Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

နွားထိုးကြီးတွင် မုန့်ပို့သူတစ်ဦးကို စစ်ကောင်စီတ​ပ် ဖမ်းဆီးပြီးနှစ်ပတ်ခန့်အကြာ အလောင်းလမ်းဘေးစွန့်ပစ်ထား

ယနေ့ (ဇန်နဝါရီ ၂၃ရက်) နံနက်ပိုင်းက နွားထိုးကြီးမြို့၏ အနောက်ဖက်ဂေါက်ကွင်းအနီးတွင်ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် လူငယ်အမျိုးသားတစ်ဦးအလောင်းတစ်လောင်းလာရောက်စွန့်ပစ်သွားခဲ့သည်။

(စွန့်ပစ်ခံထားရသော လူငယ်အမျိုးသားရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ)
(စွန့်ပစ်ခံထားရသော လူငယ်အမျိုးသားရုပ်အလောင်းအား တွေ့ရစဥ်၊ ဓာတ်ပုံ-လူထုလှုပ်ရှားမှုကော်မတီ-တောင်သာ)

မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်တွင် စစ်ကောင်စီတပ်က လူငယ်အမျိုးသားတစ်ဦးကို ဖမ်းဆီးသွားပြီးနောက် နှစ်ပတ်ခန့်အကြာတွင် နွားထိုး – မြင်းခြံလမ်းဘေးတစ်နေရာတွင် အလောင်းစွန့်ပစ်သွားကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာက သတင်းထုတ်ပြန်သည်။

ယနေ့ (ဇန်နဝါရီ ၂၃ရက်) နံနက်ပိုင်းက နွားထိုးကြီးမြို့၏ အနောက်ဖက်ဂေါက်ကွင်းအနီးတွင်ညှင်းပမ်းနှိပ်စက်ထားသည့် ဒဏ်ရာများဖြင့် လူငယ်အမျိုးသားတစ်ဦးအလောင်းတစ်လောင်းလာရောက်စွန့်ပစ်သွားခဲ့သည်။

အဆိုပါလူငယ်အမျိုးသားမှာ လွန်ခဲ့သည့် ၂ပတ်ခန့်က နွားထိုးကြီးမြို့နယ်၊ ထန်းခွမြောက်ရွာမှ စစ်​ကောင်စီတပ်က ဖမ်းဆီးခေါ်ဆောင်သွားသော အသက်(၃၇)နှစ်ရှိ ကိုအောင်ကျော်မြင့်ဆိုသူဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာက အသိပေးသည်။

သေဆုံးသူ လူငယ်သည် ဆိုင်ကယ်ဖြင့်မုန့်လည်ပို့၍ မိခင်ကို လုပ်ကျွေးနေသူဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ၎င်းအား တော်လှန်ရေးအဖွဲ့နှင့် အဆက်သွယ်ရှိသည်ဟုဆိုကာ စွပ်စွဲဖမ်းဆီးသွားခြင်းဖြစ်ပြီး အလောင်းအား လာရောက်စွန့်ပစ်သွားခြင်းဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဖြစ်စဥ်နှင့်ပတ်သက်၍ လူထုလှုပ်ရှားမှုကော်မတီ တောင်သာထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။

စစ်ကောင်စီတပ်သည် နွားထိုးကြီးမြို့နယ်၊ မင်းရွာတွင် ဒီဇင်ဘာလ ၆ ရက်ကလည်း ဒေသခံ ပြည်သူ ခြောက်ဦး၊ ဇန်နဝါရီ ၃ ရက်တွင် သုံးဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပန်းနှိပ်စက်သတ်ဖြတ်ကာ လမ်းဘေးတွင် စွန့်ပစ်သွားခဲ့သည်။

You May Also Like

သတင်း

အကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

သတင်း

ဇန်နဝါရီ ၁၇ ရက်နေ့တနေ့ကုန်နှင့်ဇန်နဝါရီ ၁၈ရက်နံနက်အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ ပြီး​နောက် ဇန်နဝါရီ ၁၈ရက်ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

ယနေ့ (ဇန်နဝါရီ ၂၃ ရက်)နံနက်ပိုင်းတွင် စစ်ကောင်စီတပ်သည် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ပေါက်မြို့နယ် တောင်ပိုင်းရှိ သီးခြောက်ကျေးရွာကို ထပ်မံမီးရှို့ဖျက်ဆီးနေကြောင်း ဒေသခံများက ပြောသည်။

သတင်း

မတူပီမြို့နယ် ငလိုင်ရွာအနီးရှိ မတူပီ ချင်းကာကွယ်ရေးတပ်(CDF) စခန်းကို စစ်ကောင်စီက ဝင်ရောက်စီးနင်းစဉ်အပြန်အလှန် ပစ်ခတ်မှုဖြစ်ခဲ့ပြီး နှစ်ဖက် ကျဆုံးထိခိုက်ရှိခဲ့သည်။