Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

ကသာ၊ တိုက်ကုန်းရွာအနီးတိုက်ပွဲ အရာရှိအပါအဝင်စစ်​ကောင်စီတပ် ၅၀ဦးထက်မနည်း​သေ

ဇန်နဝါရီ ၁၇ ရက်နေ့တနေ့ကုန်နှင့်ဇန်နဝါရီ ၁၈ရက်နံနက်အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ ပြီး​နောက် ဇန်နဝါရီ ၁၈ရက်ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)
(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)

ကသာမြို့နယ် တိုက်ကုန်းကျေးရွာအနီး ငါးရက်ကြာတိုက်ပွဲတွင် စစ်ကောင်စီဘက်က အရာရှိအချို့အပါအဝင် ၅၀ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ကသာမြို့နယ် ပြည်သူ့အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက People’s Springသို့ပြောကြားသည်။

“တိုက်ကုန်းရွာနားမှာ စစ်ကောင်စီစစ်ကြောင်းကိုပိတ်ဆို့ပြီး တိုက်ခဲ့ကြတာ။ စစ်တပ်ဘက်က ၅၀ဦးမကဘူး သေပါတယ်။ သူတို့ မြေပြင်မှာ အရမ်းကျပြီး နောက်ပိုင်း လေကြောင်းကနေ အပြင်းအထန် ပစ်နေလို့ ကျွန်တော်တို့ ဆုတ်ခဲ့ပါတယ်”ဟု ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှတပ်ဖွဲ့ဝင်တစ်ဦးက ဇန်နဝါရီ ၂၃ ရက်တွင်ပြောသည်။ ​​စစ်​ကောင်စီတပ်သေဆုံးသူများတွင် အရာရှိများလည်းပါဝင်​ကြောင်းသိရသည်။

ကသာမြို့နယ်၊ မိုးတားကျေးရွာအုပ်စု၊ တိုက်ကုန်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးမဟာမိတ်များနှင့်စစ်ကောင်စီတပ် ၏ ​ခြေလျှင်တပ်ရင်း(ခလရ) ၇၇ တပ်ရင်းတို့ သည် ဇန်နဝါရီ ၁၇ရက်မှစ၍ တိုက်ပွဲဖြစ်ခဲ့သည်။တပ်ရင်းမှူးစံ​ရွှေဦး​ဆောင်​သောခလရ (၇၇)ကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ် ၊ABSDF ၊ မြို့လှ K-PDF တို့ကတိုက်ခိုက်ခဲ့ခြင်းဖြစ်​ကြောင်း မြို့လှPDFကထုတ်ပြန်ထားသည်။

(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)
(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)

ဇန်နဝါရီ ၁၇ ရက်နေ့တနေ့ကုန်နှင့်ဇန်နဝါရီ ၁၈ရက်နံနက်အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ ပြီး​နောက် ဇန်နဝါရီ ၁၈ရက်ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

“၁၈ရက်နေ့က ဗုံးကြဲသွားတာက ပြည်သူတွေရှိတဲ့နေရာ။ အဲ့ဒီနေ့နောက်ပိုင်းလည်း နေ့တိုင်းဗုံးကြဲတယ်။ကျွန်တော်တို့ ၂၁ရက်ကစပြီး ဆုတ်ခွာပေးလိုက်ပြီ။မနေ့က(ဇန်နဝါရီ ၂၂)စပြီး တိုက်ကုန်းရွာကို စစ်ကောင်စီစစ်ကြောင်းဝင်ပြီး မီးရှို့နေတယ်”ဟု ကသာမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“တိုက်ပွဲရက်မှာအရပ်သားတွေကိုလူသားတံတိုင်းလိုလုပ်ဖမ်းထားတာ။ ပြန်ထွက်ပြေးလာနိူင်တဲ့အရပ်သားတွေကပြောတယ်။ စစ်ခွေးတပ်ဘက်မှာ သေတာအများကြီးပဲတဲ့။ အရာရှိတွေလည်းပါတယ်လို့ ကျွန်တော်တို့ အတိအကျသတင်းပြန်ရတယ်”ဟုကိုယ်တိုင်ပါဝင် တိုက်ခိုက်ခဲ့​သော ပြည်သူ့ကာကွယ်ရေးရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)
(စစ်​ကောင်စီတပ်ကို PDF များကတိုက်ခိုက်​နေစဥ်။ ဓါတ်ပုံ-KPDF)

တိုက်ပွဲဖြစ်ပွားခဲ့သော တိုက်ကုန်းကျေးရွာတွင် အိမ်ခြေ ၂၀၀ခန့်ရှိပြီး စစ်ကောင်စီတပ်ကယနေ့(ဇန်နဝါရီ ၂၃ရက်)နံနက်အထိ မီးရှို့နေဆဲဖြစ်သည်။

“ကျွန်တော်တို့ ရွာကနေ ထွက်ပြေးခဲ့ကြတယ်။တောထဲမှာ ဖြစ်သလိုနေနေကြတယ်။ အခက်အခဲတွေကတော့ အများကြီးရှိပါတယ်” ဟုတိုက်ကုန်းရွာမှပြည်သူတစ်ဦးကပြောသည်။

စစ်​ကောင်စီတပ်သည် ​​သေဆုံးထိခိုက်မှုများ​ပြီး​နောက်တိုက်ကုန်းရွာအနီးရှိ မိုးတားကျေးရွာကို ဇန်နဝါရီလ ၁၈ ရက်ညနေကတိုက်​လေးယာဥ်များဖြင့်ဗုံးကျဲသဖြင့် အလှူအတွက်ပြင်ဆင်​နေ​သော ရွာရှိ ပြည်သူ ၇ဦးသေဆုံးပြီး ၃၀ဦးထက်မနည်း ဒဏ်ရာရခဲ့သည်။

You May Also Like

သတင်း

စစ်ဆင်ရေးဆောင်ရွက်ခဲ့သည့် ရဲဘော်များ ထိခိုက်မှုမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောသည်။

သတင်း

သတင်းရသဖြင့် တော်လှန်ရေး ရဲဘော်များက သုံးလုံးတွဲ ပဒေသာမိုင်းဖြင့် စောင့်ဆိုင်းဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ရှေ့ပြေး ငါးဦးနေရာတင် ပွဲချင်းပြီးသေဆုံး၍ သုံးဦးခန့် ထိခိုက်ဒဏ်ရာရရှိသွားကြောင်း KSOအဖွဲ့ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

သတင်း

ရဲဘော် မားရီယိုသည် လူမဆန်သော အကြမ်းဖက် စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲဝင်ရာတွင် မလျော့သော သတ္တိမဆုတ်မနှစ် စိတ်ဓာတ်ဖြင့် ရှေ့ဆုံးမှ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင် တော်လှန်ခဲ့ကြောင်းလည်း လွိုင်ကော် PDFက ပြောသည်။

သတင်း

အကြမ်းဖက်စစ်ကောင်စီမှ အပစ်မဲ့ပြည်သူများ၊ စစ်ဘေးရှောင်ပြည်သူများနှင့် CDF-Mindat ၏ တပ်စခန်းများကိုဦးတည်ကာ တိုက်လေယာဉ်များဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။