Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

လွိုင်ကော်တိုက်ပွဲတွင် ကျဆုံးသွားခဲ့သော ရဲဘော် မားရီယို ဈာပနအခမ်းအနား ယနေ့ပြုလုပ်

ရဲဘော် မားရီယိုသည် လူမဆန်သော အကြမ်းဖက် စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲဝင်ရာတွင် မလျော့သော သတ္တိမဆုတ်မနှစ် စိတ်ဓာတ်ဖြင့် ရှေ့ဆုံးမှ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင် တော်လှန်ခဲ့ကြောင်းလည်း လွိုင်ကော် PDFက ပြောသည်။

ဓာတ်ပုံ - PDF Loikaw
ဓာတ်ပုံ - PDF Loikaw

ကရင်နီပြည်နယ် လွိုင်ကော်မြို့အနီးတိုက်ပွဲတွင် ကျဆုံးသွားခဲ့ရသော ရဲဘော် မားရီယို၏ ဈာပနအခမ်းအနား ယနေ့ ပြုလုပ်ခဲ့ကြောင်း လွိုင်ကော် PDFက အသိပေး ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၀ရက်က ဖားမောကျေးရွာတိုက်ပွဲတွင် ကျဆုံးခဲ့သောရဲဘော် မားရီယိုသည် လွိုင်ကော် PDFမှ သူရဲကောင်းရဲဘော်တစ်ဦးဖြစ်ပြီး တိုင်းပြည်အတွက် အသက်ပေးလှူ ကျဆုံးချိန်တွင် အသက်(၄၄)နှစ်ရှိပြီဟု ဆိုသည်။

ရဲဘော် မားရီယိုသည် လူမဆန်သော အကြမ်းဖက် စစ်ကောင်စီနှင့် ရင်ဆိုင်တိုက်ပွဲဝင်ရာတွင် မလျော့သော သတ္တိမဆုတ်မနှစ် စိတ်ဓာတ်ဖြင့် ရှေ့ဆုံးမှ ရွတ်ရွတ်ချွံချွံတိုက်ပွဲဝင် တော်လှန်ခဲ့ကြောင်းလည်း လွိုင်ကော် PDFက ပြောသည်။

ဓာတ်ပုံ - PDF Loikaw
ဓာတ်ပုံ – PDF Loikaw

တိုက်ပွဲများစွာတွင် ပါဝင်ခဲ့ပြီး မိမိကျေးရွာ၊ဒေသ၊ပြည်နယ် ၊တိုင်းပြည်အတွက် ဂုဏ်ရောင် ထွန်းပြောင်စေခဲ့သူဟု ဖော်ပြသည်။

ရဲဘော်၏ ပေးဆပ်မှုအား နမျှောတသဝမ်းနည်းရ​ပြီး လေးစားဦးညွှတ်ကာ မပြီးပြတ်သေးသော တော် လှန်ရေးလုပ်ငန်းကို ဆက်လက်တာဝန်ထမ်းဆောင်မည်ဖြစ်ကြောင်း လွိုင်ကော် PDF က ကျဆုံးရဲဘော်အား ကတိပြုသည်။

ဓာတ်ပုံ - PDF Loikaw
ဓာတ်ပုံ – PDF Loikaw

“ဒီနေ့လည်း ဒီးမော့ဆို (၆)မိုင်စံပြဘက်မှာ တိုက်ပွဲ ပြင်းထန်တယ်။နှစ်ဖက်အကျအဆုံးရှိတယ်။ကာကွယ်ရေး တပ်ဘက်ကတော့ တစ်ဦးကျဆုံးသွားရတယ်”ဟု ဒေသခံသတင်းရင်းမြစ်က ပြောသည်။

ယခုလ ၂၀ရက်က ကရင်နီ(ကယား)ပြည်နယ်၊ဘောလခဲမြို့နယ်ရှိ စစ်ကောင်စီ၏ မယ်စလောင်းတောင်ကုန်းစခန်းသိမ်းတိုက်ပွဲတွင် လွိုင်ကော် PDF မှာ ကရင်နီတပ်ပေါင်းစုနှင့်အတူ ပူးပေါင်းတိုက်ခိုက်ထားသည်။

ဓာတ်ပုံ - PDF Loikaw
ဓာတ်ပုံ – PDF Loikaw

အဆိုပါတိုက်ပွဲတွင် စစ်ကောင်စီတပ်သားငါးဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းများစွာရရှိပြီး ကရင်နီတပ်မတော်(KA)မှ ရဲဘော်တစ်ဦးလည်း ကျဆုံးခဲ့သည်။

You May Also Like

သတင်း

ဇန်နဝါရီ ၁၇ ရက်နေ့တနေ့ကုန်နှင့်ဇန်နဝါရီ ၁၈ရက်နံနက်အထိ တိုက်ပွဲတွင် စစ်ကောင်စီဘက်က သေဆုံးသူများပြားခဲ့ ပြီး​နောက် ဇန်နဝါရီ ၁၈ရက်ညနေတွင် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

သတင်း

စစ်ကောင်စီတပ်မှာ အင်အား ၁၀၀ကျော်ဖြင့် စစ်ကြောင်းသုံးခုခွဲ၍ ထိုးစစ်ဆင်နေခြင်းကြောင့် KNDF မှ ခုခံစစ်ဆင်နွှဲနေခြင်းဖြစ်သည်။

သတင်း

ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် မတူပီ - မင်းတပ် လမ်းရှိ စစ်ကောင်စီ၏ ရှေ့တန်းကာကင်းစခန်းအား ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကူလာသည့် စစ်ကြောင်းကိုလည်း ကြားဖြတ်တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

သတင်း

အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှ အနည်းဆုံးတစ်ဦးသေဆုံးပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။ ပူးပေါင်းတပ်ဖွဲ့ဘက်ကလည်း ပကဖရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း အင်းတော် PDFက ပြောသည်။