အရွယ် ဦးထွန်းလှနှင့် အသက်(၃၀)နှစ်အရွယ် ကိုညီညီအောင်တို့အား ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် ဦးထွန်းလှအား မီးရှို့သတ်ဖြတ်၍ ကိုညီညီအောင်အား လက်ပြန်ကြိုးတုပ်ကာ သေနတ်နှင့် ဦးခေါင်းတခြမ်းပွင့်ထွက်သည်အထိ ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့က ပြောသည်။

ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ - ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့
ထန်းပင်ကုန်းရွာနှင့် ကြာတကန်ကျေးရွာတို့အား မီးရှို့ဖျ​က်ဆီးသတ်ဖြတ်သွားပြီးနောက် တွေ့ရစဥ်၊ ဓာတ်ပုံ – ကျွန်းလှ-ကန့်ဘလူ တက်ကြွလှုပ်ရှားသူများအဖွဲ့

ထို့နောက် စစ်ကောင်စီတပ်နှင့် ပျူများသည် ကြာတကန်ရွာက တန်ဖိုးကြီးပစ္စည်းများအား ရှာဖွေသိမ်းယူပြီး ဒေသခံများ၏ စပါးတင်း တစ်ထောင်ကျော်‌ကိုလည်း ကားများဖြင့် ရှစ်ခေါက်တိတိခိုးယူသယ်ဆောင်သွားကြောင်း အထက်ပါအဖွဲ့က ပြောသည်။

Public Service Announcement
Public Service Announcement

စစ်ကောင်စီတပ်၏ စစ်ကြောင်းထိုး ဖျက်ဆီးမှုများကြောင့် ဒေသခံပြည်သူ ၂,၅ဝဝ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံများက ​ပြောသည်။

အဆိုပါ စစ်ကြောင်းသည် ကြာတကန်နှင့် ထန်းပင်ကုန်းရွာတို့၌ သုံးညအိပ်စစ်ကြောင်းထိုးပြီး ဇန်နဝါရီ ၈ရက် နံနက်ပိုင်းတွင် ချပ်သင်းနယ်ဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။

You May Also Like

သတင်း

ဘီးလင်းမှ သထုံသို့ ထွက်ခွာလာသည့် စစ်ကောင်စီယာဉ် ၃စီးကို ဇန်နဝါရီ ၁၁ရက် နေ့လည်ပိုင်းတွင် KNLA ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ယနေ့ ဇန်နဝါရီလ(၁၁)ရက် နံနက်(၅)နာရီအချိန်ခန့်တွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးများမှ လောင်းလုံးမြို့နယ် ဟင်းချိုတောကျေးရွာသို့ ရောက်ရှိလာကာ နေအိမ်သုံးလုံး၊ ပရိဘောဂဆိုင်တစ်ဆိုင်နှင့် ဆိုင်ကယ်နှစ်စီးကို မီးရှို့ဖျက်ဆီးခဲ့သည်။

သတင်း

"(မနေ့)ညပိုင်း စစ်တောင်းတံတားမှာ တစ်ကောင်သေ၊ သုံးကောင်ဒဏ်ရာရသွားတယ်"ဟု PDF တပ်ရင်း(၃၇၀၂) မှ တော်လှန်ရေးရဲဘော်တစ်ဦးက ပြောသည်။

သတင်း

စစ်ကောင်စီက လေကြောင်းကတိုက်ခိုက်မည်ဟုယမန်နှစ်က သတင်းလွှင့်ပြီးနောက်ယနေ့ညနေပိုင်းတွင်လေကြောင်းကတိုက်ခိုက်နေခြင်းဖြစ်သည်။